Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

ငါ့ကြောင့်……………နင်

ချစ်သူ……..
ငါ့ရဲ့ ပေးဆပ်မှုတိုင်းဟာ
နင့်အတွက်
အက်ဆစ်တစ်ခွက်
ဖြစ်နေခဲ့မယ်ဆိုရင်
ရင်နာနာနဲ့
ငါ့ရဲ့ပေးဆပ်မှုတိုင်းကို
ရပ်တန့်ပေးပါ့မယ်
ငါ့ကြောင့်……….နင်
နာကြင်နေမှာ မလိုလာဘူးးးးးးးးးးး။။

ချစ်သူ……….
နင်သာ ပျော်မယ်ဆို
ငါ့အသည်းနှလုံး
အက်ကွဲခံပြီး
အရာအားလုံး
စွန့်လွှတ်ပေးပါ့မယ်
ငါ့ကြောင့်……..နင်
 စိတ်ဆင်းရဲမှာ မလိုလားဘူးးးးးးး။။။။။

ချစ်သူ………….
နင့်ဘ၀ နင့်အနာဂတ်
အမြင့်ဆုံးသာရောက်မယ်ဆိုရင်
ငါ့အချစ်တွေကို
နင် နင်းတက်သွားမဲ့
ခြေလှမ်းတိုင်းအတွက်
လှေကားထစ်လေးအဖြစ်
ပြုလုပ်ပေးပါ့မယ်
င့ါကြောင့်………နင်
ဒုက္ခတောထဲ လမ်းပျောက်နေမှာ မလိုလားဘူးးးးးးး။။။။

ဒါပေမဲ့ဟာာာာာာ
နင့်ရဲ့ မျက်နှာလွဲ ခဲပစ်နိုင်လွန်းတဲ့
ဥပေက္ခာမှာ
ချစ်တဲ့စိတ်ကလေးသာရှိရင်
ငါ့ရဲ့ပေးဆပ်နေတဲ့ အချစ်ကို
မြင်ကြည့်လှည့်ပါ……… ချစ်ရသူရယ်။။။။။။။။။။
             

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့