"လုံခြုံရေးတွေ ပြန်ပြီးချထားတယ်ဆိုတာ ဟုတ်ပါတယ်။ တစ်နေကုန်တော့ မဟုတ်ပါဘူး။ ကျောင်းတက်ချိန် ၀င်လာတဲ့ကျောင်းသားတွေကို ကျောင်းသားဟုတ် မဟုတ်စစ်ဆေးခြင်း ဖြစ်ပါတယ်။ အရင်လကုန်ပိုင်းလောက်မှာ ဒီကျောင်းကဆရာမတစ်ယောက်ကို လူငယ်တစ်ယောက်က ဆိုင်ကယ်မောင်းရင်းနဲ့ ဆဲသွားပါတယ်။ ကျောင်းသားမဟုတ်ပါဘူး။ အပြင်ကပါ။ ဒါကြောင့် ကျောင်းနဲ့ မသက်ဆိုင်တဲ့လူတွေ ၀င်ထွက်သွားလာမှုကို စိစစ်တဲ့သဘောပါ" လို့ ပြောကြားပါတယ်။
မုံရွာတက္ကသိုလ်သည် ယခင်ပါမောက္ခချုပ်များလက်ထက်က လုံခြုံရေးအင်အားကို တစ်နေ့ ဆရာ၊ ဆရာမ (၈၀)ဦးခန့် တာဝန်ချထားပါတယ်။ သံလက်သီးနဲ့ အုပ်ချုပ်သူများ လို့တောင် ခေါ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ လုံခြုံရေးမှာ လျှော့ချပြီး သင်ကြားရေးအပိုင်းကို ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ပညာရေးကို မြှင့်တင်ဆောင်ရွက်နေချိန် အနှောက်အယှက်ဖြစ်စေမယ့် ပညာရေးနဲ့ မသက်ဆိုင်သူများ ကျောင်းသားထုအတွင်း ၀င်ရောက်နေတာကို ခုလိုကျောင်းသားကတ်စစ်ဆေးရုံနဲ့ မရနိုင်ပါဘူး။ ဆရာနဲ့ ကျောင်းသားပူးပေါင်းဆောင်ရွက်မှ ရနိုင်မှာဖြစ်ကြောင်း အကြံပြု တင်ပြလိုက်ပါတယ်။
No comments:
Post a Comment