Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 April 2013

ဆောင်းရဲ့ဘဝလေးကိုနားလည်ပေးပါမောင်

ဆောင်းလိုင်းသုံးရင်းနဲ့ချစ်သူတယောက်ရခဲ့တယ်ဘဝတသက်
လက်တွဲမယ်လို့ ရည်ရွယ်ခဲ့ကျတယ်ကံက္မြာကမျက်နှာသာမပေတာလား
ဆောင်းတို့ ကပဲပေါင်းဖက်ဖို့ ဖူးစာမပါတာလားတော့မသိပါဘူး
ဆောင်းတို့ နှစ်ယောက်ဝေးဖို့ အကြောင်းဖန်လာခဲ့တယ်
မေမေတို့ ကဆောင်းသူနဲ့ကြိုက်တောသိသွားခဲ့တယ်
အမျိုးမျိုးတားခဲ့ပေးမဲ့ဆောင်းတို့ အဆက်အသွယ်မဖြတ်ဖျက်ခဲ့ကျဘူး
ဒီလိုနဲ့ပဲဆောင်းဖေဖေရောဂါဖြစ်လို့ ဆေးရုံတင်ခဲ့ရတယ်
ဆောင်းလဲတော်တော်လေးစိတ်ညစ်ခဲ့ရတယ်ဘာလုပ်ရမှန်းမသိအောင်
တွေဝေနေခဲ့မိတယ်ဆောင်းတို့ မိသားစုဘဝလေးဟာမပြည့်စုံပါဘူး
ဘဝအတွက်ရုန်းကန်နေရတဲ့မိသားစုဘဝလေးပါဒီလိုအချိန်မှာ
ဖေကေဆေးရုံတင်ကမေမေကလဲနေလို့ သိပ်မကောင်းဆောင်းတို့ ညီမနှစ်ယောက်
တယောက်ကိုတယောကိကြည့်ပြီးဘာလုပ်ရမှန်းမသိအောင်ဖြစ်နေခဲ့တယ်
အမျိုးတွေဆိုတာလဲလာကြည့်ဖို့ မပြောနဲ့ဘာဖြစ်တာလဲမေးဖော်အောင်မရခဲ့ဘူး
ဒါနဲ့ဆောင်းအလုပ်လုပ်ဖို့ စီစဉ်ခဲ့တယ်မမကလဲတဖက်တလှမ်းကနေပိုက်ရှာတယ်
ဒီလိုအချိန်မှာဆောင်းချစ်သူကိုဆောင်းဘဝထဲမခေါ်ချင်ခဲ့ဘူးဒါကြောင့်ဆောင်းသူနု့
အဆက်အသွယ်ဖြတ်လိုက်တယ်ဆောင်းတို့ လိုနိမ့် ကျတဲ့ဘဝထဲကို
သူကိုမခေါ်ချင်သလိုဆောင်းတို့ ရုန်းကန်နေရတဲ့နေ့ ရက်လေးတွေထဲမှာ
သူကိုမဖြတ်သန်းခိုင်းစေချင်လို့ ပဲဒီလိုနဲ့ပဲဆောင်းတို့ အဆက်အသွယ်ပြတ်ခဲ့တာ
၂နှစ်ကျော်ခဲ့တယ်အဲဒီ၂နှစ်အတွင်းမှာဆောင်းတို့ မိသားစုဘဝလေးလဲ
ပြည်လည်လာခဲ့တယ်သူ့ အကြောင်းကိုအဲ့အချိန်မှာကြားခဲ့တယ်
သူမိန်းမယူတော့မယ်တဲ့ဆောင်းရင်ထဲကိုဓါးတချောင်းလာစိုက်လိုက်သလိုပဲ
နာကျင်သွားတယ်ဒါပေမဲ့ကိုယ့်ချစ်သူပျော်ရွင်ပြီးစိတ်ချမ်းသာနေတာကိုမြင်ရတဲ့
အတွက်ပျော်မိတယ်ဘယ်လိုပဲဖြစ်ဖြစ်ဆောင်းလို့ ဝေးရတဲ့အကြောင်းကို
ပြောပြချင်ပေမဲ့ပြောမထွက်ခဲ့တဲ့ဆောင်းရဲ့ဘဝလေးကိုနားလည်ပေးပါမောင်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့