Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

မှော်ဘီချောင်း ရေလျှံသဖြင့် (၄)ရပ်ကွက်ရှိ နေအိမ်ခြံဝင်းများ အတွင်း ရေများဝင်ရောက်


၃.၈.၂၀၁၃ ရက်နေ့ နံနက်ပိုင်းမှ စ၍ မှော်ဘီမြို့နယ်တွင် မိုးအဆက် မပြတ် ရွာသွန်း မှုကြောင့်
 တောင်ကျ ရေများ ကျခဲ့သဖြင့် မှော်ဘီချောင်း ရေလျှံကာ မှော်ဘီမြို့ (၄)ရပ်ကွက်အတွင်းရှိ ယမုံနာ A၊ ယမုံနာ B၊ ယမုံနာ C ၊ ၁၅၀၀ ကွက်၊ ၅၀၀၀ ကွက်ပိုင်းရှိ နေအိမ်ခြံဝင်းများ အတွင်း ရေများ ၀င်ရောက်ခဲ့ရာ ရေအမြင့်  ၁ ပေ ၆ လက်မခန့် ရှိခဲ့ပါသည်။

အဆိုပါ ရေများ ၀င်ရောက်မှုကြောင့် နေအိမ်များ ပြောင်းရွှေ့ရခြင်း၊ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ရခြင်း စသည့် အခြေအနေမျိုး မရှိသော်လည်း ရေ၀င်ရောက်သဖြင့် ချက်ပြုတ်စားသောက်ရန်
အခက်အခဲရှိ သောအိမ်ထောင်စု (၂၂၄ )စု၊ လူဦးရေ ကျား (၅၀၁)ဦး၊ မ (၅၃၅)ဦး၊ စုစုပေါင်း (၁၀၃၆)ဦးတို့အား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဦးနှင့် မှော်ဘီမြို့ (၄)ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့်အဖွဲ့တို့မှ နီးစပ်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း၍ လတ်တလော စားသောက်နိုင်ရန် ထမင်းထုပ်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့