Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Sunday 22 July 2012
မှတ်သားဖွယ်ရာ စကားလေးများ
ကိုယ့် ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့ မှ နှိုင်းပြီး  မယှဉ်ပြိုင်ပါနဲ့ ။အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့် ကိုကိုယ် စော်ကားလိုက်တာပါပဲ။
ဘယ်သူမှ သော့ တံမရှိတဲ့  သော့ ခလောက်ကို မဖန်တီးပါဘူး။အဲဒီလိုပဲ မြတ်စွာဘုရားကလဲ အဖြေမရှိတဲ့  ပြဿနာ ကို မပေးပါဘူး။
 အောင်မြင်တဲ့  ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
လွယ်တာက သူများရဲ့ အမှားကို ဝေဖန်အကဲဖြတ်ဖို့ ပါ။ခက်တာကတော့  ကိုယ့် အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ ပါ။
ဘယ်သူမှ အတိတ်ကိုပြန်သွားပြီး  ဆိုးဝါးတဲ့ အစကို ပြင်လို့ မရပါဘူး။ဒါပေမဲ့  အောင်မြင်တဲ့  အဆုံးအသတ်ရဖို့  အခုချက်ချင်း စတင် လှုပ်ရှားတာကိုတော့  လူတိုင်းလုပ်လို့ ရပါတယ်။
ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ မရနိုင်တာဆိုရင်  ဘာမှစိတ်ပူစရာ မလိုပါဘူး။ဖြေရှင်းလို့  မရနိုင်ဘူးဆိုရင်လည်း စိတ်ပူနေလို့  ဘာများထူးမှာမို့ လို့ လဲ။
အခွင့် အရေး တစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့် မျက်လုံးတွေကို မျက်ရည်တွေနဲ့  ပြည့် မနေပါစေနဲ့ ။မျက်ရည်တွေက သင့် ရှေ့ က ပိုကောင်းတဲ့   နောက်ထပ်အခွင့် အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့် မယ်။မျက်နှာကိုပြုပြင်လိုက်တာ ဟာ ဘာကိုမှပြောင်းလဲစေနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ ကတော့  အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့ ။ငြိမ်းချမ်းချင်ရင် ကိုယ့် ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
အမှားတွေက ဖြစ်ပျက်နေတဲ့ အချိန်မှာတော့  နာကျင်ပင်ပန်းစေပါတယ်။ဒါပေမဲ့  နှစ်တွေကြာလာလို့  အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့ အခါမှာတော့  သင့် ကို အောင်မြင်မှု့ ဆီ ခေါ်ဆောင်သွားမယ့်   အတွေ့ အကြုံ ဆိုတာဖြစ်လာပါတယ်။
ကျရှုံးတဲ့ အချိန်မှာ ရဲရင့် မှု့ ရှိပါ။အောင်မြင်တဲ့ အချိန်မှာ တည်ငြိမ်မှု့ ရှိပါ။
အပူပေးခံထားရတဲ့  ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ပြင်းပြင်းထန်ထန် နန်းဆွဲခံထား ရတဲ့  ကြေးတွေဟာ ၀ါယာကြိုးတွေ ဖြစ်လာပါတယ်။ထွင်းထုခံထားရတဲ့  ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ဒါကြောင့်  သင့် ဘ၀မှာ နာကျင်ခံစားရမှု့ တွေ များလာလေ သင့် ရဲ့  တန်ဖိုး တက်လာလေလေပါပဲ။
ညီအစ်ကို မောင်နှမများအားလုံး အထက်ပါအချက်များကို ဖတ်ရှု့ လေ့ လာရင်း ဗဟုသုတများ ဆထက်တပိုး တိုးပွားနိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းလျှက်.....
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့