Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

ဘယ်လိုယောက်ျားလေးမျိုးက ချစ်သူကောင်း၊ချစ်သူစစ်ဖြစ်နိုင်မလဲ.............

(၁)သင့်မွေးနေ့လိုရက်မျိုးမှာ အနည်းဆုံး နံနက်စောစောထပြီး ဘုရားခန်းဝင်ပြီးသင့်အတွက် ဆုတောင်းဝတ်ပြုပေးတာမျိုးပေါ့.။ပိုသာတဲ့  အဆင်ပြေမှု့နဲ့ ဆို သင့်မွေးနေ့ အတွက် အလှူအတန်းတစ်ခုခုမျိုးလုပ်ပေးတာမျိုးပေါ့.။
ဘယ်ယောက်ျားလေးမှတော့  ကိုယ်အချိန်ထဲကပါတဲ့  အလုပ်တွေကို မချစ်ပဲနဲ့ လုပ်ပေးမှာမဟုတ်ဘူးလေ...........။

(၂)ယောင်လိုဖြစ်ဖြစ်...၊ပျော်လို့ ဖြစ်ဖြစ်....၊ချစ်လို့ ဖြစ်ဖြစ် မိန်းမရေလို့  အပြောခံရဘူးလား...။
သူတို့ စိတ်ထဲမှာ မရည်ရွယ်တဲ့  မိန်းကလေးတစ်ယောက်ကို ချစ်သူထက်ပိုတဲ့  အသုံးအနှန်းသုံးဖို့ ဆိုတာ ...တကယ်မချစ်တဲ့  သူအတွက်မဖြစ်နိုင်ဘူးလေ........။

(၃)အ၀တ်အစားနဲ့ ပတ်သတ်လို့ ဖြစ်ဖြစ်၊နေပုံထိုင်ပုံနဲ့ ဖြစ်ဖြစ်...သူတို့ လိုသလို ပုံသွင်းခံရဖူးလား....။ အနည်းဆုံးယောက်ျားတိုင်းမှာ သူတို့ ဖြစ်ချင်တဲ့  အတ္တကလေးတွေကို သူတို့ ချစ်တဲ့ သူတွေကို ပြုမှုစေချင်ကြတယ်။တကယ်မချစ်တဲ့ အပျော်တွဲတဲ့ယောက်ျားလေးအတွက်တော့  သင်ဆံပင်ကောက်ကောက်၊ဆံပင်ဆေးဆိုးဆိုး မဆိုးဆိုး သူလိုက်ဝေဖန်နေမှာမဟုတ်ဘူးလေ...........။

(၄)ဘာဟင်းစားလဲ၊ရေချိုးတာဂရုစိုက်၊နွေးနွေးထွေးထွေးနေ၊အစားမှန်အောင်စား၊အိပ်ချိန်မှန်မှန်အိပ်၊ဘုရားရှိခိုးပြီးပြီးလား လို့  အစရှိသဖြင့် ညွှန်ကြားချက်တွေများပေးဖူးသလား............။သူတို့ ကိုယ်တိုင်တောင် ဂရုစိုက်ဖို့ မေ့ နေတဲ့  အရာတွေကို သတိတရမှာနေရင်....သင့်ကိုအလေးထားတာ ပေါ်လွင်နေပါပြီ။

(၅)တချို့ သော သင့်ရဲ့ အသုံးအနှုန်းတွေ၊တချို့သော သင့်ရဲ့အနေအထိုင်တွေကို ပြင်းပြင်းထန်ထန် ကန့် ကွတ်လိမ့် မယ်။အနည်းဆုံး သင်ကို သူအပေါင်းအသင်းတွေကြားမှာ အပြစ်အနာဆာလေးကို အပြောမခံစေချင်ဘူးလေ။ပတ်ဝန်းကျင်ကြားထဲမှာ ကိုယ်ထည်ပြဖို့  ထိ မရည်ရွယ်ခဲ့ဖူးဆိုရင်...သူဘာလို့  အမုန်းခံပြီးပြောနေတော့ မလဲ...........။

(၆)သင့်ရဲ့ မေတ္တာကိုယူရင်း သင့်အိမ်ပတ်ဝန်းကျင်နဲ့ လည်းနီးစပ်အောင် တဖြည်းဖြည်း လုပ်ယူလာလိမ့် မယ်။အနည်းဆုံး အိမ်ကိုဖုန်းမှန်မှန်ဆက်ရဲ့လား ဆိုတာမျိုးပေါ့။သူတို့ ကိုယ်တိုင်လည်း သူတို့ အကြောင်းကို သင့်အိမ်မှာအကောင်းဆုံးဖြစ်ချင်ကြတယ်လေ။တဘ၀လုံးအတွက်မရည်ရွယ်ရင်....အိမ်ခေါ်မယ်လို့ ပြောတာနဲ့  တပ်ခေါက်သွားတဲ့ ယောက်ျားလေးတွေအများကြီးမဟုတ်လား............။

အများကြီးမဟုတ်တောင်ဒီအချက်တွေပြည့်စုံနေရင်.....
သင့်မှာချစ်သူကောင်းတစ်ယောက်ရနေပါပြီ။
ပိုနွေးနွေးထွေးထွေးဆက်ဆံပေးပေါ့။
ယောက်ျားလေးတွေဆိုတာ မိန်းမတွေထက်ပိုထိခိုက်ရှလွယ်တယ်မဟုတ်လား။စကားများလို့  အဆင်မပြေရင်တောင် နံရံကို လက်တီးနဲ့ ပြေးထိုးချင်နေတဲ့ အမျိုးတွေဆိုတော့ ....;)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့