Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 July 2012

ကမ္ဘာတည်သရွေ့  လွမ်းနေမယ့် အလွမ်း...

စကြာဝဠာကြီးထဲမှာ ကမ္ဘာကြီးတည်နေသရွေ့ ......။
ကမ္ဘာကြီးထဲမှာ မြန်မာလူမျိုးဆိုတာ ရှိနေသေးသရွေ့ ............။
ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ လူသားတစ်ဦးရဲ့  အတ္ထုပတ္တိ
သခင်အောင်ဆန်း.......

မြန်မာပြည်သူ၊ပြည်သားတွေရဲ့  အနာဂတ်လှပဖို့ 
သူ ဖြစ်ချင်တဲ့ ဆန္ဒတစ်ချို့  မေ့ပျောက်ထားခဲ့တယ်

အနာဂတ်အတွက် စွန့် လွတ်ပေးဆပ်ခဲ့တယ်..

ပြည်သူတွေအပေါ် သွေးချင်းတွေလို ချစ်ခဲ့တဲ့ သူ့ ရဲ့ စိတ်ထား
မြင့်မြတ်တဲ့ သူ့ စိတ်ဓာတ်ကြောင့် ၊ သူ့ နောက်လိုက်ခါ အသက်စွန့်  
တိုင်းပြည်ကို ကာကွယ်မဲ့သူတွေလဲ ဒုနဲ့ ဒေးပေါ့.....

သခင့်ရဲ့ လုပ်ရပ် အတ္တတွေ မဆန်ခဲ့သလို ကိုယ်ကျိုးကိုလဲ မကြည့်ခဲ့ဘူး။
တစ်ပြည်လုံးသာယာလှပရေး လွတ်လပ်ရေးဆိုတဲ့
ကြီးမြတ်တဲ့ ရသကြီးတစ်ခုနဲ့ လဲယူဖို့ ကိုယ်ကျိုးကို မငှဲ့ ခဲ့သူ ....

ဒီနိုင်ငံအတွက် သူတစ်ယောက်သာ စံတင်စရာ ပေးဆပ်သူသက်သက်..။

သူစိုက်ခဲ့တဲ့ အပင်ရဲ့  အသီးအပွင့် ၊ ယူငင်စားသုံးခွင့်မရသွားခဲ့သူ

သူ့ ရဲ့  နောက်ဆုံး အမှတ်တရနေ့ လေး 
၁၉ ဇူလိုင် မမေ့နိုင်ပါဘူး..။ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့ လေးပါ

တစ်ပြည်လုံးက ပြည်သူတွေ ရင်တွေကွဲလို့  ငိုကြွေးနေတယ်

ကောင်းကင်ကြီး ညှို့ မှိုင်းလို့  ငိုကြွေးနေတာ (၆၅)နှစ်တိုင်ခဲ့ပြီလေ..။

(၁၉)ဇူလိုင်ဆို ကျေးငှက်တွေ တေးမဆိုလို့  နေမင်းကြီးလဲ ဝမ်းနည်းစွာ ငုံလျှိုနေတဲ့နေ့ 
လေနုအေးနဲ့  မိုးစက်ငယ်တွေက သခင်တို့ အားလုံးအတွက် မျက်ရည်တွေလား........။

ကြားခဲ့ဖူးတဲ့ စစ်ခရာသံနဲ့  လွမ်းသူပန်းခွေတွေ ခုချိန်မှာ ပျောက်ဆုံးနေပေမဲ့
ပြည်သူအားလုံးရဲ့  ရင်ထဲမှာတော့ ငိုကြွေးနေဆဲပါ



သေသောသူကြာရင်မေ့ဆိုပေမဲ့ ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ နေ့ တွေထဲမှာ 
သခင်နဲ့  သခင့်အပေါင်းအပါ ကျဆုံးခဲ့တဲ့ ဒီနေ့ .....

ဒီလူကိုးဦးရဲ့  နာမည်တွေ အသည်းမှာ ကဗ္ဗည်းတင်ထိုးပြီးသားပါသခင်

သခင့်နာမည်နဲ့  အနာခံမှု ၊ရာဇဝင်တွေကို ဘယ်လိုပဲ အမှောင်ချထားပါစေ

ဘယ်လိုပဲ သော့ခတ်သိမ်းထားပါစေ။ သခင့်ကို ချစ်ခင်လေးစားခဲ့တဲ့ ပြည်သူတွေ
လက်ဆင့်ကမ်းထားရစ်ခဲ့သည့် လေးစားမှုနှလုံးသားတစ်စုံကြောင့်
သခင်နှင့်အပေါင်းအပါတွေရဲ့ သတင်း အမြဲတမ်း လင်းချင်းလျှက်ပါပဲ

ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရယ်လို့  ရပ်တည်နိုင်ခဲ့တာ သခင့်ရဲ့ ကျေးဇူးတွေပါ..။

လွတ်လပ်တဲ့ နိုင်ငံလို့  ဂုဏ်ယူဝင့်ကြွားနိုင်တာလဲ သခင့်ရဲ့  ကျေးဇူးတွေပါပဲ...။
လှပတဲ့ သမိုင်းတစ်ခုကို ဖော်ဆောင် ပုံချသွားခဲ့တဲ့ သခင်.....
သခင့်ရဲ့  ကျေးဇူးကို ဘယ်ခါမမေ့လို့ 
သခင့်ကို လွမ်းတဲ့ အလွမ်း ရင်မှာမပြောင်းပဲ 
နှလုံးသားချင်း လက်ဆင့်ကမ်းပြီး လွမ်းနေခဲ့တာ
၁၉၄၇ ခု ၁၉ ဇူလိုင်ဆိုတဲ့ နေ့ က စလို့ 
ကမ္ဘာကြီး တည်နေသေရွေ့ တိုင်........





No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့