Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 3 August 2013

တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြင့် တရားစွဲခံရ

 တစ်ကိုယ်တော် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် ဦးထင်ကျော်အား ရန်ကုန် တိုင်းဒေသကြီး အစိုးရမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅ ခ )ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ပုဒ်မ ( ၅၀၅ ခ ) ဖြင့် တရားစွဲခံရမှုတွင် ၄င်းအပါအ၀င် ၄င်းအဖွဲ့ရှိ ဦးမြင့်နိုင် ၊ ဒေါ်စိန်ထွေး နှင့် ဦးလူအေးတို့ ပါဝင်သည်ဟု ဦးထင်ကျော်ဦးဆောင်သော ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ သိရသည်။

မြောက်ဥက္ကလာ ရဲစခန်းသို့ ရောက်ရှိ နေသော ဦးထင်ကျော်အား ဆက် သွယ်မေးမြန်းရာတွင် "ဟုတ်တယ် ကျွန်တော်တို့ကို ဖမ်းထားတယ်။ ထောင်ထဲပို့တော့မှာ ။ ပြောချင်တာ ကတော့ ခရိုနီ တွေကို အရေးယူလို့မရဘူး ။ အမှုဖော်ထုတ်တဲ့ လူကို ထောင်ထဲပို့တယ်
ဆိုတာပဲ၊" ဟု ပြောသည်။

လက်ရှိတွင် ဦးထင်ကျော်သည် မြောက်ဥက္ကလာ ရဲစခန်းရှိ စခန်းမှူး ရုံး အတွင်းရှိနေပြီး ယနေ့ ညနေ၌ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရမည်ဟု သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့