Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 21 July 2012

တန်ဖိုးရှိခြင်း နှင့် တန်ဖိုးသိခြင်း

သမီးအတွက် ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု စာစုလေးဖတ်မိလို့ ပေါ်လာတဲ့ အတွေးအမြင်လေးပါ.
တန်ဖိုး ဆိုတာဘာလဲ လို့ တွေးမိရာက ငွေကြေးနဲ့ သတ်မှတ်ထားတဲ့ ပစ္စည်းတစ်ခုရဲ့ တန်ဖိုး... အရည်အချင်းတွေ ကိုယ်ကျင့်တရားတွေ ရာထူးဂုဏ်တွေ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေနဲ့ သတ်မှတ်ခြင်းခံနေရတဲ့ လူတစ်ဦါး်ရဲ့ တန်ဖိုး...စိန် ၏တန်ဖိုး ရွှေ ၏တန်ဖိုး
လေ ၏တန်ဖိုး.. မိန်းခလေးတစ်ယောက်ရဲ့တန်ဖိုး ...လေ ကိုငွေနဲ့ ၀ယ်စရာ မလိုတဲ့အတွက် တန်ဖိုးမဲ့တယ်လို့ ဆိုနိုင်မလား... လေ ရဲ့တန်ဖိုးကို တန်ဖိုးသိသူများအတော့ တန်ဖိုး မဖြတ်ရဲကြ မသတ်မှတ်ရဲကြပါဘူး တန်ဖိုးမသိသူများကသာ ငွေ နဲ့ တွက်ပြီး ဘာမှ တန်ဖိုးမရှိပါဘူးကွာ လို့ အလွယ်တကူ ဆိုကြမှာလေ..မိန်းခလေး တစ်ဦးရဲ့ တန်ဖိုးဆိုတာလည်း အဲဒီမိန်းခလေးရဲ့ မူလတန်ဖိုး နဲ့ သူ့ရဲ့ တန်ဖိုးကိုသိတဲ့ တန်ဖိုးသိသူရဲ့ တန်ဖိုးထားတတ်မှု အပေါ်မှာ တည်ပါတယ်လို့ ဆိုရင်မှားမယ်မထင်ပါဘူး
ပေးထားတဲ့ ဥပမာကို အပြစ်မဆိုချင်ပါ...သမီးရဲ့တန်ဖိုးကို မတ်စေ့နဲ့ နှိင်းထားခြင်းက နည်းနည်းများ ကွာခြားလွန်းနေသလားလို့..ဖခင်လက်ထဲက ဖွက်ထားတဲ့ အရာဟာ နဂို ကတည်းကမှ တန်ဖိုးမရှိတာမလို့ သမီးစိတ်ထဲ ဘာမှ မဟုတ်ပဲ နဲ့ အပင်ပန်း ခံလိုက်ရတာ လို့ ခံစားသွားရလို့ နေမှာပါ....တစ်ကယ်သာ ဖခင်ရဲ့လက်ထဲက ဖွက်ထားတဲ့ အရာဟာ စိန် စီထားတဲ့ ရွှေလက်စွက် ကလေး တစ်ကွင်းဖြစ်နေခဲ့မယ်ဆိုရင်ကော....တကယ်တော့ နဂို မူလ ကတည်းက တန်ဖိုးရှိနေရင် တစ်ခါမပြောနဲ့ အခါခါ မြင်တွေ့နေရလို့လည်း တန်ဖိုးကျသွားမှာမဟုတ်ပါဘူး...၊၊
အမှန်တန်ဖိုး ရှိနေဘို့ နဲ့ အဲဒီ တန်ဖိုးကို သိသူဖြစ်ဘို့ က အဓိကလို့ ဆိုလိုချင်တာပါ...
အမှန်တန်ဖိုးရှိနေပေမဲ့ တန်ဖိုးမသိတဲ့ တန်ဖိုးမရှိသူ လက်ထဲ ရောက်သွားမယ်ဆိုရင်သာ....
အမှန်တန်ဖိုးကို ထိုက်တန်စွာ ထိန်းသိမ်းနိုင်စွမ်း သူတွေဖြစ်ကြပါစေ...
တန်ဖိုးရှိလို့ တန်ဖိုးသိသူများဖြစ်ကြပါစေ...
တန်ဖိုးသိလို့ တန်ဖိုးရှိသူများဖြစ်ကြပါစေ...ဟု ဆန္ဒပြုလျှက်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့