Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 July 2012

Samsung Galaxy Ace S5830 ကို ROOT လုပ်နည်း

ကျွန်တော် နောက်ပိုင်း ဖုန်းတွေကို Root လုပ်နည်းနဲ့ Version မြှင့်နည်းလေးတွေ အားတဲ့အချိန်တိုင်း ရေးပေးသွားပါမယ်။ ခုတော့ ကျွန်တော် Samsung Galaxy Aceကိုင်တဲ့သူတွေအတွက် Root လုပ်နည်းလေး ရေးပေးသွားပါမယ်။ ခုတော့ကျွန်တော်Root လုပ်နည်းနဲ့ ဘာကြောင့် Root လုပ်ရတာလဲဆိုတာကို ရေးပေးသွားပါမယ်။

 Samsung Galaxy Ace S-5830 ကို Root လုပ်နည်း 

  1. အရင်ဆုံး အောက်မှာ ပေးထားတဲ့ Zip File လေးကို Download ဆွဲလိုက်ပါ။
  2. Download Here
  3. ပြီးရင် မိမိဖုန်းရဲ့ SD Card ထဲကို ထည့်လိုက်ပါ။ ( မှတ်ချက် ။    ။ ထို Zip File အား Extra ပြုလုပ်ခြင်း Rename လုပ်ခြင်းများ မပြုလုပ်ပါနှင့် ) 
  4. မိမိဖုန်းတွင် USB Debugging  ကို Enable လုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Applications > Development > USB Debugging ကိုသွားပြီး Enable လုပ်လိုက်ပါ။ ပြီးရင် မိမိဖုန်းကို ပိတ်လိုက်ပါ။
  5.  ပြီးရင် Recovery Mode ကို ၀င်ဖို့အတွက် Volume Up + OK Button ( Middle Button ) + Power သုံးခုစလုံးကို ဖိထားလိုက်ပါ။ Samsung Galaxy Ace Logo တက်လာပီဆိုရင် လွှတ်လို့ရပါပြီ။
  6. အပေါ်သွား အောက်သွားလုပ်ဖို့အတွက် Volume Down + Up ခလုတ်ကို အသုံးပြုပြီး ရွှေးဖို့အတွက် OK Button ( Middle Button ) ကိုနှိပ်ပြီးရွေးပါ။ 
  7.  Install Zip From SD Card ကိုရွေးပေးပါ။ ပြီးရင် Choose From SD Card ကို ရွေးပေးပါ။
  8. ပြီးရင်တော့ ခုနက SD Card ထဲကို ကူုးထည့်ထားတဲ့  Zip File ( upd_1.zip )ကို ရွေးပေးလိုက်ပါ။ 
  9.  သိပ်လည်း မကြာပါဘူး။ အများဆုံး ၅ မိနစ်လောက်ပဲ ကြာပါတယ်။ Finish ပြပြီဆို မိမိဖုန်းကို Root လုပ်လို့ ပြီးသွားပါပြီ။
  10. ပြီးရင်တော့  ++++ Go Back ++++ ကိုရွေးပြီး ပြန်ထွက်ပါ။ ပြီးလျှင် Reboot System Now ကို ရွေးပေးပါ။ 
ဒါဆို မိမိဖုန်းက ပြန်ဖွင့်လာတဲ့အခါမှာ Superuser ရောက်နေမှာဖြစ်ပါတယ်။  လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ :P 
Why do we need root ? ( Root လုပ်တာကိုဘာကြောင့်လိုတာလဲ ?? )

Root လုပ်တယ်ဆိုတာ သင့်ဖုန်းကို Superuser ရအောင် လုပ်တယ်လို့လည်း ပြောနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းကို Root လုပ်လိုက်ခြင်းဖြင့် Rootမလုပ်ထားတဲ့ဖုန်းတွေနဲ့ယှဉ်လိုက်လျှင် သင့်ဖုန်းဟာ Custom ROM/Performanceနဲ့ Battery တွေရဲ့ သက်တမ်းကို အရည်အသွေး မြင့်ထားတယ်လို့လည်းပြောနိုင်ပါတယ်။ ROOT လုပ်ပေးထားခြင်းဖြင့် မိမိဖုန်းရဲ့System တစ်ခုလုံးကို  ကိုယ်ကြိုက်သလို ပြင်နိုင်ပါတယ်။ ဥပမာ- Boot Animation ဖြုတ်ခြင်း၊ ပြင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ HACKING ပြုလုပ်တာနဲ့လည်း တူပါတယ်။ ROOT လုပ်ခြင်းဖြင့်လည်း မိမိဖုန်းတွင် နဂိုပါလာသည့် တရုတ်Application များကို ဖျက်နိုင်ပါတယ်။ တစ်ချို့ Software တွေဆို ROOT လုပ်ပြီးသား ဖုန်းမှ သုံးလို့ရပါတယ်။ အဲအချိန်မှာ ကိုယ်က မလုပ်ထားရင်နာပါတယ်။ 

ဒီလောက်ဆို Root လုပ်ခြင်းကို နည်းနည်းလောက် နားလည်လာမယ်လို့ထင်ပါတယ်။ ( ကျွန်တော်နားလည်သလို ရေးထားသည့်အတွက် အမှားပါတာရှိရင် ခွင့်လွှတ်ပေးပါ။ )

အားလုံး အဆင်ပြေကြပါစေ။ 
ခင်မင်လေးစားစွာဖြင့်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့