Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 April 2013

"ရင်ထဲက ကိုး ခြောက် ကိုး"


ပြီးခဲ့တဲ့ ရသတ္တတပတ်က တနင်္ဂနွေဆွမ်းပတ်တိုင်း ဆွမ်းဝတ်ပြုနေကြမို့ နံက် ၄ နာရီ လောက်
ဆွမ်းလောင်း ဓမ္မာရုံဆီသို့ ရောက်ခဲ့ပါသည်။ ထုံးစံအတိုင်း ဆွမ်းဝတ်ပြုပြီး နံက် ၅ နာရီ ခွဲကျော်
လောက် အိမ်ပြန်ဖို့ပြင်တော့ လူတစ်ယောက် လက်ကိုလှမ်းဆွဲလို့ ကြည့်မိတော့နယ်မှာတာဝန် ကျနေတဲ့ တူတော်မောင် ဆရာဝန်ဖြစ်နေတယ် ။ ခရီးရောက်မဆိုက်မို့ အထုတ်အပိုးတွေနှင့် ။ ကျုပ် လည်း အိမ်ပြန်နားမလားလို့မေးတော့ ဘုရားသွားမယ် ဦးလေးရယ် ဆိုတာနဲ့ ဓမ္မာရုံမှာ အထုတ်အပိုးတွေထားပြီး ဘုရားဘက်ထွက်ခဲ့တာပေါ့ ။ ဘုရားပေါ် မှာ ဟိုဟိုသည်သည်လေး
တွေပြောပြီး ဘုရားကြည်ညို ကိစ္စပြီးတော့ ဗိုက်ဆာ လာတာနဲ့ တူတော်မောင်ကို နံနက်စာ မင်း
ဘာစားချင်သလဲ မေးလိုက် တော့ "ဦးလေးအဆင်ပြေရာ ပေါ့ဗျာ။ ကျွန်တော်က တောကလူပဲ အဲ့ ဒါပေမယ့် ဗုဒ္ဓဘာသာမဟုတ်တဲ့ဆိုင်တော့ ခေါ်မသွားနဲ့ဗျ " လို့ပြောချလိုက်ပါလေရော။ ကျုပ်လည်း ရုတ်
တရက်ဆိုတော့ ကြောင်သွားတယ် တူတော်မောင်ကို ငေးကြည့်မိတယ် သူ့လေသံစကား အ
သွားအလာကြောင့် ဒီကလေး တော်တော် ရင့်ကျက် နေသလို ထင်မိသွားတယ် ။ ဒီတော့ "
မင်းကလည်း ဆရာဝန်တစ်ယောက်လုပ်နေပြီး ဒီလိုခွဲခြား ရလားကွ ၊ မင်းအရင်က ဒန်ပေါက်၊ ပူတီ၊ စမူစာ၊ ဘယာကြော်တို့ကို အတော်ကြိုက်တာနော် " ဆိုတော့ ၊" မှန်တယ် ဦးလေး ခုက မလုပ်လို့ မရတော့ဘူးဗျ ။ ကျွန်တော်က ဆရာဝန် ဆေးကုပေးတဲ့အခါ ကျွန်တော့်မှာ အဂတိ မရှိဘူး ဆင်းရဲ ၊ ချမ်းသာ ၊ ဘာသာ ၊ လူမျိုး မခွဲထားဘူး ။ ဘယ်သူ့မဆို ဆေးကုပေးဖို့က ကျွန်တော့်အလုပ်ပဲ ။ ဒါပေမယ့် ကျွန်တော် ရှာဖွေလို့ ရလာတဲ့ ငွေကိုတော့ ကျွန်တော့် စိတ်တိုင်းကျ ကိုယ့်အမျိုးသားတွေအသုံး တည့်မယ့် အကျိုးရှိမယ့် နေရာမှာ ကိုယ်ပိုင်အမြင်နဲ့ သုံးမယ်ဗျာ ကိုယ်ပိုင်ငွေကိုတော့ အဆိပ်ခတ်ခံရ ဖို့ မသုံးချင်ဘူးဗျာ "တဲ့ ။ ဒီစကားစုကို သူဟာ အသက်မရှုတမ်း ထက်သန်စွာ ပြောချ လိုက်တာ ဖြစ်ပါတယ်။ ကျုပ်လည်း ကဲပြောပါဦးကွာလို့စကား လမ်းကြောင်း လိုက်တော့ သူ့ရဲ့ ဒဿနတွေ အများကြီးကြား ရပါတော့တယ် ။

" ဦးလေးရာ " ကျွန်တော်တို့ မြန်မာလူမျိုးတွေဗျာ ဈေးရောင်းတယ် ဆွမ်းလောင်းကြတယ်ဗျာ ။
ဟော့မှာတွေ့လား " စောင်းတန်းတွင် ဆွမ်းလောင်းနေသော ကောင်မလေးကို လက်ညှိုးထိုး၍ " ရှိသည် မရှိသည် အသာထား ဆွမ်းထမင်း ကိုတော့ ဆန်ကောင်းလေး ဝယ်ချက်ပြီး လောင်း တယ်ဗျာ ။သူတို့ရတဲ့အမြတ် ဆိုတာ ကလည်း စားလောက်ရုံပါ ။ ကျွန်တော်တို့ အားပေးတော့
သံဃာတွေလည်း ဆွမ်း ကွမ်း အဆင်ပြေတော့ စာသင်ဖြောင့် သာသနာ အကျိုး ဖြောင့်ဖြောင့် သယ်ပိုးနိုင်တာပေါ့ ။ ဘာသာခြားတွေက ခုတလော အွန်လိုင်းပေါ်မှာကျွန်တော်တို့ဘာသာကိုသိပ် ပြီးစော်ကားနေကြတာဗျ ။ ကျွန်တော်တို့ ဆီကရတဲ့ အမြတ် နဲ့ ကျွန်တော်တို့ကို စိတ်ဒုက္ခပြန်
ပေး နေကြတာ။ သူတို့လူမျိုးကိုလည်း မမုန်းပါဘူး ။ဘာသာကိုလည်း မရှုံ့ချပါဘူး ။ သို့သော် ကိုယ်ပေးတဲ့ အမြတ်ငွေနဲ့ ကိုယ့်လူမျိုးကို ပြန်သွေးခွဲ ကိုယ့် ဘာသာကို လာတိုက်ခိုက်တာမျိုး ကတော့ အားမပေးချင်ဘူးဗျာ ။ ကျွန်တော်တောင် အရင်ကလို အိပ်ယာထအိပ်ယာဝင် ပုဆိန် ပေါက် ဘုရား ရှိခိုးတာမျိုး မလုပ်တော့ ဘူးဗျ ။ မနက်ဆို ဆွမ်းတော်ကပ်၊ ရေတော်ကပ် သေချာငါးပါးသီလခံတာဗျ ။ ကျုပ်ကတော့ သူ့စိတ်အားထက်သန်နေမှုကို ခန့်မှန်း မိတာနဲ့ သူ့စကားပြတ် သွားမှာစိုးလို့ ထောက်တောင်မပေးပဲ သူ့ စကားတွေကို သေချာနားထောင်နေမိတော့တယ်။

ပြောယင်း လျှောက်လာရင်းနဲ့ ဘုရားအရှေ့ဖက်မုဒ်ကဆင်း မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင်က မုန့် ဟင်းခါးစား ပြီး အပြန်လမ်းမှာတော့ တူဝရီးနှစ်ယောက် အတွေးကိုယ်စီနဲ့ စကားမပြောဖြစ်
တော့ ပဲ အိမ်သို့ အပြန်လမ်းမှာ စဉ်းစားမိလာတာကတော့..

ကျွန်တော်တို့ ကိုးခြောက်းကိုး ကို နှိုးဆော်သည်ဖြစ်စေ ၊ မနှိုးဆော်သည်ဖြစ်စေ ၊ ကိုယ်ပိုင်အ မျိုးသားရေး စိတ်ဓါတ်ရှိဖို့က အရမ်းအရေးကြီးပါတယ် ။ ကိုးခြောက်ကိုး ဆိုတာ တကယ်ဆိုရင်
ဘာသာခြားမုန်းတီးဖို့ ၊ လူမျိုးရေး ဘာသာရေး သွေးခွဲဖို့ ဆောင်ရွက်နေကြတာ မဟုတ်ဘဲရင်ထဲမှာ ကိုယ်စီရှိနေကြတဲ့ အမျိုးသားရေး အသိတွေကို ခေါင်းစဉ် သတ်မှတ်ပေးလိုက်တာသဘောပါပဲ။
ကိုးခြောက်ကိုး မှမဟုတ်ဘဲ မည်သည့် ခေါင်းစဉ်အောက်မှာပဲ ဖြစ်ဖြစ် ရှောင်ရန် ဆောင်ရန် ဆို
သောအသိတရား သာလျှင် ပဓာနပါ ။ မည်သည့် လူမျိုးကိုဖြင့် မုန်း ရမည် ၊ မည်သည့် ဘာသာ
တရားကို တိုက်ခိုက်ရမည် ဆိုသော အငုံ့စိတ်ကြောင့် မဟုတ်ဘဲ ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကို မိမိ တကိုယ်ရည် ပိုင်ဆိုင်သော ဆန္ဒ အာသီသ ဝါဒ ပညာစသဖြင့်ချုပ်တည်း
ပြီး သစ္စာ စောင့်သိခြင်းသည် မည်သည့် အမုန်းတရားများနှင့် မှ မသက်ဆိုင်ပါပေ ။ မည်သည့် နည်း နှင့်မျှ စိတ်သဘောထား သေးသိမ်ခြင်းဟု မခေါ်ဆိုသာပါ ။ ထို့ကြောင့် ကိုးခြောက်ကိုး သည်ဖြစ်စေ ၊ကိုးခြောက် မကိုး သည်ဖြစ်စေ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ဦးချင်း၏ ရင်ထဲတွင်
မိမိ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လိုစိတ် အမှန်တကယ် ရှိပါက မည်သည့် တံဆိပ်
ကပ်ကပ် အဓိကသည် ရင်ထဲက အမျိုးဘာသာ စောင့်ရှောက်လိုစိတ်သာလျှင် ဖြစ်ပါတော့တယ်
ခင်ဗျား .. ။ ဦးယဉ်ကျေး ။ ။ ၈ ၊ ၃ ၊ ၂၀၁၃ ။ ။(Face book) မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့