Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 19 August 2013

သံဃာများ အခမ်းအနားလုပ်လျှင် ခွင့်ပြုချက်ကြိုယူရမည်





သြဂုတ်လ (၁၆)ရက်နေ့ က အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက်တွင် အမျိုးဘာသာ  သာသနာ စောင့်ရှောက်ရေး အဖွဲ့ အနောက်ပိုင်း ခရိုင်သံဃာတော်များ တွေ့ဆုံ ညှိနှိုင်း ပွဲပြုလုပ်စဉ်။ 







 ရန်ကုန်- ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်း နှင့် အခြားနေရာများတွင် အခမ်းအနား ပြုလုပ်မည့် ရဟန်း၊ သံဃာတော်များ အနေဖြင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ထံ အကြောင်း ကြားရန်နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရန် အသိပေးထားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းများတွင် ဗုဒ္ဓ ဘာသာရဟန်းအဖွဲ့အစည်းများ အခမ်းအနားများ ပြုလုပ်ရာ၌ ပိုမိုစိစစ်တင်းကျပ်မှုများရှိလာပြီး ဟိုတယ်နှင့်ခန်းမများ ငှား ရမ်းရာတွင် ငြင်းပယ်မှုများရှိလာကြောင်း သံဃာတော်များထံမှ သိရသည်။

“ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေအနေနဲ့ ဘာပွဲပဲဖြစ်ဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အကြောင်းကြားဖို့နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီက ခွင့်ပြုချက်ယူဖို့ ပြောထားတယ်။ ခုရက်ပိုင်း အပြင်ကဟိုတယ်နဲ့ ခန်းမတွေငှားရင် ဘုန်းကြီးပွဲဆို လက်မခံဘူးပြောတယ်။ အခုလုပ်မယ့် ပွဲတစ်ပွဲတောင် နားလည်မှုယူပြီး လုပ်ထားရတယ်”ဟု ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုမှ သံဃာတော်တစ်ပါးက မိန့်သည်။

သြဂုတ်လ ၈ ရက်မှစ၍ ဟိုတယ်၊ ခန်းမများတွင် ဟောပြောပွဲနှင့် အခမ်းအနားများ ပြုလုပ်ပါက နှစ်ပတ် ကြိုတင်ခွင့်ပြုချက်ရယူရန် သက်ဆိုင်ရာက အမိန့်ထုတ်ပြန်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှအမိန့်ဖြင့် အခမ်းအနားများ၊ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ခွင့်ပြုချက်ယူရန် သတ်မှတ်လိုက်ခြင်းသည် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိလာသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့