Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 14 July 2012

တစိမ့်စိမ့် ပြုံးရမယ့် Jokes ကဗျာ

တစိမ့်စိမ့် ပြုံးရမယ့် Jokes ကဗျာ
xxxxx
ဟိုတယ်ပေါ်ကို
နိုဘယ်ကျော်ကျော် လိုက်ပို့ပေးလိမ့်မယ်
အခန်းတစ်ခုဆီကို Go ဖို့
နန်းဆုရတီစိုးက ညွှန်လိမ့်မယ်
ချိုးရေတွေ မပြတ်ဖို့တော့
မိုးဟေကို ခပ်ပေးလိမ့်မယ်
ချွတ်ပုံထားတာတွေ ပြွတ်ပြုံတွေလီနေရင်
ဝတ်မှုံရွှေရည် လာလျှော်ပေးလိမ့်မယ်
ပျင်းပြီဆိုရင် 
ဂျင်းနီက သီချင်းဆိုပေးလိမ့်မယ်
ငကျွဲ ထမင်းကို
ပုလဲဝင်းက ချက်ပေးပြီး
ညကျရင် ထမင်းပြင်ဖို့
ပပ၀င်းခင် လာလိမ့်မယ်
ယမကာ ကိုင်ချင်ရင်
ရတနာမိုင် ဆီမှာတောင်းလိုက်
ဘရန်ဒီ ပင့်ချင်ရင်
စန္ဒီမြင့်လွင်က ငှဲ့ပေးပြီး
အချက်ပိုင်တဲ့
မေသက်ခိုင်က ရေခွက်ကိုင်ပေးလိမ့်မယ်
ကြက် ပုဇွန် ငါးရှဥ့်တွေ မြည်းချင်ရင်
သက်မွန်မြင့် စီစဉ်လိမ့်မယ်
အရိုး တစ်ခုမှမကျန်အောင်
မိုးယုစံက နွှင်ပေးမယ်တဲ့
စပျစ်သီး စားချင်ရင်
ခရစ်စတီးနားက ခွံ့ကျွေးမယ်
တွယ်တာသဇင်တို့ က
ရှယ်လာလို့ ပြင်ပေးမှာပေါ့
ဟို့..... ရှေ့က ခုတင်မှာတော့
စိုးပြည့်သဇင်က အိပ်ဖန်စောင့်ပေးမယ်
အင်း.... မပီ တပီ ပေါ်နေရင်
နီနီခင်ဇော်က ဆွဲချွတ် (အာ.... မှားလို့) စောင်ခြုံပေးမယ်
အန်ချင်ရင်
ဂန္ဓ၀င်က ပျားရည်တိုက်မယ်
အနှိပ် အနင်း ဆက်ချင်သေးရင်တော့
ညီမလေး ပွင့်ကို ခေါ်ပေးမယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့