Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 14 July 2012

♡ ♫♪♫ တိတ်တဆိတ် ♡ ♫♪♫

ချစ်ရတဲ့သူ……..
ငါချစ်နေတာများ နင်ရိပ်မိသိရှိမလားလို့……..


ငါရဲ့ စေတနာ ပိုနေတဲ့ အဖြစ်
နင်များ ခံစားသိသွားမလားလို့……


ငါ နင့်ကို မမြင်ရရင် မနေနိုင်တာ……
နင့်ကို လှမ်းကြည့်လိုက်လို့ မတွေ့လိုက်ရင်…..
ပူလောင်လာတာ.....

 

နင့်အပေါ်မှာ  တစ်ခုခု အမှားပါမှာ စိုးတာ
နင် မှားတိုင်း ငါပြင်ပေးချင်တာ

 

နင် အားလျော့တိုင်း နင့်လက်ကို ခပ်တင်းတင်းဆုပ်လို့
နင့်မျက်နှာကို ကြည့်ပြီး  ငါအားပေးချင်တာ…….

 

နင်ပျော်နေရင်  ပြုံးနေတဲ့ နင့်မျက်နှာလေးကို
ငေးကြည့်ပြီးးးး  တသိမ့်သိမ့်နဲ့
ငါကြည်နူးနေမှာ…………

 
နင် သာလိုအပ်ရင် ဘာမဆို ငါပေးဆပ်ရဲတယ်…….
နင်သာ ပြောလိုက်……..
မဖြစ်နိုင်ဘူးဆိုတာ မရှိစေရဘူး……

 
ဒါပေမယ့်………
နင် လှမ်းကိုင်ထားတဲ့ လက်တစ်ဖက်က
ငါမှ မဟုတ်ခဲ့ဘဲ………

 
ငါလေ……..ငါဖမ်းဆုပ်ထားတဲ့ လက်တစ်ဖက်ကို
ငါ လွှတ်မပေးချင်ဘူးးးးးးး
နင့်ကို ငါ တားခွင့်မရှိဘူးနော်…….
မတားရက်ခဲ့ပါဘူးးးးးးးး


နင်ပျော်နေမှာမလား????
နင်ပျော်မယ်ဆို ငါ့အသည်းကွဲရုံမကလို့
မီးပဲလောင်လောင်…….နင်သွားလိုက်ပါ…..

 

ငါကျောခိုင်း လှည့်ထွက်သွားနိုင်အောင်…
ငါ နောက်ဆံငင်ပြီး မပူပင်ရအောင်…..
နင်ပျော်နေပေးပါ……နင် ပြုံးနေပေးပါ

 
နင့်မျက်နှာပြုံးနေသမျှ ….နင်ပျော်နေတိုင်း
တိတ်တိတ်လေးချစ်မိသူ…ငါငိုနေမယ်…..
တိတ်တခိုးချစ်ခဲ့သူ…….ငါ ငိုနေမယ်……
တစ်ဖက်သတ်ချစ်မိသူ…..ငါငိုနေမယ်…….

 
နင်မမြင်နိုင်တဲ့ တစ်နေရာမှာ…….
ရင်နာစွာ……….ကြေကွဲစွာ……..
ငါငိုနေပါ့မယ်………….။

Broken Heart Comments Pictures

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့