Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

♥ နင်လုပ်နိုင်ခဲ့ပြီ ချစ်သူ ... အခုကျေးဇူးပြုပြီး အဲ့အတိုင်း နေ့စဉ်လုပ်ပေးပါ ... ငါနင့်ကို အရမ်းချစ်တယ် ... ♥

တစ်ခါက အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ် ...
တစ်နေ့မှာ ကောင်မလေးက ကောင်လေးကို စိန်ခေါ်ခဲ့တယ် ...
" နင်ငါမရှိဘဲ တစ်နေ့လုံးနေရမယ် ... တစ်နေကုန် ငါ့ဆီလုံးဝအဆက်အသွယ်မလုပ်ဘဲ နေရမယ်... တကယ်လို့ နင်အောင်မြင်ခဲ့ရင် ငါနင့်ကို တစ်သက်လုံးချစ်သွားမယ် " လို့ပြောခဲ့တယ် ...
ကောင်လေးကလည်း သဘောတူခဲ့တယ် ...
သူအဲ့ဒီတစ်နေ့လုံး ကောင်မလေးဆီ ဖုန်းလည်းမဆက်သလို SMS တွေလည်းမပို့ခဲ့ဘူး ... 
တကယ်တော့ ကောင်မလေးဟာ နောက်ထပ် 24 နာရီပဲ အသက်ရှင်ရတော့မယ့် ကင်ဆာရောဂါသည်တစ်ယောက်ဆိုတာ ကောင်လေးမသိခဲ့ဘူး ...

နောက်တစ်နေ့မှာ ...
ကောင်လေးဟာ စိတ်လှုပ်ရှားစွာနဲ့ ကောင်မလေးဆီသွားခဲ့တယ် ...
" ငါလုပ်နိုင်ခဲ့ပြီ ချစ်သူ..."
ဒါပေမယ့် ကောင်မလေးအိမ်ရောက်တဲ့အခါ သူ့မျက်ရည်တွေအလိုလိုစီးကျလာခဲ့တယ် ....
သူအရမ်းချစ်တဲ့ ကောင်မလေးဟာ အခေါင်းထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့ပြီ ....
ကောင်မလေး မသေခင် ကောင်လေးအတွက် စာတစ်စောင်ချန်ထားခဲ့တယ် ...
♥ နင်လုပ်နိုင်ခဲ့ပြီ ချစ်သူ ... အခုကျေးဇူးပြုပြီး အဲ့အတိုင်း နေ့စဉ်လုပ်ပေးပါ ... ငါနင့်ကို အရမ်းချစ်တယ် ... ♥

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့