Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

ဆားလင်းကြီးမြို့နယ်တွင် ဗုဒ္ဒဆင်းတုတော် (၇) ဆူခိုးယူခံရသဖြင့် ရဲတပ်ဖွဲ့မှ အပူတပြင်း စုံစမ်းလျက်ရှိ

 ဆားလင်းကြီး၊ သြဂုတ် ၁၂ ရက်နေ့ 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဇီပဏီတောင်ရွာအုပ်စု၊ ကုန်းကြီးကျေးရွာ၊ ရတနာမှန်စီကျောင်းတိုက်ဝင်းအတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းစေတီ ( ၃) ဆူရှိ ကျောက်ဆင်းတု ဗုဒ္ဒရုပ်ပွားတော် (၇)ဆူအား ယခုလ ၈ ရက်နေ့ခန့်က ခိုယူခံရကြောင်း ကုန်းကြီးကျေးရွာနေ တောင်သူကြီး ဦးဝင်းဗိုလ်မှ ယခု လ ၁၀ ရက်နေ့ ညနေပိုင်းအချိန်ခန့်က ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသဖြင့် သိရှိရသည်။

အဆိုပါ မှတ်တမ်းများတွင် ရတနာမှန်စီကျောင်းတိုက်ဝင်းအတွင်းရှိ စေတီသုံးဆူအနက်မှ မြောက်ဘက်စေတီအတွင်းရှိ ဥာဏ်တော် ၂ပေခွဲခန့်ရှိ ကျောက်ဆင်းတု (၁) ဆူ၊ ဥာဏ်တော် ၁ ပေခွဲခန့်ရှိ ကျောက်ဆင်းတု (၃) ဆူ၊ အလယ်စေတီတော် အတွင်းရှိ ဥာဏ်တော် ၂ ပေခွဲခန့်ရှိ ကျောက်ဆင်းတု (၁) ဆူ၊ တောင်ဘက်စေတီတော်အတွင်းရှိ ဥာဏ်တော် ၁ ပေခွဲခန့်ရှိ ကျောက်ဆင်းတု (၁) ဆူ၊ ဘုရားသိမ်ကျောင်းတိုက်အတွင်းမှ ဥာဏ်တော် ၂ ပေ ခွဲခန့်ရှိ ကျောက်ဆင်းတု (၁) ဆူ၊ ပေါင်း (၇) ဆူခန့်အား ခိုးယူခံခဲ့ရသည်ကို တောင်သူကြီး ဦးဝင်းဗိုလ်မှ သူ၏ သပြေခြံလုပ်သားနှစ်ဦးနှင့်အတူ ဘုရားဝင်းအတွင်းမှဖြတ်၍ တောသို့သွားရာတွင် ဘုရားဆင်းတုတော်များ ခိုးယူခံရကြောင်း သိရှိရသဖြင့် ကျောင်းထိုင်ဆရာတော် ဦးပညာစက္ကထံ တင်ပြ လျောက်ထားခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်၍ ဖော်ပြထားကြောင်း သိရသည်။

ထို ဗုဒ္ဒဆင်းတုတော်များအား ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အပူတပြင်းစုံစမ်းဖော်ထုတ်နိုင်ရန်အတွက် ဆားလင်းကြီး ရဲစခန်း (ပ) ၂၁၁/ ၂၈၇ / ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅ အရ ကျားတက်ရဲစခန်းမှူး ရဲအုပ် မြခိုင်ဦးမှ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆားလင်းကြီးဒေသသည် ရှေးဟောင်းယဉ်ကျေးမှု သာဿနိက ရှေးဟောင်းစေတီ ပုထိုးများ အများအပြားရှိရာ ယခင်ကလည်း မကြာခဏ ဗုဒ္ဒဆင်းတုတော်များ ပျောက်ဆုံးတတ်လေ့ရှိကြောင်း ဇီးပဏီကျေးရွာခံ တစ်ဦး၏ ပြောပြချက်များ အရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့