Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Sunday 22 July 2012
မိုးမျက်ရည်
သြော် မိုးရာသီတောင်ရောက်ခဲ့ပြန်ပေါ့မိုးရယ် ။
မိုးရာသီရောက်တိုင်း မိုးရွာထဲမှာ အမြဲလမ်းလျှောက်နေမိသလို ။
မိုးရွာထဲမှာမောင်နဲ့ အတူ လမ်းလျှောက်ရင်း ပျော်နေတတ်တဲ့  ချစ်သူမိုးကို လည်း ။
မောင်ဘယ်လိုမှ  မေ့လို့ ရမှာမဟုတ်ပါဘူးမိုးရယ် ။ သဲသဲမဲမဲ ရွာသွန်းနေသော 
မိုးရေထဲတွင်။
လမ်းလျှောက်နေရင်း ကျွန်တော့်စိတ်အစဉ်တို့ သည် အတိတ်ကာလဆီသို့  ။။။။။။။။။
    ကျွန်တော်စက်ဘီးကို  လမ်းသွယ်ထဲသို့  ချိုးအကွေ့  ထိုလမ်းသွယ်ထိပ်အိမ်မှ ။
 မိန်းကလေးတစ်ယောက်ကလည်း လမ်းမပေါ်သို့  ပြေးထွက်လာသဖြင့်  
မမျှော်လင့်ပဲဝင်တိုက်မိတော့သည် ။
ဒုတ် ....  အား .....အမလေး  ....
ကျွန်တော် တိုက်မိမိ ခြင်း စက်ဘီးဘရိတ်ကိုညှစ်လိုက်သော်လည်း နောက်ကျသွားချေပြီ 
ရှေ့ ဘီးက ကောင်မလေးခြေ ခုံကိုကြိတ်မိပြီး စက်ဘီးဟန်တယ်က 
ကောင်မလေးခါးကိုဝင်ဆောင့်မိသဖြင့်။
ကောင်မလေးလမ်းပေါ်သို့  လဲကျသွားသည် ။ ကျွန်တော်စက်ဘီးကို လမ်းပေါ်သို 
့လှဲချလိုက်ပြီး ။
ကောင်မလေးနားသို့ ရောက်သွားသည် ။
** ဘယ်လို ဖြစ်သွားလဲ  အရမ်းနာသွားလား **
**  အား အမလေး ခြေထောက် .. ခြေထောက်  **
ကောင်မလေး ခြေထောက်ကိုလက်ညှိးထိုးပြရင်း ရှုံ့ မဲ့ နေသည် ။ 
ထိုစဉ်အိမ်ထဲမှကောင်မလေး ၂ ယောက်ထပ်ထွက်လာသည်။
** ဟယ် မိုးကို စက်ဘီးနဲ့ တိုက်မိလို့ ဟေ့ လာကြဦး **
အော်သံကြောင့် ကောင်မလေး ၄ ။ ၅ ယောက်ထပ်ထွက်လာသည်။ သူတို 
့အားလုံးကျွန်တော့်ကိုဝိုင်းထားကြသည် ။
ထိုအထဲမှ ခပ်စွာစွာကောင်မလေးတစ်ယောက်က ကျွန်တော့်ကိုကြည့်ပြီး ။
** ရှင်ဘယ်လိုလုပ်လိုက်တာလဲ  လူတစ်ယောက်လုံးကိုမမြင်ဘူးလား **
ထိုအခါ အတိုက်ခံရသောကောင်မလေးက ။
** ဟာ စုကလည်း သူ့ အပြစ်ချည်းပဲမဟုတ်ပါဘူး  ငါကလည်းမှားတာပါ  မလဲ့ကိုစတော့ 
မလဲ့ကငါ့နောက်ကိုလိုက် ။
ငါကလည်းလမ်းပေါ်ကိုဘာမှမကြည့်ပဲ ပြေးထွက်လိုက်လို့  ခုလိုတိုက်မိသွားတာပါ **
ကျွန်တော့်စိတ်ထဲတွင်တော့  **  အင်းတော်ပါသေးရဲ့ ကူပြောပေးပေလို့  **
သူတို့ထဲမှတစ်ယောက်က ။
** ကဲ ကဲ အိမ် ထဲခေါ်ခဲ့ လိုက်တော့ လမ်းမကြီးမှာ **
မိုးဆိုသော ကောင်မလေးကို သူငယ်ချင်းများက တစ်ထက်တစ်ချက်စီတွဲ ပြီးအိမ်ထဲသို 
့ခေါ်သွားကြသည် ။
ကျွန်တော်လည်း နောက်မှလိုက်သွားသည် ။ အထဲရောက်တော့ ကျွန်တော်က ။
** ဟိုလေ ဆေးခန်း သွားပြလိုက်ပါလား ကျွန်တော်ဆိုက်ကား သွားခေါ်လိုက်မယ် **
** နေပါစေ ရပါတယ် လဲ့တို့ ပဲလိုက်ပို့  လိုက်ပါ့မယ် ရှင်ပြန်တော့ **
** သြော် ဟုတ်ကဲ့  **
ပြောပြီးသည်နှင့်  ကျွန်တော် စက်ဘီးစီးပြီးထွက်လာခဲ့ပါတော့သည် ။
နောက်တနေ့ မနက် ကျွန်တော် လမ်းပေါ်မှစက်ဘီးရပ်ပြီး 
အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ။
ကျွန်တော် အိမ်ထဲဝင်သွားပြီး ။
ကျွန်တော့်မေးခွန်းသံကြောင့်  ကောင်မလေး မော့ကြည့်ပြီး ။
** သြော် ရှုင် ကိုး .. ဘာမှသိပ်မဖြစ်ပါဘူး  ခြေဖမိုး အရေပြားနဲနဲ စုတ်သွားတယ် 
။ ခါးနဲနဲနာသွားတယ် ။
ဆေးခန်းကပေးလိုက်တဲ့ ဆေး သောက်လိုက်တာ နဲနဲတော့ သက်သာသွားပါပြီ **
ကျွန်တော် ငုံ့ ကြည့်လိုက်တော့ ကောင်မလေးခြေခုံတွင် ပတ်တီးစည်းထားသည် ။
** ကျွန်တော်တောင်းပန်ပါတယ်  ဆေးဖိုးလည်း ပြန်ပေးပါရစေ ** 
** အာ နေပါစေ  ဒီလောက်လည်းမကုန်ပါဘူး ရှင့်အပြစ်ချည်းပဲမဟုတ်ပါဘူး 
ကျွန်မလည်းမှားခဲ့တာပဲလေ **
** ဟုတ်ကဲ့ ကျွန်တော့်နာမည်မောင်မောင် ပါ ။ မနက်ဖြန်မနက်ကျရင်လည်း မိုးကို 
ကျွန်တော်လာကြည့်ဦးမယ်နော် **
မိုး ကခေါင်းညိတ်ပြသည် ။
** ဒါနဲ့ တစ်ခြားသူတွေလည်းမတွေ့ ပါလား  ဘယ်သွားကြလဲ **
** အားလုံးကျောင်းသွားတဲ့သူသွား အလုပ်သွားတဲ့သူသွားနဲ့  မရှိ ကြဘူးလေ ။ 
မိုးတောင်ခြေထောက်နာနေလို့ ။
လမ်းကောင်းကောင်းမလျှောက်နိုင်သေးလို့  ကျောင်းမသွားရဘူး **
** ဒီအိမ် က မိုးတို့  သူငယ်ချင်းတွေ စုပြီးငှားထားတဲ့ အိမ်လေ 
အဆောင်သဘောမျိုးပေါ့ **
** သြော်ဟုတ်ကဲ့သိပါပြီ  မိုး ကျွန်တော့်ကိုခွင့်ပြုဦးနော်  မနက်ဖြန်လည်း 
မိုးကိုလာကြည့်ဦးမယ်နော် **
မိုး  ကပြုံးပြီးခေါင်းညိတ်ပြ သည် ။ ဒီလိုနဲ့ ကျွန်တော်နဲ့ မိုး 
ရင်းနှီးသွားခဲ့ကြပါသည် ။
တစ်ရက် လမ်းထိပ်ကားမှတ်တိုင်တွင် မိုးကိုတွေ့ သဖြင့် ။
** မိုး  ကျောင်းသွားတော့မလို့ လား **
** ဟုတ်ကဲ့ **
** ကျွန်တော် လိုက်ပို့ မယ်နော် **
** အာ  ရပါတယ် ကိုယ့်ဟာကိုယ် သွားစရာရှိတာသွားပါ **
** မဟုတ်ပါဘူး  ကျွန်တော်ကလည်းအားနေလို့  ပြီးတော့ မိုးကိုလည်းလိုက်ပို 
့ချင်နေလို့ ပါ **
ဘတ်စကားရောက်လာသဖြင့် မိုးကဘာမှမပြောပဲ ကားပေါ်တက်သွားသဖြင့် 
ကျွန်တော်လည်းတက်လိုက်သွားသည် ။
ထိုနေ့ မှစပြီး မိုး ကို ကျောင်းသွားကျောင်းပြန် လိုက်ပို့ ရသော ကိုယ်ရံတော် 
ရာထူးကို ကျွန်တော်ရရှိလိုက်ပါတော့သည် ။
ကျောင်းပိတ်ရက်တွင်  မိုးနှင့် ကျွန်တော် လျှောက်လည်ကြသည် ။ 
မိုးနှင့်ကျွန်တော် အကြိုက်ချင်းတူတာရှိသည် ။
မိုးသည် နာမည် နှင့်လိုက်အောင်မိုးရေထဲတွင် လမ်းလျှောက်ရတာကို သဘောကျသည် ။
ကျွန်တော် ကလည်းမိုးကဲ့သို့ ပင် သဘောကျသည် ။ တစ်ယောက်စိတ်ကို 
တစ်ယောက်နားလည်ပြီး ။
ချစ်သူဘ၀ရောက်ခဲ့ကြတော့  မိုးရေထဲမှာပင် လမ်းလျှောက်ရင်းချစ်ခွန်းလေးတွေ 
သီခဲ့ကြသည် ။
ကျွန်တော် နှင့် မိုးတို့ ၏ ပျော်စရာကောင်းသော နေ့ ရက်များပင်ဖြစ်ပါသည် ။
ကျွန်တော် မိုး တို့ အိမ်သို့  သွားလည်လျှင် မလဲ့ ကစတတ်သည် ။
** မောင်မောင် မိုး ကိုနားရက်တိုင်းခေါ်ခေါ်သွားတာအားမရဘူး  အိမ်ကိုလည်း လာတွေ 
့နေတယ်နော် ။
မလွန် လွန်း ဘူးလား ။ နောက်ဆို ခြံ တံခါးပိတ်ထားမယ် **
** အာ မလုပ်ပါနဲ့  မလဲ့ ရာ ကျွန်တော်က မိုးကိုဘာမှမလုပ်ပါဘူး ကြည့်ရုံလေး 
လာကြည့်တာပါ **
ကျွန်တော့် အပြောကြောင့်  မလဲ့ ရောမိုးပါ ၀ိုင်းရယ်ကြသည် ။
မိုး တကသိုလ်နောက်ဆုံးနှစ် စာမေးပွဲ  ပြီးတော့ ကျွန်တော်မိုးကိုပြောမိသည် ။
** မိုး ကျောင်းပြီးသွားရင် မောင်  မိုးကိုလက်ထပ်မယ်ကွာ ။ အဖေနဲ 
့အမေကိုပြောပြီးသွားပြီ ။
မိုး မိဘတွေကို ဖွင့်ပြောလိုက်တော့ နော် **
** အင်းပါမောင်ရယ် ဒီတစ်ခေါက်  မိုးရွာပြန်ရင် ပြောကြည့်မယ်လေ **
မိုး ကျောင်းပြီးသွားလို့  သူ့ ရွာပြန်သွားတာ ၄။၅ လရောက်သည်အထိ ကျွန်တော့်ကို 
အဆက်အသွယ်မလုပ် ။
ကျွန်တော် မနေနိုင်တော့သဖြင့်  မလဲ့ ကိုအပူကပ်ရတော့သည် ။
** မလဲ့ နဲ့  မိုး က တစ်ရွာတည်းဆို ကျွန်တော့်ကိုလိုက်ပို့ ပါ မလဲ့ရာ ။ 
ကျွန်တော် မနေနိုင်တော့ဘူး ။
အရမ်းတွေ့ ချင်နေပြီ  **
** သီတင်းကျွတ် ပြီးလောက်မှသွားပါလားမောင်မောင်ရာ  အခုအချိန်က မိုးတွင်းကြီး 
သွားလို့ လာလို့ မကောင်းဘူး **
** မိုးတွင်းလည်း ဘာဖြစ်လဲ  မလဲ့  ရာ ရုံးမှာခွင့်ယူလိုက်ပါ ။ ကျွန်တော့်ကို 
ကူညီပါ မလဲ့ ရာနော် **
ကျွန်တော် အတင်းအပူကပ်သဖြင့်  မလဲ့ မနေသာတော့ ။ ကျွန်တော့်ကိုကြည့်ပြီး 
သနားတာလည်း ပါတာဖြစ်မည် ။
ရန်ကုန် ပြည် ရထားလမ်းပေါ် ပြည်မရောက်ခင် ဘူတာတစ်ခုတွင်ဆင်းရသည် ။
 ထို့ နောက်ရွာသို့  တစ်နာရီခန့် လမ်းလျှောက်ရသည် ။ မလဲ့  ကပြောသည် ။
** မိုးတွင်းမို့ လို့  လမ်းလျှောက်ရတာမောင်မောင်ရဲ့ နွေဆိုရင် 
ဒီလမ်းအတိုင်း ဆိုက်ကားတွေရှိတယ် **
မလဲ့ တို့  ရွာကလေးသည် ဧရာဝတီ မြစ်ကမ်းနဘေးတွင်တည်ရှိသည် ။ 
အိမ်ခြေလည်းများသဖြင့် ။
အတော် စည်သောရွာလေးပင်ဖြစ်ပါသည်  ။
မလဲ့ တို့  အိမ်ခြံထဲကို ၀င်လိုက်သည်နှင့် ၁၂ နှစ်အရွယ်ကောင်မလေးက ။
** ဟာ  အမေရေ  မမကြီးပြန်လာပြီ **
ကောင်မလေး အော်သံကြောင့် အိမ်ထဲက လူအားလုံးပြေးထွက်လာကြသည် ။ 
အဒေါ်ကြီးတစ်ယောက်က ။
** ဟဲ့ သမီး အကြောင်းမကြား ပဲနဲ့  ဘယ်လို ဖြစ်လာတာလဲ **
မလဲ့ က ကျွန်တော့်ကို မေးငေါ့ပြပြီး ။
** ဧည့်သည်ပါလာတယ် အမေ အိမ်ထဲရောက်မှပြောကြတာပေါ့ **
မလဲ့အမေ က ကျွန်တော့်ကိုကြည့်ပြီ ပြောသည် ။
** သြော် အေး ဟေ့သူငယ်လေး အိမ်ထဲ ကို ၀င်ခဲ့ပါကွယ် **
အိမ်ထဲရောက်တော့ ထိုင်ကာ စပင်ရှိသေးသည် ။ တောသူတောင်သားများ၏ 
ပွင့်ပွင့်လင်းလင်း ပြောတတ်သော ။
မလဲ့အမေ၏စကားက ကျွန်တော့်ရင်ကို  ပွင့်ထွက်သွားမတတ် ခံစားလိုက်ရသည် ။
** သမီးပြောရဦးမယ်  သမိးနဲ့ ရန်ကုန်မှာ ကျောင်းအတူတူတက်တဲ့ ရွာတောင်ပိုင်းက 
မိုးလေးလေ ဆုံးသွားပြီ **
** ဟင်ဘယ်လိုဖြစ်လို့ ဆုံးသွားတာလဲအမေ  သမီးကိုရှင်းအောင်ပြောစမ်းပါ **
မလဲ့ မျက်စိပျက်မျက်နှာပျက်နှင့်  ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး သူ 
့အမေကိုဆက်မေးလိုက်ပါသည် ။
** အင်းပြောရမှာလည်း စိတ်မကောင်းစရာပါအေ ။ လူ့ ကံတရားများ ကြောက်စရာ ။
သူ့ အမေ မြို့ ပေါ်ဈေးတက်ဝယ်တဲ့ညမှာ သူ့ ပထွေးက မိုး လေးကို 
မဟားဒယားလုပ်လိုက်တယ်လို့ ပြောကြတယ် ။
မိုး လေးလည်းအနိုင်ကျင့်ခံလိုက်ရတော့ ရှက်ရှက် နဲ့  မူးပြီးအိပ်ပျော်နေတဲ့  
ပထွေးရဲ့ ဘယ်ဘက်ရင်အုံတည့်တည့်ကို ။
ကိုင်းခုတ်ဓါးနဲ့  တစ်ဆုံးထိုးစိုက်ပြီး  သူကိုယ်တိုင်လည်း ဧရာဝတီမြစ်ထဲကို 
ခုန်ချလိုက်တယ် ။ အချိန်ကတော့ ။
မနက်ဝေလီဝေလင်း ။ မိုးလေး မြစ်ကမ်းပါးကခုန်ချသွားတာကို တွေ့ တဲ့သူကတွေ 
့လိုက်လို့  တစ်ခြားသူတွေကို ။
ခေါ်ပြီး ၀ိုင်းလိုက်တော့ မမှီကြတော့ဘူး  ။ နောက် ၂ ရက်လောက်နေမှပဲ မိုးလေး 
အလောင်းကိုတွေ့ ကြရတော့တယ် ။
သူ့ ပထွေးလည်း ဓါးသွားက နှလုံးထိစိုက်သွားတာဆိုတော့ ပွဲချင်းပြီးပဲ 
အလောင်းကိုရဲတွေလာယူသွားကြတယ် ။
မိုးလေး  အမေဆိုတာ လင်လည်းဆုံး သမီးလည်းဆုံးဆိုတော့ ရှုးမတတ်ပဲ အေ ။ ငါလည်း 
မိုးလေး အတွက် စိတ်မကောင်းလို့ ။
၂ ရက်လောက် ထမင်းစားလို့ တောင်မ၀င်ဘူး  ။ အားတိုင်းဒီအိမ်ကိုပဲ လာတတ်တော့ သူ 
့ကိုပဲမျက်စိထဲမြင်ယောင်နေမိတယ် **
မလဲ့ အမေ၏ စကားများက ကျွန်တော့် နှလုံးသားကို ဓါးနှင့် မွှန်းနေသလို ။ 
ကျွန်တော်ခေါင်းငုံ့ ထားသည် ။
မလဲ့ ကျွန်တော့်ကို စိတ်မကောင်းသည့်မျက်နှာနှင့် ကြည့်နေမည်မှန်း 
စိတ်ထဲကသိနေပါသည် ။
** ဖြစ်တာဘယ်လောက်ရှိသွားပြီလဲ အမေ **
** တစ်လ ကျော်လောက်ရှိသွားပြီ သမီး ။  မိုးးလေး  အလောင်းကိုတော့ ရွာအစွန်က 
သင်္ချိုင်း ထဲမှာပဲမြှုပ်လိုက် တြတယ် **
              မမိုးမိုး 
   အသက် ( ၂ ၂ ) နှစ်
မြေပုံထိပ်ကရေးထားသော နာမည်ဖတ်ပြီး ကျွန်တော့်ရင်တခုလုံး ဗြောင်းဆန်နေသည် ။
မျက်ရည်မကျမိအောင်ထိမ်းထားပေမဲ့ မရတော့ ။ မလဲ့ ကကျွန်တော့်ခံစားချက်ကို 
သိသည်မို့  ။
** ငိုချင်ရင် ငိုချလိုက်ပါ မောင်မောင်ရယ်  မင်းတို့  ၂ ယောက် ကပေါင်းဖို့ ကံ 
ထိုအခိုက်  မိုးကတဖွဲဖွဲ ရွာလာသည် ။ မလဲ့ က  ကျွန်တော့်ကိုထီးလာဆောင်းပေးသည် ။
မိုးရွာထဲမှာပဲကြည့်ပါရစေ မလဲ့ပဲဆောင်းထားပါ **
မိုးချိန်းသံနှင့်အတူ မိုးစက်များပါ ထူထူထဲထဲ ရွာချလာသည် ။တရစပ် ရွာနေသော 
မိုးရေများနှင့်အတူ ။
မိုးရေများနှင့်အတူ ရောပြီး ။
ကျွန်တော့် မျက်ရည်များပါ  မိုး မြေပုံပေါ်သို့  စီးကျနေသည် ။
တမလွန်က မိုးကတော့  ကြားမည် မကြားမည် တော့ သေသေခြာခြာ မသိ ။ ကျွန်တော့်ရင်ထဲ 
မှာတော့ ။
** အဖြစ်ဆိုးလိုက်တဲ့  မိုး ရယ်ဖြစ်မှဖြစ်ရလေ ။ မောင့်ကိုဒီလိုနည်းနဲ 
့ထားခဲ့ရက်တာလားကွာ ။
ဒါပေမဲ့ မိုး ရယ် မိုးချစ်တဲ့ မိုးရေတွေထဲမှာ  မောင်ငိုကြွေးရင်း မိုး 
ကိုမောင်လာကြည့်နေပါတယ် မိုး ရယ် ။
နောက် ဘ၀  ဘ၀  တွေမှာ မိုး နဲ့ မောင် ဆုံတွေ့ ခွင့်ရခဲ့မယ်ဆိုရင် ဒီလိုအဖြစ် 
ဆိုးမျိုးနဲ့ ထပ်ပြီး မကြုံတွေ့ ပါစေနဲ့ လို့ ။
မောင်ဆုတောင်းခဲ့ပါတယ် မိုးရယ်  မောင်ဆုတောင်းခဲ့ပါတယ် ။။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့