Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 April 2013

နှစ်သစ်သင်္ကြန်မှာ တနိုင်ကုသိုလ်နဲ့ သာသနာပြု ကြမယ်...


အချိန်ကတော့ အနည်းငယ်နီးနေပေမယ့် သတိရလို့ မျှဝေပါအုန်းမယ်။
သင်္ကြန်ရောက်တိုင်း မြန်မာတို့ ရဲ့  ထူးခြားတဲ့ ပွဲတော်ဖြစ်တာမို့ ဘာသာရေးပါ ဆက်နွယ်တတ်ပါတယ်။
ကုသိုလ်ရေးတွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊စတုဒီသာ နဲ့ ဘေးမဲ့လွှတ်ပွဲ စတာတွေကို လည်း ပြုလုပ်ကြပါတယ်။
သက်ကြီးရွယ်အိုကန်တော့ခြင်း၊ ကုသိုလ်ဖြစ် လက်သည်းညှပ်၊ခေါင်းလျှော်ပေးခြင်း စတဲ့ ဝေယျာဝစ္စတွေ အပြင် တရားစခန်းဝင်ခြင်း၊ သင်္ကန်းဝတ်ခြင်း စတာတွေကို ပြုကြပါတယ်။
ခုမျှဝေချင်တာကတော့ သင်္ကြန် ရုံးပိတ်ရက်တွေမှာ ရဟန်းပြုချင်တဲ့ ဒုလ္လဘ တွေကို ၃ ရက်...၅ ရက်စသဖြင့် သင်္ကန်းဝတ်တဲ့ခါ ဆင်းရဲနွမ်းပါးတဲ့သူတွေကို စရိတ်ခံပေးခြင်းပါဘဲ။

ကျွန်မမေမေကတော့ အဲလို ကုသိုလ်မျိုးကို တစ်ယောက်ကနေ သုံးလေးယောက်အထိ လုပ်ဖြစ်ပါတယ်။မေမေရဲ့  ကုသိုလ်ကိုအားကျလို့ ကျွန်မလည်း ခုလို ကုသိုလ်မျိုးတွေ ပြု ဖြစ်ပါတယ်။
ကလေးများကိုလည်း ခုလို တရားစခန်းဝင်၊သင်္ကန်းဝတ် ပေးပြီး ကုန်ကျစရိတ်တွေ ပေးလှူခြင်းဖြင့် သာသနာ့ အုတ်မြစ်ကို ချရာလည်း ကျ ပါတယ်။
တရားစခန်းလို သင်္ကန်းဝတ်ရင်း တရားအားထုတ်နိုင်မယ့် ကျောင်းမျိုးကို ဦးစားပေးရွေးချယ်ခိုင်းပါတယ်။ တရားအားထုတ်တတ်တဲ့မျိုးစေ့ ရအောင်ပါ။
ကုသိုလ်လည်းရ၊သာသနာလည်း ပြု ရာကျတဲ့ ရာသီလိုက်ဒီကုသိုလ်လေးတွေကို သင်္ကန်းဝတ်ချင်တဲ့ ဆန္ဒရှိသူများအား ထောက်ပံ့ခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါကြောင်း အသိပေးလိုက်ပါတယ်ရှင်။

မေတ္တာဖြင့်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့