Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

ကောင်လေးနဲ့ ကောင်မလေး … ပန်းခြံမှာ ချိန်းတွေ့ကြပါတယ်

အဟမ်း … 
ကောင်လေးနဲ့ ကောင်မလေး … 
ပန်းခြံမှာ … ချိန်းတွေ့ကြပါတယ် ...
ကောင်လေးဟာ … ကောင်မလေးရဲ့ … 
အိစက်ညက်ညောတဲ့ လက်ကလေးကို … 
ဖွဖွလေး နမ်းလိုက်ပါတယ် …
ကောင်မလေးက ရှက်သွေးဖြာတဲ့ အပြုံးလေးနဲ့ … 
ကောင်လေးကို ကြည့်လိုက်ပါတယ် …
ထိုနောက် … နာရီပေါင်းများစွာ … 
ကောင်လေးရဲ့ ပခုံးပေါ်မှာ … မှေးစက်နေလျှက်ရှိပါသကွယ် …
ဒီလိုနဲ့ … အိမ်ပြန်ချိန်လဲ ရောက်ကော … 
ကောင်မလေးက နာရီကလေးကို ကြည့်ပြီး … 
ဒီလိုလေး ပြောလိုက်ပါသကွဲ့ …
That was funny ! Let’s go home , babe …
အယ် … ??? 
ကောင်လေးခမျာ အံသြသွားတဲ့ အကြည့်နဲ့ … 
ကောင်မလေးကို ပြူးကြည့်မိသပေါ့ကွယ် …
ကိုယ်က ဘာလို့ ရယ်စရာကောင်းရတာလဲ အချစ်ရယ် … 
ကိုယ်က ဘာလို့ … ငပေါကြီး ဖြစ်ရတာလဲကွယ် … ဆိုပြီး … 
ချစ်သူကောင်မလေးကို ဖြေရှင်းချက် တောင်းရပါတော့တယ် …
ကောင်မလေးလဲ … ဖြေရှင်းရပါတော့တယ် … 
တကယ်တော့ … သူက Keen လို ဘိုရူးလေ … ဟိ … 
ဘိုလို မှုတ်ချင်နေတာ မှုတ်လိုက်တာ … 
မှားမှုတ်မိတွားရယ် …
သူပြောချင်တဲ့ အဓိပ္ပာယ်ကတော့ … 
မောင်ရယ် … မောင်နဲ့ အတူရှိတဲ့ အချိန်လေး တော်တော်ပျော်ဖို့ကောင်းပါတယ် လို့ ပြောချင်ရှာတာ …
ပြောလိုက်တာ … That was funny တဲ့ … ဟိဟိ …
ဒီတော့ … ကောင်လေးလဲ ငပေါကြီး ဖြစ်သွားရော … ဟေ့ဟေ …
That’s was fun လို့ ပြောမှ … ကောင်မလေးပြောချင်တဲ့ အဓိပ္ပာယ်ရောက်မှာပေါ့နော် …
ဒီတော့ သယ်ရင်းတို့ရေ … fun နဲ့ funny နဲ့ ဘာကွာလဲ တိရား …
Funny ဖြစ်ဖို့က … you need to be ha ha ha ha ha ha ha ha … တဲ့ … 
Fun ဆိုတာကတော့ … ပျော်ပါတယ် တဲ့ …
ဟုတ်ပါပြီနော် … ပျော်ရဲ့လား … ပျော်ရင် နောက်တပုဒ်လောက် ဆက်ရေးကြမယ်လေ … ဟိဟိ …
That was fun !!!!!!! Let’s do it again !!!!
Created by - Keen

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့