Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

ချစ်သူမသိခဲ့တဲ့...ငါ့ရဲ့အချစ်

  အချစ်စစ်ရင်တစ်နေ့တော့ဆုံမှာပဲ...မေတ္တာမှန်ရင်ရောင်ပြန်ဟပ်တယ်... ဆိုရိုးစကားတွေ အခိုင်အမာရှိနေပေမယ့် အချစ်စစ်တိုင်းလည်း မဆုံစည်းနိုင်တာတွေရှိသလို မေတ္တာမှန်တိုင်းလည်းရောင်ပြန်မဟပ်တတ်တာ အမှန်ပါဘဲ သူ့အပေါ်မှာ ကလေးဘဝ
ကတည်းက သူ့အပေါ် တိတ်တခိုးချစ်နေခဲ့ တဲ့ မိ သံယောဇဉ်အတိမ်အနက်ကို သူတစ်ကယ်ပဲမြင်အောင်မကြည့်တတ်တာလား?????
တစ်ကယ်တော့ မိကလည်းမိပါပဲ သူတင်မက သူ့သူငယ်ချင်းတွေပါ မိ ကိုအားလုံးကယောကျာ်းလေး သူငယ်ချင်းတစ်ယောက်လိုပဲ...
ပြောရရင် ဘော်ဘော်တွေလိုပဲ လည်ပင်းဖက်ပေါင်းနေကြတာလေ သူတို့ဘီယာသောက်လည်းမိကပါ... သူတို့အဆောင်ရှေ့မှာ ဂစ်တာ
သွားတီးလည်းမိကပါ...ရှင်းရှင်းပြောရရင် သူအပါအ၀င် သူ့သူငယ်ချင်းတွေအားလုံးမိကိုမိန်းကလေးလို့ကို မမြင်ကြတာလေ...ဟုတ်ပါ
တယ် မိပုံကိုလည်းကြည့်လိုက်ဦးလေ ဆံပင်ကဂုတ်အတိလောက်ပဲထားတတ်ပြီး ၀တ်လိုက်ရင်လည်း တီရှပ်ပွပွ အောက်ကဂျင်းပန်ပွပွ
ကြီးတွေကိုပဲဝတ်တတ်ပြီးတော့ ခေါင်းမှာလည်း ဦးထုပ်အမျိုးမျိုးဆောင်းထားတတ်ပြိး မျက်နှာမှာ ဘာဆိုဘာမှမလိမ်းတတ်တဲ့ မိကိယူ၏
သူ မိန်းကလေးတစ်ယောက်လို မမြင်တာဆန်းလားကွယ်...
“ဟေ့ဘာတွေတွေးနေတာလဲ ဒီမှာ မိအတွက် မုန့်ဟင်းခါးဝယ်လာတယ်”ပြောသံနှင့်အတူ မိ ပုခုံးကိုလာဖတ်သောသူတစ်ယောက်
သူ...သူကဘယ်သူဖြစ်မှာလဲကွယ်... မိ တိတ်တခိုးလေးချစ်နေရတဲ့သူ ၀င်းသန်းထိုက် ပေါ့
“ဟဲ့ နင်ဘယ်လိုဖြစ်တာလဲ စောစောစီးစီးမထဖူးတဲ့လူကမနက်စောစောမှာ အားကစားဝတ်စုံတွေဘာတွေနဲ့ ပြိးတော့ မိအတွက် မုန့်ဟင်းခါးတောင် ၀ယ်လာတယ်ဆိုတော့ ထူးဆန်းနေပြီ ကိုထိုက်နော် နင်မှန်မှန်ပြော မိမသိအောင်ဘာတွေဒိုင်လျှိုလှုပ်ရှားနေတာလဲ”
“ဟဲဟဲ...အမှန်အတိုင်းပြောရရင် ငါ... ငါ့ရင်ခုန်သံလေးကိုတွေ့ထားပြီ...သူကချစ်စရာလေးဟ ဆံပင်ရှည်လေးနဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့
ပြီးတော့ မြန်မာဆန်ဆန်လေးတွေပဲအမြဲဝတ်တယ် ပြီးတော့မနက်ဆိုဈေးထဲမှာ မုန့်ဟင်းခါးဆိုင်ဖွင့်တယ် ည ဆို စာသင်ဝိုင်းတွေမှာ
ဂိုက်လုပ်တယ် သူ့နည်လေးက သူ့လိုပဲ အရမ်းဖြူစင်တယ် ဖြူစင်လွန်း တဲ့၊နင်တွေ့ရင် ကြွေသွားမှာသိလား”
ကြွေသွားမှာတဲ့လား ကိုထိုက်ရယ်...ငါကြွေနေတာနင်ပါဟာ နင့်ကိုငါချစ်နေတာ ရင်ထဲမှာ သူမသိအောင်တိတခိုးလေးညည်းရင်း
အပြင်မှာတော့ “ဟုတ်လား...နင့်လိုစက်ရုပ်ရဲ့ ရင်ကိုကိုင်လှုပ်နိုင်တဲ့သူတွေ့ပြီပေါ့ ဟုတ်လား အဲ့စော်ကိုတော့ ငါလေးစားတယ်”
“ဒါဆို ညကျရင် သူ့အိမ်ရှေ့မှာ သီချင်းသွားဆိုမယ် မိ လိုက်ခဲ့နော်”
နင့်စကားတစ်ခွန်းကိုငါဘယ်လိုအင်အားမျိုးနဲ့ ငြင်းရမလဲ ကိုထိုက် ငါဆိုတာငါမဟုတ်တော့သည်အထိ နင့်ကိုချစ်တာပါကိုထိုက်ရာ
“မိ ဘာတွေစဉ်းစားနေတာလည်း ညကျရင်ငါလာခေါ်မယ် ရော့...ငါ့ချစ်လေးရဲ့မနက်စာမုန့်ဟင်းခါးကို စားလိုက်ဦး ငါလစ်ပြိ”
လက်ချောင်းလေးမျးလှုပ်ခတ်ကာတာ့တာပြသွားသော သူ့ကိုကြည့်ရင်းတစ်သက်စာသူနှုတ်ဆက်သွားသလို ရင်ထဲမှာဆို့နင့်လာမိသည်...ဒါပေမယ့် မိ ဆိုတာ သူ့ကိုချစ်တဲ့အချစ်နွံထဲကရုန်းမထွက်နိုင်သူမို့.......................
                    “ဒီတစ်ညတော့ ကောင်မလေးရာ သံစဉ်လးနဲ့ နင်အိပ်ဖို့ရည
                     ဂစ်တာလေးတစ်လက်ကိုယ်ထမ်းလို့လာ မင်းလေးအိပ်ပြိလား”
သူ့မျက်နှာကိုကြည့်ရင်းသီချင်းလိုက်ဆိုပေးရင်း မိ ရင်ထဲမှာတိတ်တဆိတ်ငိုနေမိသည်...မိ ကြိုသိနေပါတယ်သူမိအနားကနေ
အဝေးဆုံးကိုထွက်သွားတော့မယ်ဆိုတာ...
          အဲ့ဒီနောက်မှာတော့ သူနဲ့တူတူ အဲ့ကောင်မလေးရဲ့ဆိုင်မှာ မနက်တိုင်း မုန့်ဟင်းခါးသွားစားဖြစ်တယ် မုန့်ဟင်းခါးအရမ်း
ကြိုက်တဲ့မိ အခုတော့ မုန့်ဟင်းခါးကိုအရမ်းမုန်းတတ်နေပြီ  ဖြူစင်လွန်းရဲ့ဆိုင်ကမုန့်ဟင်းခါးကို သူ့ရှေ့မှာ ဟန်မပျက်ဝါးနေရတာ
ကျောက်ခဲတုံးကို မြုချနေရသလိုပဲ မိရင်မှာ နင်လိုက်တာ သူကတော့ ကမ္ဘာပေါ်မှာအချိုမြိန်ဆုံးအရာကို စားသုံးနေရသလိုပဲ တမက်တမော
စားနေတာပေါ့...မကြာပါဘူးလေ သူနဲ့အဲ့ကောင်မလေးတို့ချစ်သူတွေဖြစ်သွားကြတာပေါ့ ဒါပေမယ့် သူကတော့ သူ့ချစ်သူအထင်
လွဲမှာစိုးရိမ်တာနဲ့ မိကိုလမ်းမှာတွေ့ရင်တောင်မမြင်ချင်ယောင်ဆောင်လို့ သူ့ချစ်သူလက်ကလေးကို ၀ံ့ကြွားစွာကိုင်ဆောင်လို့ပေါ့
“မိ..နင်သိလား ဟိုကောင်ကိုထိုက် ဖြူစင်လွန်းကိုခိုးပြေးသွားပြီ”သူရ လာပြောတော့ မိနားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပါပဲ
“ဘာာာာာာာာာာာာာာာာာာာာာ” မိအော်မိစဉ်သူရမှလန့်သွားပြီး “မိရယ် ဖြေးဖြေးလုပ်ပါဟ”
“ဘယ်လိုကနေဒီလိုအခြေအနေအထိဖြစ်သွားတာလဲ ” မိ တအံ့တသြမေးမိစဉ်
“အေးး တနေ့က ကိုထိုက်အမေက ဖြူစင်လွန်းတို့အိမ်မှာ ပွဲသွားကြမ်းတယ်လေ အဲ့ဒါနဲ့ ဖြူစင့်အမေကလည်းစိတ်တိုပြီး ဖြူစင့်ကို
ယောကျာ်းပေးစားမယ်ဆိုပြိး ပြောနေတာနဲ့ ကိုထိုက်က ခိုးပြေးသွားတာလေ”
ဒီလိုနဲ့ တစ်လကြာပြိးချိန်မှာ...“မိ ရေ ဒီမှာ ဖိတ်စာ နင့်သူငယ်ချင်းကိုထိုက်တောင်မင်္ဂလာဆောင်တော့မှာဘဲ”တဲ့မေမေဖိတ်စာလာပေး
စဉ်  အတားအဆီးမဲ့စွာ စီးကျချင်နေသာမျက်ရည်စများကို မိ ထိန်းချုပ်ရင်း မိစိတ်ကိုမိအားတင်းမိသည်။ မငိုပါဘူး သူ့မှာသက်ဆိုင်သူရှိနေပြီလေ ငါဘာမှတမ်းတလွမ်းမောစရာမလိုဘူးးးးးးး
“ဟယ် မိ မေမေ့သမီး ဟုတ်ပါတယ်နော်၊မေမေ ဖြင့်လူတောင်မှားလို့”မေမေ က မိ နဖူးကိုလာမွှေးသည်။ ဒီနေ့ မိချစ်ခဲ့ဖူးတဲ့ ကိုထိုက်
ရဲ့မင်္ဂလာပွဲလေ... မိတစ်ခါမှ မ၀တ်ဖူးတဲ့မြစိမ်းရောင်ပါတိတ်ဝမ်းဆက်နဲ့ မညှပ်တာကြာပြီဖြစ်လို့ ဂုတ်ကိုနည်းငယ်ကျော်ပြီးဖြစ်တဲ့
ဆံပင်တို့ကို လှပစွာစည်းနှောင်လို့ မိတ်ကပ်ပါးပါးလိမ်းပြီး ပန်းဆီရောင်နှုတ်ခမ်းနီဆိုးထား တဲ့ မိကို မင်္ဂလာဆောင်မှာ ကိုထိုက်က
တအံ့တသြငေးလို့...မိ နှလုံးသားလက်ဖွဲ့ကတော့ ဒီမင်္ဂလာဆောင်တစ်ခုလုံးမှာ တန်ဖိုးအကြီးဆုံးပဲ ထင်ပါရဲ့...မင်္ဂလာဆောင်ကနေပြန်
လာတဲ့လမ်းမှာ မျက်ရည်တွေက အတားအဆီမဲ့စွာ ကျဆင်းလာခဲ့...မိ နင်မငိုပါနဲ့ အားတင်းထားစမ်းပါ စိတ်သစ်လူသစ်နဲ့ဘ၀ကို
ပြန်အသစ်စရမယ် နင်နဲ့ဝင်းသန်းထိုက်က ဒီနေ့ကစပြီး သူငယ်ချင်းးးးးးးးးးးးးးးးးးးးးးxxxxxxx
ရင်မှာသိုဝှက် သိမ်းဆည်းထားတဲ့ ငါ့အချစ်တွေ
မိန်းကလေးမို့ နင်မြင်အောင် မပြသာခဲ့ဘူး
တိတ်တဆိတ်နဲ့ နင်မသိအောင်ခိုးခိုးငေးမိခဲ့တဲ့
နင့်အပြုံးတွေ တစ်သက်သာအတွက်ရင်ထဲမှာ
အမှတ်တရနဲ့သိမ်းထားပါရစေ (ပိုင်ဆိုင်ခွင့်မရှိသူငါ့အတွက်ပေါ့)
ကိုထိုက်ရယ် ဘာပဲဖြစ်ဖြစ်ပေါ့ နင့်ကိုချစ်ခွင့်ရတဲ့
တစ်ခဏသာကို ငါမက်မက်မောမော နဲ့တစ်ဘ၀စာသိမ်းထားမှာပါ
နင်က ငါ့ရဲ့ နှလုံးသားပြတိုက်ထဲက ရွှေမင်းသားလေးပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့