Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

Money Gram နှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်တော့မည့် ပြည်တွင်းရှိဘဏ်တစ်ခု

AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ အမေရိကန်အခြေစိုက် Money Gram နဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
AGD ဘဏ်အနေနဲ့  Money Gram နဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့သြဂုတ်လ ၂၇ ရက်နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။  Money Gram ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့မှာ ငွေတောင်းခံလွှာပေးချေမှုနဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို နိုင်ငံပေါင်း ၂၀၀ မှာရှိတဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအလိုက် လုပ်ငန်းများ၊ အသေးစားငွေကြေးလုပ်ငန်းများအပါအ၀င် ကိုယ်စားလှယ်လုပ်ငန်း ပေါင်း သုံးသိန်း ရှိတဲ့ နိုင်ငံတကာကွန်ယက်မှတစ်ဆင့် ဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ် ပါတယ်။ AGD ဘဏ်အနေနဲ့ Money Gram ရဲ့ နိုင်ငံတကာကွန်ယက်ကို အသုံးပြုပြီး နိုင်ငံပေါင်း ၇၉ နိုင်ငံမှ မြန်မာနိုင်ငံကို ငွေလွှဲပေးပို့နိုင်မှာဖြစ်ပါတယ်။ အခုလို ငွေလွှဲပေးပို့နိုင်ဖို့အတွက် ယခုလက်ရှိမှာတော့ Money Gram ဘက်မှ နည်းပညာပိုင်းများ ဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အခုလို ငွေလွှဲမှုများအတွက် ငွေလွှဲသူဘက်မှသာ ၀န်ဆောင်ခပေးရပြီး ငွေလက်ခံရရှိသူဘက်မှ ၀န်ဆောင်ခပေးစရာမလိုဘူးလို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့