အရှက်မဲ့တဲ့ ကျွန်းမျောကြီး
ငါတို့တွေ .....
"မသိမှု့" နယ်ပယ်ကနေ "သိမှု့" နယ်ပယ်ကို
သက်ဆင်းလာတဲ့ "ကျောက်ခေတ်"ကစလို့
ငါတို့ တတွေရဲ့ အသိမှာ.......
"အသိညဏ်"......"အတွေးအခေါ်"....."လောဘ၊ဒေါသ၊မောဟ"......
"ကိုယ်ကျင့်တရား"......"သတ်မှတ်လူ့ အဆင့်အတန်"း.....
"တဏှာ"နဲ့ ရောပြွန်ပြီး ပါလာတဲ့ "ကိလေသာ"နဲ့
""အစရှိသဖြင့်"".........တွေနဲ့ အတူ
ငါတို့ ယခုလူဖြစ်လာကြတယ်လေ....
အဲ့ဒီတော့ ဒွန်တွဲပြီး အတူကပြနေတဲ့
ငါတို့ ""ဇတ်ခုံ""ပေါ်မှာ ငါတို့တွေ အချင်းချင်း......
ငိုသံတွေလဲ "ဆုံ "ဘူးတယ်.....
ရီသံတွေလဲ "ကြုံ "ဘူးတယ်....
ရင်တစ်ခုလုံး"တုန် "ဖူးတယ်.....
မလိုတာတွေလဲ "ကုန် "ဘူးတယ်....
ယုံကြည်ရာတွေလဲ" ပျက်"ဘူးတယ်....
တစ်ခါတစ်ခါတော့လဲ အရှုံးတွေနဲ့ ပြုံး
နှစ်သိမ့်မှု့တွေနဲ့လည်း ချောင်ထဲမှာ ပုန်းခဲ့ ဖူးတယ်လေ....
အလိုမပြည့် နိုင်တော့တဲ့""ရမ္မက်""တွေကို လမ်းမှာမြင်တိုင်း
ကျောမှာ အခါခါ ထုပ်ပိုးလို့
ညွှတ်နေတဲ့ ခါးတွေကို
""ဘ၀ဝေဖန်ရေး"" ဆရာတွေရှေ့မှာ ချပြခဲ့ ဖူးကြတာဘဲ...
မကြာမကြာ ""ဘုရား"" ကိုတောင်ပြသာနာ ရှာခဲ့ကြသေးတယ် မဟုတ်လား.....
ဒီလိုပါဘဲ...
ဒီလိုနဲ့ဘဲ...
မထူးဆန်းတဲ့ ""သတ္တလောက""... မှာ
"မဆီမဆိုင် " ဖြေရှင်းမှု့တွေ.... ရူးသွပ်မှု့တွေနဲ့....
ကိုယ်ပိုင်သလို မပိုင်တဲ့
မူပိုင်ဘ၀တွေက စက္ကန့်သံတွေကို
ဖြစ်ချင်ရာဖြစ်ပြီး ပျက်ချင်ရင် ပျက်တဲ့ "ကျွန်းမျောကြီး"ထဲ
"စိတ္တဇ" ဆန်တဲ့ စိတ်ဓါတ်တွေနဲ့ အတူ
""မြေဆွေး"" အဖြစ် ထည့်ကြတာပါဘဲ.....
""""""အဘယ့်ကြောင့်ဆိုသော်လို့"""""""""....
မခိုင်မာတဲ့ အကြောင်းပြချက်တွေကို အတည် ပြုပြု
ငါတို့ "မှန်" ရှေ့ ကိုမရည်ရွယ်ဘဲ
မျက်နှာသွားပြမိတဲ့ အချိန်မှာ....
ငါတို့ """လိမ်လည်မှု့"""တွေဟာ
ဖုံးမရ ဖိမရနဲ့""" ပြူတစ်ပြူတစ်""" လုပ်လွန်းလို့
ငါတို့ ကိုယ်တိုင်ဘဲ "ဆွဲချက်"......တွေတင်
ငါတို့ ကိုယ်တိုင်ဘဲ """အရှက်မဲ့တဲ့ """"မျက်နှာမိတ္တူပွား"""တွေနဲ့
ငါတို့ ကိုယ်တိုင်ဘဲ """"မညှာမတာ ရှုတ်ချကြ"""တာဘဲ.....မှတ်လား.....
အဲတော့ .... သိပ်ပြီးလဲ """ဖြေရှင်းချက်တွေ""" မပေးကြပါနဲ့တော့...
ပြီးတာတွေ ပြီးပါစေ........။ ။
ဟုတ်ကဲ့
အရှုပ်တွေကို ရှင်းအောင်လုပ်
ပြီးမှ
အရှင်းတွေကို ရှုပ်အောင်လာမလုပ်နဲ့
ငါတို့ရဲ့ ရင်ဘတ်တွေဟာ အကြမ်းခံရေစိမ်ခံတဲ့ ဆွ(စ်)လက်ပတ်နာရီမဟုတ်ဘူး
ဓားတစ်ချောင်းဟာ သွေးတိုင်းမထက်ဘူး
အချိန်ကုန်ကျောက်ပါးပြီး လက်မှာရေ၀ဲစားတာပဲ အဖတ်တင်လာလိမ့်မယ်
ဒါကြောင့် ဓားသွေးခြင်းအလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုမဲ့အစား
မိဘကိုဆိုက်က္ကားနင်းပြီး ရှာကျွေးလိုက်ပါ
ဆိုက္ကားနင်းရင် ခြေသလုံးကြီးလာမယ်
မြန်မာလက်ရွေးစင်ဘောလုံးအသင်း
ခြေသလုံးကြီးတဲ့လူတွေကို ရွေးခန့်ထားတာဖြစ်တယ်
မယောင်ရာကို ဆီလူးမလို့လား
ချောလဲတိုင်းရောထိုင်မလို့လား
မယောင်ရာကို ဆီလူးရင်တော့ ဘယ်တုန်းကမှမရှိခဲ့တဲ့
အနာဂတ်တွေဖူးပွင့်ခြောက်သွေ့ကုန်လိမ့်မယ်
ချောလဲတိုင်းရောထိုင်မယ်ဆိုရင်တော့ ဒူးရင်းသီးအခွံတွေစောင့်ကြိုနေတယ်
ဒါကြောင့် ညောင်သီးစားရင်း
လေးသံနားထောင်ရင်း
ကျည်ဆံခွံတွေ လိုက်ကောက်ရင်း
ငါတို့ရဲ့ အနှိမ့်ခံဘ၀တွေကို မနက်ဖြန်တိုင်းမှာ
ဟုတ်ကဲ့ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကြိုဆိုလိုက်ကြရအောင်
မထူးဆန်းဘူး
မထူးဆန်းတာ ထူးဆန်းနေတယ်
လက်ရွှေးစင် အသင်းကခန့်မယ် မင်းထင်ရင်
အထင်နဲ့အမြင် မင်းမှောက်မှား
စိတ်ခြောက်ခြားမှာ သေးစီးချောင်း သရဲထင်
နဝေတိန်တောင် ဘုမသိဘမသိ
လက်ကွေးတတ်တာနဲ့သေနတ်ပစ်တတ်တာတခြားပါမောင်
ခဏနားထား စိတ်ကူးယဉ်ပြီး မင်းလုပ်ချင်တာ
အိမ်မက်ထဲတောင် ပင်ပန်းနေတော့
အင်း...................
ဒသနဆိုတဲ့ စကားအဆန်း
မျှားတန်းလန်း နဲ့စစ်မထွက်နဲ့
လက်ကွေးတိုင်း ကျည်မထွက်ဘူး
သေနတ်ပြစ်တတ်ယုံနဲ့ စစ်မတိုက်နဲ့
အသက်စေ့ပလား သေချာမေး
သေရွာရောက်မှ ရေပေးပါဆို ရှင်လာတတ်တော့
ဆေးစစ်ချက်တိုင်း မှန်နိုင်သလား
သူများ ဦးနှောက် ဖောက်မစားနဲ့
မင်းမှာ ဦးနှောက်ပါတယ်
ကိုယ်လမ်း ကိုယ်ဖောက် လမ်းသစ်လျှောက်
ကိုယ်စားရိတ် ကိုယ်စား
ပန်ပျိုးတဲ့လက် ဖြစ်ပေ့စေ ပျိုးတဲ့ပန်းပင် ပြန်မသတ်နဲ့
ငါ.... ဂျီတော်နွားးးးးးအလကားကျောင်းမိနေပြီ
အလွမ်းတွေလည်း မချို အနမ်းတွေမချို
မချို မဟုတ်ဘူးနော်
ချိုတယ်ထင် လူသားမစားနဲ့
စမ်းတွေ့ တိုင်းရေသောက်မဆင်းနဲ့
အခန့်မသင့် သေတတ်တယ်
တစ်မိုးအောက်လည်း တစ်ယောက်မထင်နဲ့
မစားဘူးတော့ရူးတတ်တယ်
ဟားးးးးးးးး..........
ရုပ်ဆိုးမလားးးးးးးးးးးး
ပလီပလာတတ်ရင် တီတီတာတာ ညုတတ်ခရာတတ် ညားတတ် တယ်
လုပ်မယ် ဆိုဟန်ရေးမပြင်နဲ့
ပွဲဝင်တော့ ပန်းတတ်တယ်
တောက်..........နားခါးတယ်
ဟုတ်လားးးးးးးးးးးး
အိမ်မက်ထဲတောင် အလွမ်းခါးတွေ
အနမ်းခါးတွေ ခါးလွန်းတော့......
ဆေးခါးမလိုတော့ဘူး
ဒသနဆိုတာ ကဗျာမဟုတ်ဘူး
ကဗျာဆိုတာ ရင်ထဲကလာတာ
ဒသနစကားအဆန်းလည်း
ရင်ထဲကလာတာ
နင်းနေတော့ဆိုက်ကား
ပြောနေတော့
ဘန်းနယူးကားတောင် လှုသတဲ့
စိန်တောင်လက်ဆောင်ဆိုပဲ
အော်...........နားကြားလွဲတာလား
ကောင်းကင်အောက် မက်တဲ့အိမ်မက်
စိတ်ခွန်အားငါစားသုံးရင်း လကမ္ဘာထိ တက်ပြစ်မယ်..........။
ဧည့်သည်
“သက်တမ်းရဲ့ သုံးပုံတစ်ပုံက
တဖျပ်ဖျပ်လောင်ကျွမ်းသောအခါ
ဘ၀ဟာ လက်တွေ့မဆန်တာတွေ များလာသလိုပါပဲ ...
“ပတ်ဝန်းကျင်ကို တိတ်တဆိတ်ငေးကြည့်မိသောအခါ
အတ္တ ၊ မာနထိုးထိုးထောင်ထောင်တွေ”
“ကျနော် ခင်ဗျား နာမ်စားများနဲ့
ဝါကျတစ်ခုဖွဲ့ကြည့်သောအခါ
အားလုံးဧည့်သည်တွေပါလို့
အော်သံသဲ့သဲ့ကြားမိပြန်ရဲ့ .”
“အဆင့်အတန်းတွေနဲ့
အဖြူအမည်းတွေကြားမှာ
ကြားနေ၀ါဒတစ်ခုပေါ်ပေါက်လာခြင်းဟာ
ငိုစားရယ်စား လူတွေအတွက်တော့
ဒါမျိုးကလည်းမခါးလှပါဘူးလို့
ငါးခူပြုံးပြုံးရင်း နှုတ်ဆိတ်နေသလိုပါပဲ ...။
ဘ၀ကျွန်
မပြော မပြီးမို့
နေစဉ်အမျှ လုပ်နေကြ
နိုင်ငံရပ်ခြား ညီကိုသားချင်း
ငွေဆိုတဲ့ငတိက နှိပ်စက်၊
လာတွဲတဲ့ ၀မ်းရေးကပက်စက်၊
မတ်တပ်ရပ် အိပ်နေရတဲ့တိုင်းတပါးမှာ...
ရဲကဆွဲ တွဲပါနေတဲ့ ဓါးပြကချွန်၊
ဘ၀ကျွန်တစ်မျိုးပါပဲ
အဖေပြောတရ် ငွေ........ငွေ........ငွေ....
အော် .................
ငွေ ဆိုတာအတောင်ပံပါတဲ့သတ္တ၀ါလား........?
အဖြူ၊အမည်းမသဲကွဲ၊
တွဲလဲခိုနေသော ၀ီရိယတောင်
ရှောင်ပြေးချင်
သတိဆိုတဲ့အကြွေး
ကျွန်တော်ကို ၀ါးမျိုနေ
လွတ်အောင်ရုန်းထွက်ဖို့ အတော်ခက်တော့
နောင်တတွေ ရင်မှာပိုက်၊
လသာခိုက် ဗိုင်းမငင်၊
မိုးရွာတုန်း ရေချိုး ၊
အဖျားဆိုတဲ့ ဂျပိုးနဲ့
ကျိုးခဲ့ရတာလည်းမနည်း၊
တွဲခဲ့ရတဲ့ချောင်း
လွဲခဲ့ရတဲ့ကျန်းမာရေး၊
အပေးအယူလုပ်တော့စာရင်းချုပ်လိုက်တရ်
"အော်".........ဒေါက်တာဆရာမရယ်
အကျွန်.....ကျွန်ုပ်ကိုသာ
သိမ်းပိုက်လိုက်ပါတော့ကွယ်၊
အညတရ ကျွန်တော်ဘဝ
ဘယ်မှာလည်း"သုခ"ဝေးလေစွ၊
၁၂လရာသီ တေးပန်ချီလဲမချယ်နိုင်၊
မောမောမှိုင်မှိုင် အပြောပိုင်၊
လူလည်ပွဲစားနားယောင်မှား ဒုက္ခတွေများ
ဤလူသားမှာ ငါးနှစ်ကြာလဲ
မတိုးတက်နိုင်
ဒီဘ၀ ဒီမျှ ကြေပါစေ
♥နတ်ဆိုးလေး♥
အဓိက ဘ၀အိမ်လေးတစ်လုံး ဆောက်တဲ့ အခါ
ပညာဆိုတဲ့တိုင်လဲရှိရမယ်
စည်းကမ်းဆိုတဲ့ကျမ်းပြင်လဲရှိရမယ်
ဝီရိယဆိုတဲ့လှေခါးလဲရှိရမယ်
အရေးကြီးဆုံးကစိတ်ဓာတ်ဆိုတဲ့
ခေါင်မိုးပါမှအိမ်တစ်လုံးပြည့်စုံမှာ
ဒါကြောင့်.........
အဓိက အပိုင်း စိတ်ဓာတ်..........
အဲ့ဒီ စိတ်ခွန်အား ငါစားသုံးနေတယ်သူငယ်ချင်း။
♥လွမ်းသူ..ကျော်နန္ဒ♥
ဖြူစင်မှု့
မာယာများတဲ့ လောကထဲမှာ
သဘောမနောကောင်းပြီး ဖြူစင်ရတယ်
လွယ်တော့ မလွယ်လှဘူး
မရှိတာကို ရှိဟန်ဆောင်ရ
မပြုံးရင်ချင်ပဲ ဟန်လုပ်ပြုံးရတာလောက်
ဆင်းရဲခြင်းနဲ့ ပင်ပန်းတာ ရှိနိုင်မှာ မဟုတ်ပါဘူး
ဟန်ဆောင်မှုကင်းပြီး ရိုးရိုးသားသား ၀န်းကျင်လေးထဲ
ငါ ရှိသမျှ ယောင်ရဲ့နေလိုက်တယ်
ဒါငါ့ လောကမှာ အချမ်းသာဆုံးပါပဲကွယ်….။
♥မဟေသီ♥
စွမ်းအား
မွေးလာကတည်းက အားလုံးထက် ကြီးမားတဲ့ စွမ်းးအားတွေ သင့်မှာ ရှိပါတယ်။
ဘ၀ရဲ့ ဘက်လိုက်မှုတွေက
သင့်ရဲ့ စွမ်းအားတွေကို အဝေးသို့ ယူဆောင် သွားတဲ့အခါ ..
ဒီစွမ်းတွေ ဘယ်သူ ပိုင်သလဲ ဆိုတာသတိရပါ..
အမှန်တရားရဲ့ စွမ်းအား
လောက သဘာဝထဲမှာ ပုံးအောင်နေတယ်
အချစ်ရဲ့ စွမ်းအား နှလုံးသားထဲမှာ ပုံးအောင်းနေတယ်
ယုံကြည်ချက်ရဲ့ စွမ်းအာား စိတ်ဓာတ်မှာ ပုံးအောင်းနေ
ပြောင်းလဲခြင်းရဲ့ စွမ်းအား ညှိဖို့ ခက်တဲ့ အရာတွေမှာ ပုံးအောင်းနေတယ်
မှန်ကန်ခြင်းရဲ့ စွမ်းအား ခက်ခဲ့မှုနဲ့ ပုံးအောင်းနေတယ်
အမှားရဲ့ စွမ်းအားကို တိုက်ခိုက်ဖို့ သင့်ရဲ့ ခက်ခဲ့မှုထဲ
မွေးလာကတည်းက အားလုံးထက် ကြီးမားတဲ့ စွမ်းးအားတွေ ရှိတယ်။
ဘ၀ရဲ့ ဘက်လိုက်မှုတွေက သင့်ရဲ့ စွမ်းအားတွေကို
အဝေးသို့ ယူဆောင် သွားတဲ့အခါ ..
ဒီစွမ်းတွေ ဘယ်သူ ပိုင်သလဲ ဆိုတာသတိရပါ။
♥ည၀ါကျော်♥
ငါ့ကိုယ်ငါပေးတာ
တ၀ုန်းဝုန်းနဲ့ ရွာနေတဲ့ မိုးရေထဲမှာ ကောင်လေးတစ်ယောက်
မျက်ရည်တ၀ဲဝဲနဲ့ မိုးရေးချိုးသယောင်ယောင်
အမေပေးတဲ့မုန့်ဖိုးကျပျောက်လို့ လိုက်ရှာသယောင်နဲ့ပေါ့
အရာအားလုံးက ပြီးဆုံးသွားပေမဲ့ အစွဲအလမ်းကြီးတဲ့နှလုံးသားကမေ့ဖို့ခတ်
အတိတ်ကအိပ်မက်မဟုတ်မှန်းသိတော့ ဘယ်လိုအကြောင်းနဲ့မေ့ပစ်ရမှာလဲ?
ချစ်သစ္စာတိုင်တည်းဖူးပါတယ်ဒါပေမယ့် သစ္စာရှိတဲ့လောကမှာ
သစ္စာမဲ့တဲ့သူတွေကများနေတော့ သစ္စာတရားကိုဟားတိုက်လှောင်ရယ်ချင်နေကျတယ်
ဆွေးတမြည့်မြည့်နဲ့ကြွေကျတော့မယ့်အသည်းကို
နောက်ထက်ကုစားဖို့ဆိုတာ မလွယ်ပါဘူး
ခြေရာမထင်လျောက်ခဲ့တော့ခြေရာပြန်ကောက်ဖို့တောင်မလွယ်ဘူးနော်........
???? ဆိုတဲ့ကောင်မလေးကို ချစ်နေခဲ့တာကြာပါပြီ
သူ့အတွက်နဲ့၇င်ခုန်သံတီးခေါက်တဲ့ဒီနှလုံးသားကိုအသံမမြည်အောင်
သိုဝှက်ထားတာလည်းကြာပါပြီ အချစ်ပန်ချီကားတစ်ချပ်ကို ရေးဆွဲချင်ပေးမဲ့
နှလုံးသားကအတွေ့အကြုံနည်းတော့ မလှမပမသေသပ်ပဲနေမှာ စိုးရိမ်နေမိတယ်
ဒါကြောင့်မိုးနဲ့ကောင်းကင်ဟာ တစ်ထပ်တည်း ကျမလိုနဲ့
မိုင်းပေါင်းများစွာနှလုံးသားချင်းဝေးခဲ့ရတယ် ရင်ခုန်သံမပီပြင် ၀ိုးတ၀ါးနဲ့
အချစ်ကိုနမ်းရှိုက်ခဲ့တာ အနမ်းနဲ့အလွမ်း မကွဲပြားပဲဖြစ်ခဲ့တယ်။
ရင်ခုန်သံတွေမင်းအနီးနားမရောက်ခင် မှေးမှိန်ပျောက်ကွယ်သွားတာ ဘာကြောင့်လဲ?
မတည်ငြိမ် မအေးချမ်းသေးတဲ့ငါ့ဘ၀လှောင်အိမ်ထဲကို
လွတ်လပ်ပျော်မြူးစွာ ပျံသန်းနေတဲ့ငှက်တစ်ကောင်ကို အ၀င်မခံချင်သေးလို့လား
(ငါ့ကိုယ်ငါပေးတာ)
လှောင်အိမ်ထဲက ငှက်က အပြင်ကငှက်ကို တမ်းတနေတာကရော
အိပ်မက်ထဲမသေချာတဲ့မျှောင့်ချက် တစ်ခုပါပဲ အထီကျန်ဆန်နေတဲ့
ကိုယ်ဘ၀နေ့စွဲထဲမှာ အချစ်ဆိုတာ ဘယ်ရှိတော့မှာလည်းနော် တစ်ချိန်က၀ိုးတ၀ါးနဲ့
အခုချိန်မျာ တော့လုံးလုံးပျောက်ကွယ်ခဲ့တာ ကမ္ဘာပေါ်နေရောင်မရောက်တဲ့နေရာထက်
ငါ့ဆီကိုအချစ်တွေမ၀င်ရောက်ဖို့က ပိုသေချာနေတယ်။
ငါ့ဘ၀ ထဲမှာအချစ်နေမင်းကြီးပျောက်ကွယ်ခဲ့လို့ ငါ့မှာအချစ်တွေကို မြင်နိုင်တဲ့
စွမ်းရည်ရှိပါလျက်နဲ့ အချစ်ရဲ့သဘာဝ အချစ်ရဲ့
အလှကိုမြင်နိုင်စွမ်းမရှိခဲ့ဘူး။
ချစ်စကားတွေပြောချင်ပေမယ့် ပြောမထွက်ခဲ့ ဒါကြောင့်စာလေးတွေသီ ကဗျာတွေဖွဲ့
မင်းကိုချစ်တဲ့သံယောဇာဉ် ကြိုးနဲ့ သီကုံးထားတဲ့ ကဗျာပန်းကုံးလှလှလေးကို
ငါမင်းကိုလက်ဆောင်ပေးခဲ့တယ် ဒါပေမယ့်
မဖော်ပြရသေးတဲ့ အချစ်တွေကို ပြန်ရုတ်သိမ်းဖို့ မင်းပြောခဲ့တယ်
ငါကအဖြူရောင်တံတိုင်းကို ကျော်ပြီး သေမင်းတမန်တွေ စောင့်ကြပ်နေတဲ့
မင်းနှလုံးသားကို ခိုးယူဖို့ကြိုးစားခဲ့တယ်လေ
ဒါကြောင့်ကြိုးမိန့်ကျထားတဲ့သူတစ်ယောက်ရဲ့
ကြိုးစင်ရှိရာကိုသွားနေတဲ့ ခြေလှမ်းတွေကို
မင်းကိုယ်ချင်းစာတတ်ပါစေလို့ ငါဆုတောင်းနေမိတယ် ချစ်သူရယ်..။
♥ဖူးစာချင်လေး♥
ဘ၀ကြီးကို တင်စားခြင်း
မိုးကြိုး မုန်တိုင်း ပင်လယ်
အရာသုံးခုပြင်ဆင်လာတယ်
ပန်းချီကားထဲမှာလို ပီပြင်စွာ..။
ဘ၀ အချစ် ကံကြမ္မာ
အရာသုံးခု ပြင်ဆင်လာတယ်
ရုပ်ရှင်ထဲမှာလို ၀ိုးတ၀ါး..။
စိတ်ကူး အိပ်မက် အနာဂတ်
အရာသုံးခု ပြင်ဆင်လာတယ်
ပုံပြင်ထဲမှာလို စိတ်လှုပ်ရှား..။
ဒါတွေကို စဉ်းစားကြည့်ရင်..
ပန်းချီကားထဲကလိုလည်း ပီပြင်စွာ
ရုပ်ရှင်ထဲမှာလိုလည်း ၀ိုးတ၀ါး
ပုံပြင်ထဲမှာလို စိတ်လှုပ်ရှား စရာတွေနဲ့ကြုံလာတိုင်း
ခင်ဗျားဖြစ်ချင်တာတွေက
စိတ်ကူးယဉ်နေတုန်းပဲကိုး...။တဲ့ဗျာ.။
♥အောင်မင်းဦး
မြစ်ကြီးနား(3.2.11)…။♥
"လမ်းဘေး"
စိတ်ဆန္ဒတွေ ပြည့်ဖို့အတွက်
ပန်းမခူးချင်ပေမဲ့ ခူးခဲ့ပြီ
ငါမျှော်လင့်တဲ့ပန်းလေး
နွမ်းသွားမှာလဲ မလိုချင်ဘူး
အလှမ်းမဝေးပါရစေနဲ့....
မင်းရဲ့ အနားမှာပဲ
အလွမ်းတေးတွေ သီဆိုပါရစေ
အနမ်းလေးတွေ လိုချင်ပေမယ့်
ငါ့ဘဝလမ်းဘေးမှာပါ...
ဘာကြောင့်များကွာခြားမှုတွေများရတာလဲ
လမ်းဘေးကာရန်တွေနဲ့ အသက်ဆက်နေပေမယ့်
ငါ့တစ်သက်မှာ မင်းကို အချစ်ဆုံးပါ...
မျှော်လင့်ချက်တွေရှိပေမယ့်
မမျှော်လင့်တာတွေဖြစ်နေသေးတော့
ဒီတသက်မင်းနဲ့ ဝေးရတော့မှာလား
မဖြစ်နိုင်မှန်းသိပါရက်နဲ့
မင်းကိုပဲငြိတွယ်နေတော့ငါ့မှာခက်တယ်ကွာ
သြော် ........
မထူးပါဘူး အလှမ်းဝေးတဲ့
လမ်းဘေးကပဲချစ်တော့မယ်...............။
♥ရည်းစားလေး♥
လမင်းသက်သေ
လမင်းလေးရေ..
ကျိန်စာတွေ သင်.ခဲ.ပြီထင်ရဲ.။
မင်းရဲ.အဝေးမှာ နေရတဲ.ဘ၀...
မလွမ်းချင်ဘဲ လွမ်းနေရတယ်။
မဆွေးချင်ဘဲ ဆွေးနေရတယ်။
ကြယ်တာရာရဲ.မှုန်ပြပြအလင်းအောက်...
ဒူးထောက်လို. တောင်းပန်ပါ.မယ်။
တို.အချစ်နဲ. အလွမ်းဆွေးတွေ..
မင်း ထင်ရှားစွာမြင်စေဖို.ကျိန်စာမိတဲ့ငါ့နှလုံးသားးးး။
လမင်းသက်သေပြုထားတယ်
♥myanmardjlzarni♥
စိတ် မှန်းးးးးးးးးးးး
အားးးးးးးးးးးးးးးးးးး
နာ
လိုက်
တာ
သိ
လားးးးးးးးးးးးးးးးးးးးး အမှန်မြင်တယ်..
မျက်မှန်မတက်နဲ့တော့
အော်...လူဆိုတာ..ဒီလိုပဲ..
အကောင်းပြောမှကြိုက်ကြတာ
လူပါဆို
လူတိုင်းဒီလိုပေါ့
ဟိုလိုပေါ့
ဟိုလိုဒီလိုနဲ့
ဒီလိုဟိုလိုတွေ
ဖြစ်ကြတာပေါ့
ဒီကမ္ဘာ
လေ
ဂြိုလ်..သားတွေဆို..
ပိုဆိုးမယ် ထူးခြားတယ်
ထိုးထွင်းတယ်....
ထောင်...ကျ ပါ ပြီကော..
ထုတ်ခြင်းပေါက်ပေါ့...........
စိုက်မိတဲ့ဓါး
အငိုက်မိတဲ့ကျား
ဒါကြောင့် ကြောင့်ကျ စိတ်ပူ ပူပင်
ဘယ်စာနေ ဘယ်မှာထား
ဘယ်ကိုသွားလို့ဘာတွေလုပ်
အေးဆေးနေ အေးဆေးအိပ်
မလှုပ်မရှုတ် ဝေးဝေးနေ ၀၀စား
ဝင်ဝင်မစွက်နဲ့
တော်
ပါ
တော်
ထင်
တာ
တော်
အမြင်
တော်ချင်တယ်
တော်လာပြောတော့
တိတ်တိတ်လေး
ပြုံး
တောင်ပြုံးပွဲ
ရောက်ဖူးလား
တော်ဖူးလား
ရွှေတိဂုံ..
ဆွဲစိချင်လို့
ဆွဲဆိတ်ချင်လို့
ဆင်လည်းဆင်အထွာပေါ့
ဆိတ်လည်း ဆိတ်အထွာ
အနားနားတိုးပါ ဆွဲဆိတ်ချင်လို့
စိတ်ဆိုးတယ် နင်လာပြော
ဆွဲဆိတ်ချင် နင်စိတ်ဆိုးတော့
တ၀ူးဝူးးးးနဲ့ အော်............
ခက်ပါပေါ့ ဝေးဝေးသွားးးးးးးးးးး
အလယ်လူ စကားဝဲသလား
အသားမဲသလား
ကျွဲပါးစောင်းတီး
နားညီးသနော်
တောက်.................
ခေါက်သံထပ်ထည့်ရရင် လက်ပါမယ်ထင်
အော်...နင်ငါမသိ
ငါ့နင်မသိ ခင်တတ်ပါဘိ
ကဗျာဆိုချစ်တယ်
လူဆိုပြစ်တယ်
ဒီလောက ဒီထုံးစံမို့
မင်းးးးးးးးးးးးးးးးကိုလေ
ငါထပ်ပြောမယ်............
မင်းးးးးးးးးးးး
အထင်မှားးးးးးးးးးး
မင်းးးးးးးးးးးးး
အမြင်မှားးးးးးးးးးးး
အမှန်ကို မင်းးးမြင်မှ
မင်းးးးးးးအမှန်တွေးးးးးးးးးးး အမှန်ရေးးးးးးးးးး
အရေးမှန်
မင်းးးးးးးးးးစိတ်နဲ့မင်းးးးးးးးးးးးး
ကဗျာဆိုချစ်တယ်
လူဆိုပြစ်တယ်လားးးးးးးးးးးး ထင်တလုံးနဲ့ ငါတွေသုံးတော့
ငါ့လာငေါက်
ငါပျောက်တာပေါ့
ငါစတဲ့ဒီလမ်း ငါပျောက်အောင်လှမ်းတယ်
မင်းစိတ်နဲ့မှန်းးးးးးးးးးးး
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 22 July 2012
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
July
(359)
- မီးလောင်မှုကို သိရှိနိုင်မည့် CCTV ကင်မရာများအား ယခ...
- ရွှေတိဂုံ စေတီတော်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းအား သ...
- ရန်ကုန်မြို့တွင်းရှိ စက်ရုံသုံး မီတာများကို Analog...
- ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအား အဆင့် ၄...
- အရုပ်များ ပြုပြင်ပြောင်းလဲရန် ရေခဲကမ္ဘာဥယျာဉ်အား ခေ...
- အဝေးပြေး ယာဉ်လုပ်သားများ အတွက် အခမဲ့ ကျန်းမာရေး စေ...
- » မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ေ...
- ၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမ...
- ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း ...
- မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီ...
- ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရ...
- ဓာတ်ဆီဆိုင်အား ပြောင်းရွှေ့ပေးရန် သာစည်မြို့မှ ပြည်...
- လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွ...
- ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မင်္ဂလာ ရဟန်းခံ
- ၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်မည်
- ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ...
- နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှု...
- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် လက်ထောက်ကထိကဆရာမတစ်...
- ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်း...
- Speccy
- RegCure — Registry Cleaner
- ဟင်္ဟာတမြို့မှ မြေတိုင်းစာရေးများ၏ လှည့်ဖြားသောစေတနာ...
- မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင...
- အီတာလျှံ-ထိုင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြေ...
- အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာေ...
- လျှပ်စစ်လုပ်သား ကျွမ်းကျင်မှုပြိုင်ပွဲ ဒုတိယအကြိမ် ...
- အအေးခန်း စက်ရုံများတွင် CMP စနစ်ကို သြဂုတ်လကုန်အထိ...
- မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် IMF မှ အထွေထွေအကြံပေ...
- ဆီးဂိမ်းပြိုင်ပွဲတွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေစီြး...
- စင်္ကာပူဒေါ်လာ တစ်သောင်း တန်ဘိုးရှိ ပညာသင် ထောက်ပံ့ြေ...
- မြန်မာ-ဗီယက်နမ် စီးပွားရေးတွေ့ဆုံမှုတွင် စားသောက်ကု...
- အမှိုက်စိုများမှ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရန် ကမ်းလှမ်းမ...
- ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း(...
- » ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ...
- ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား...
- ချင်းတွင်းမြစ်အတွင်း ရေယာဉ်သွားလာမှု ဇူလိုင် ၂၈ ရက်...
- ဦးအောင်သိန်းလင်း ကို ကြံ့ဖွံ့ ပါတီ စစ်ဆေးနေ
- သံသယ ဖြစ်ဖွယ်ရာ လူသေ အလောင်း ဆေးမစစ်ဘဲ သဂြိုလ်
- လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ
- Game သမားများအတွက် IAPFree v2.1.0 ကို install လု...
- ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လည်ပ...
- IAPFree v2.1.0 for (iPhone/ipad/ipod touch)(Cydia ...
- WhatsApp Messenger “.ipa“ For iPhone, iPad & iPod ...
- တစ်ပတ်စာ သင်၏ကံဇာတာ (ဇူလိုင်လ၂၇ ရက်) မှ (ဩဂုတ်လ ၂ ...
- မျှော်လင့်ချက်
- ♪♥♪ မောင်♪♥♪
- GSMဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦ...
- ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအား ထိုင်း...
- ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် Theme S...
- မြန်မာ့သဘင် တိုးတက် ထွန်းကားရေး အတွက် အလုပ်ရုံ ဆွေ...
- ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပည...
- အနာဂတ် ရုပ်ရှင် ထုတ်လုပ်မှု လုပ်ငန်း အကြောင်း ဆွေးေ...
- » မြစ်ဆုံဆည် တရုတ်နဲ့ ပေါင်းပြီ ဖြစ်အောင် တည်ဆောက...
- ဂွမြို့အနီးစက်လှေပျက်မြောလာသော ဘင်္ဂါလီများကို ထောင်...
- တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စုေ...
- “ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး
- လူကြားထဲမယ်ယုံကြည်မှုရှိစွာဖြင့် စကားပြောနိုင်ရန်
- အိပ်မက်လမ်း
- ချစ်သူဘ၀နှင့် အိမ်ထောင်သည်ဘဝ
- မြန်မာစာပေမှ မင်းကျင့်တရား ၁၀ ပါး
- Browser အသစ်
- ရန်ကုန်တိုင်း ဒေသကြီး၏ မိုးပွင့်အဆင့် ၃ စီမံချက်အရ...
- ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင်မည့် သူများမှာ ...
- အနော်ရထာ စက်မှုဇုန် အပိုင်း ၂ စီမံကိန်း လုပ်ငန်း ဆေ...
- ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၃ လတာ ကာလအတွင်း ပြည်တွင်း၌ တရုတ်...
- ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင် အမည်စာရင်း...
- ထွန်တုံးတိုက်ပွဲတွင် အသေခံဆန္ဒပြနေ
- NLD အဖွဲ့ဝင်တစ်ဦးအား ပြည်ခိုင်ဖြိုး ပါတီဝင်များမှ ...
- ရခိုင်ပြည်နယ်တွင်းပဋိပက္ခများကြောင့့် လူ(၇၀)ကျော်ေ...
- အသားထွက် ကုန်များအား တရုတ်က ငြင်းဆို ပြီးနောက် မွေ...
- » မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား လုယက်ခဲ့သူဟု ယ...
- မြစ်ဆုံနှင့်ပတ်သက်၍ တရုတ် အင်ဂျင်နီယာ အဖွဲ့ ပြောဆု...
- မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အိမ်ထော...
- AIDS ရောဂါအပေါ် အမြင်မှန်ဖို့ ဒေါ်စုတိုက်တွန်း
- » ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရ...
- မြောက်ဦးမြို့တွင် စစ်တပ်မှ ညှဉ်းပမ်း နှိပ်စက်မူကြေ...
- မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ
- လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ
- မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ
- အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ
- လိင်မှူကိစ္စမပါပဲ...ချစ်ခြင်းကို ပြနိုင်သောနည်းလမ်း...
- `စေလိုရာစေ......´´တဲ့
- ~~ဘယ်လို ဆန္ဒ ဖော်ထုတ်မှာလဲ အချစ်ရယ်~~
- ဘယ်သွားမလဲ (ဟာသလေးနော်
- အချစ်ဆိုတာ
- How To Jailbreak The IPhone 4S And IPad 2 With Abs...
- ရေအောက် ဖိုင်ဘာဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဘင်္ဂလားဒေ့...
- အတွေးစာစုများ...
- ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင်ယာဉ် အစီးရေ ၄၃၀ကျော...
- အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ပြည်ပခရီးစဉ်မျ...
- ထိုင်းနိုင်ငံသို့ လုပ်သားများ တရားဝင် လမ်းကြောင်း ...
- ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆...
- အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦး...
- ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ လွှတ်တော်တွင်း ဆွေးနွေးမှု...
- အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ
- တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဒေါ်အောင်ဆန်း ...
- တရုတ်သတင်းစာ ဘာသာပြန်လွဲမှား၊ မြစ်ဆုံသဘောထား ပြည်သ...
- » မြို့ပြ၏အဆင်မပြေမှု အန်မတုနိုင်၍ ကြိုးဆွဲချအဆုံးစ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အမတ်တွေ ဆွေးနွေး
- ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများ...
-
▼
July
(359)
No comments:
Post a Comment