Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 July 2012

ယောကျာ်းကောင်းတစ်ယောက်၏ အင်္ဂါရပ်များ

အမျိုးသမီးများ နှစ်ခြိုက် သဘောကျလေ့ရှိသည့် ယောကျာ်းကောင်း တစ်ယောက်တွင် ရှိသင့် ရှိထိုက်သည့် အင်္ဂါရပ်များကို စာအုပ်တစ်အုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ထား ပါသည်။
(၁)ခေါင်းဆောင်မှုကို ပြသပါ
ဖြေရှင်းစရာ အခြေအနေတစ်ခု ကြုံတွေ့ ရပြီဆိုလျှင် ရဲရဲဝင့်ဝင့် ရင်ဆိုင်လိုက်ပါ။ အခြား သူများ လာရောက် ဖြေရှင်းသည်အထိ စောင့်ဆိုင်းနေလေ့ ရှိသော ယောကျာ်းများကို အမျိုးသမီးများက မနှစ်သက်ပါ။
(၂) ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချပါ
ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရဲပဲ တွန့် ဆုတ်နေခြင်း တာဝန်မယူပဲ နေခြင်းမျိုး မပြု လုပ်ပါနှင့်။ ထို့ အပြင် “ခင်ဗျားသဘော အတိုင်းပဲ လုပ်ချင်လုပ် မလုပ်ချင်နေ” ဟူသော စကားမျိုး မပြောသင့်ပါ။ သင့်စိတ်ထဲက ကောင်းမယ်ထင်လျှင် ဆုံးဖြတ်ရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် သင်၏ မိတ်ဆွေအား ထိခိုက်ကောင်း ထိခိုက်နိုင်သော်လည်း မတတ်နိုင်ပါ။
(၃) တာဝန်ယူပါ
သင်၏ ဆောင်ရွက်မှု မှားယွင်းသွားခဲ့လျှင် မှားကြောင်း ၀န်ခံ၍ တာဝန်ယူပါ။အခြေအနေ ကောင်းအောင် ပိုပြီး ကြိုးစားပါ။ အခြားသူအား အပြစ်မတင်ပါနှင့်။ စိတ်ဓာတ် ခွန်အား မွေး ပါ။ ခံစားချက်ကို ထိန်းချုပ်ပါ။ အလောတကြီး တုံ့ ပြန်လျှင် သင်ကိုယ်တိုင်ရော သင်၏ မိတ်ဆွေများပါ ထိခိုက်စေနိုင်ပါတယ်။
Health Digest Journal
Tags: လမ်းညွှန်များ
Posted in Uncategorized | Edit | 1 Comment »
သင် မအောင်မြင်ရခြင်း အကြောင်းရင်း (၆)ချက်
Saturday, October 31st, 2009
ဘ၀ဆိုတာ ရှာဖွေခြင်းပါပဲ။ ဘာကိုရှာဖွေတာလဲလို့  မေးရင် ကိုယ် လိုချင်တာကို ရှာဖွေ ခြင်းပါပဲ။ လူတိုင်း မိမိ စိတ်အားထက် သန်ရာ စိတ်ဆန္ဒရှိရာ အလိုဆန္ဒတွေနောက် တ ကောက်ကောက်ပါအောင် လိုက်လံ ရှာဖွေရင်း ဘ၀ကို ဖြတ်သန်းနေကြပါ တယ်။ ဒီအထဲ က အောင်မြင်မှုဆိုတာ သင်ရှာဖွေနေတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ဘယ်ပုံ ရှာဖွေသင့် တယ်ဆိုတာ နည်းလမ်းကောင်းလေး ပေးချင်ပါတယ်။
အောင်မြင်မှု လမ်းကြောင်းနောက် ရှာဖွေနေတဲ့သူဟာ သီအိုရီအရ ပြောမယ်ဆိုရင် မ အောင်မြင်သေးတဲ့သူလို့  ပြောရပါမယ်။ ဘာကိုဆိုလိုတာဆိုတော့ မအောင်မြင်တဲ့ အကျင့် စရိုက်တွေနဲ့  အတူနေထိုင်ပြီး အောင်မြင်မှုကို ရှာဖွေနေလို့  အောင်မြင်မှုဟာ နီးရက်နဲ့ ဝေး နေတာပါ။ ဒါကြောင့်ကိုယ့်မှာ အရင်ဆုံး အောင်မြင်မှုနဲ့  အလှမ်းဝေးစေနိုင်တဲ့ အကျင့် စရိုက် တွေ ရှိမရှိ အရင် သုံးသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။
ဘယ်အချက်တွေက သင့်ကို အောင်မြင်မှုနဲ့  ဝေးကွာစေသလဲဆိုရင်
(၁) အရှုံးသမားများနှင့်ပေါင်းဖော်ခြင်း
မြန်မာ စကားပုံ ရှိပါတယ်။ “မုဆိုးနားနီး မုဆိုး၊ သူကောင်းနားနီး သူကောင်း” ဆိုတဲ့စကား။ အဲဒီစကားအတိုင်းပဲ လောကမှာ ကိုယ်ပေါင်းတဲ့လူရဲ့ အကျင့်စရိုက်၊ အမူအကျင့်တို့ ဟာ ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ ဘ၀မှာ အောင်မြင်ချင်တဲ့သူဟာ ကိုယ့်ထက် တော်တဲ့ သာတဲ့သူနဲ့  ပေါင်းမှ ကိုယ်ပါတော်လာမှာ ဖြစ်ပါတယ်။ ကိုယ်က အောင်မြင်ချင်တယ် ပြောပြီး ကိုယ် ပေါင်းတဲ့သူက ကိုယ့်လောက်မှ မတော်ရင် ဘယ်နှယ့်လုပ် အောင်မြင် နိုင်ပါ့မလဲ။ ဒါကြောင့် အပေါင်းအဖော်ဟာ သင် အောင် မြင်ဖို့ အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ မမေ့ပါနဲ့ ။ အရှုံးသမားနဲ့  ပေါင်းဖော်ခြင်းဟာ သင့်အတွက် ဘာ ကောင်းကျိုးမှ မရရှိစေတဲ့အပြင် သူတို့ ဆီက မကောင်းတဲ့ အကျင့်စရိုက်တွေ၊ မကောင်းတဲ့ အကြံဥာဏ်တွေ ရရှိလာစေပါတယ်။
(၂) ဘာလိုချင်မှန်း သေချာမသိခြင်း
လောကမှာ ကိုယ်ဘာလိုချင်လဲဆိုတာ သေချာမသိပဲ အသက်ရှင်နေတဲ့သူတွေ အများကြီး ပါ။ များသောအားဖြင့် လူငယ်တွေ ပြောလေ့ရှိတာက ချမ်းသာချင်တယ်။ သူဌေး ဖြစ်ချင် တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဘယ်လောက် ချမ်းသာချင်တာလဲ။ ဘယ်လိုလုပ် ပြီး ချမ်းသာ ချင်တာလဲ။ နောက်ရှိသေးတယ်။ ချမ်းသာချင်တယ် ပြောပြီး အိမ်မက်အဆင့် စိတ်ကူး အဆင့်ကနေ မတက်တော့ တဲ့သူတွေ အများကြီးပါပဲ။ ဒီတော့ ကိုယ်လိုချင်တာကို အရင် ဆုံး သေချာသိအောင်လုပ် စိတ်ထဲက လိုအင်ဆန္ဒ ပြတ်သားမှ Action က ပြတ်ပြတ်သား သား လုပ်ဆောင်နိုင်မှာပါ။
(၃) ရှိသမျှ အကုန်လိုချင်ခြင်း
လောကမှာ အကုန်လိုချင်လို့  မရပါဘူး။ အကုန်ဖြစ်ချင်လို့ လည်း မရပါဘူး။ ဟိုဟာလည်း ဖြစ်ချင်တယ်။ ဒီဟာလည်း ဖြစ်ချင် တယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ မျောက် သစ်ကိုင်းလွတ်သလို အကုန်လွတ်ကုန်ပါလိမ့်မယ်။ ဖြစ်ချင်တာ များတဲ့ သူဟာ ဘာမှ ပေါက်ပေါက်ရောက်ရောက် ဖြစ်မလာတာများပါတယ်။ ဒီတော့ ကိုယ်ဟာ ဖြစ်ချင်တာတွေ များတဲ့သူလား။ ဖြစ် ချင်တာတွေ များနေရင် အရင်ဆုံး ဘယ်ဟာကို အဖြစ်ချင်ဆုံးလည်း ဆိုတာ စစ်တမ်းကောက်ကြည့်ပြီးမှ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုထဲနောက် တစိုက်မတ်မတ် လိုက်တာဟာ အောင်မြင်မှုနဲ့  နီးစပ်ပါတယ်။
(၄)ဥုံဖွ နည်းလမ်းလိုက်ခြင်း
အောင်မြင်မှုကို ရှာဖွေတဲ့ နေရာမှာ ဥုံဖွ ဆိုပြီး ရုတ်ချည်း အောင်မြင်တဲ့ နည်းလမ်းရယ်လို့  မရှိပါဘူး။ ကိုယ်က ခု ရေတွင်းတူး၊ ခု ရေကြည်သောက်ချင်လို့ မဖြစ်ပါဘူး။ လောကမှာ ကြီးမြတ်တဲ့ အရာမှန်သမျှ ကြီးမြတ်တဲ့ ပေးဆပ်မှု မရှိပဲ အလကား မရဘူးဆိုတာ နားလည် ထားရပါမယ်။ လောကမှာ သူ့ ဈေးနှုန်းနဲ့  သူက ရှိပြီးသားပါ။ တစ်ကျပ်ဖိုး အောင်မြင်ချင် ရင် တစ်ကျပ် ဖိုး ကိုယ်က ပေးဆပ်ရပါမယ်။ တစ်ထောင်ဖိုး အောင်မြင်ချင်ရင် တစ်ထောင် ဖိုး ပေးဆပ်ရမှာပါ။ လောကမှာ အလကား ဘယ် ဟာမှ မမျှော်လင့်ပါနဲ့ ။ အလကားလည်း မလိုချင်ပါနဲ့ ။
(၅) မိမိကိုယ်ကို အထင်ကြီးခြင်း
ဘယ်ပညာရှင်ကမှ မိမိကိုယ်ကို ငါတော်လှပြီ၊ တတ်လှပြီလို့  မကြွေးကြော်တတ်ပါဘူး။ အဆံ မရှိတဲ့သူတွေသာ အာချောင် တတ်ကြတာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် တော်လှပြီ တတ်လှပြီလို့  ဆိုပြီး ပြိုင်ဘက်မရှိတဲ့သူလို့  မထင်လိုက်ပါနဲ့ ။ သင်ယူ စရာတွေ မရှိတော့ ဘူး လို့ လည်း မထင်လိုက်ပါနဲ့ ။ သင်ယူမှုတွေ ရပ်တန့် လိုက်တဲ့နေ့ ဟာ သင်ကျဆုံးတဲ့နေ့ ပါပဲ။ နေ့ တိုင်း ကို သင်ယူမှု အသစ်တွေနဲ့  အစပျိုးသင့်ပါတယ်။ အောင်မြင်နေတဲ့သူတိုင်း ဟာ အဆက်မပြတ် သင်ယူနေကြသလို အောင်မြင် ချင်တဲ့သူတိုင်းဟာလည်း မိမိကိုယ်ကို ကိုယ် သင်ယူမှု ပြီးဆုံးပြီလို့  မသတ်မှတ်ပဲ အဆက်မပြတ် လေ့လာ ဆည်းပူးနေသင့်ပါ တယ်။ မိမိကိုယ်ကိုကိုယ် အထင်ကြီးတာဟာ ကျဆုံးခြင်းပါပဲလို့  ပညာရှိများက ဆိုကြ ပါတယ်။ ဘယ်ပညာရှိကမှ မိမိကိုယ်ကို အထင်မကြီးဘူး။ မိမိကိုယ်ကို ယုံကြည်မှု ရှိတာနဲ့  ကိုယ့်ကိုကိုယ် အထင်ကြီးဖို့  မကြိုးစားပါနဲ့ ။ ယုံကြည်မှု ရှိအောင်ပဲ ကြိုးစား သင်ယူမှုကို ဘယ်သောအခါမှ အဆုံးမသတ်လိုက်ပါနဲ့ ။
(၆) ရေတိုပဲကြည့်ခြင်း
အောင်မြင်ဖို့ ရေတိုပဲ ကြည့်တတ်တယ်ဆိုရင်တော့ ရေရှည် အောင်မြင်ဖို့  မဖြစ်နိုင်ပါဘူး။ တချို့ လူတွေ ရှိတယ်။ ဒီနေ့  ချမ်းသာပြီး နောက်နေ့  ကုန်းကောက်စရာမရှိအောင် ဆင်းရဲ သွားတာလေ။ ဒီဥပမာက လောကမှာ ရေတိုကြည့်တဲ့သူနဲ့  ရေရှည်ကြည့်တဲ့သူ ဘာကွာ ခြားသွားသလဲဆိုတော့ ရေရှည်မှာ ရေရှည်ကြည့်တဲ့သူက ရေရှည် အောင်မြင်သွားပြီး ရေတို ကြည့်တဲ့သူက ရေတိုပဲ အဆင်ပြေသွားကြပါတယ်။ စီးပွားရေးလုပ်ငန်းတိုင်းမှာ ရေရှည် ရည်မှန်းချက်၊ ရေရှည် စီမံကိန်းဆိုတာ ရှိစမြဲပါပဲ။ ဒါကြောင့် သင့်မျက်စိကို မျက်စိတဆုံး ကြည့်တတ်ဖို့ လိုလိမ့်မယ်။
ဒါတွေဟာ အောင်မြင်မှုကို ရှာဖွေတဲ့သူတွေအနေနဲ့  ဖြစ်လေ့ဖြစ်ထ ရှိတဲ့ပုံစံပါ။ အောင်မြင် မှုကို ခါးကြားထိုးပြီး ရှာနေတာ မဖြစ်ရအောင် အရင်ဆုံး မိမိ ဘာကြောင့် မအောင်မြင်သေး လဲဆိုတာ ဆန်းစစ်ကြည့်ပါ။ အောင်မြင်ချင်တယ်ဆိုရင် အောင်မြင် ခြင်းကို မရမက အရ ယူနိုင်ဖို့  နည်းလမ်းကောင်းလေးတွေ ဝေမျှရင်း မိမိစိတ် ပြင်းပြရာ အောင်မြင်မှုကို လက်ဝယ် ပွေ့ ပိုက်နိုင် ကြပါစေ။.........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့