Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

လုပ်ငန်းရှင်များ အခွန်တိမ်းရှောင်မှု မဖြစ်ပေါ်စေရေး အဓိကထား ဆောင်ရွက်လျက်ရှိ


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လက်ရှိ ပြည်တွင်းမှာ
စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိတဲ့ လုပ်ငန်းရှင်များ၊ အခွန် တိမ်းရှောင်မှု မဖြစ်ပေါ်စေရေး အတွက် အခွန် ကောက်ခံမှု လုပ်ငန်းစဉ် များကို အဓိကထား အလေးပေး ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ ပြည်တွင်း အခွန်များ ဦးစီးဌာန အနေနဲ့ နယ်စပ် ကုန်သွယ်မှုဖြင့် ကုန်သွယ်မှု၊ ပုံမှန် ကုန်သွယ်မှု စနစ်ဖြင့် ကုန်သွယ်မှု အစရှိတဲ့ ကုန်သွယ်မှု အမျိုးမျိုးနဲ့ လုပ်ငန်း ဆောင်ရွက်ကြတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းများ အပေါ် ကြိုတင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ ကောက်ခံခြင်းကို ပြီးခဲ့တဲ့ ဇွန်လ အလယ်လောက် ကတည်းက စတင် ဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကောက်ခံရရှိ ထားတဲ့ သတင်းစာရင်း အချက် အလက်များနဲ့ ကောက်ခံ ရရှိတဲ့ ကြိုတင်ဝင်ငွေ ခွန်များစာရင်းကို လစဉ် ကြိုတင် ကောက်ခံရရှိမှု အပေါ် နယ်စပ် ကုန်သွယ်မှုမှ တစ်ဦးတည်းပိုင် လုပ်ငန်း၊ နယ်စပ် ကုန်သွယ်မှုမှ ကုမ္ပဏီများ၊ ပုံမှန် ကုန်သွယ်မှုမှ တစ်ဦးတည်းပိုင်နဲ့ ပုံမှန် ကုန်သွယ်မှုမှ ကုမ္ပဏီများဆိုပြီး ခွဲခြား ပေးပို့ရန် ဆောင်ရွက် ထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။

ဒီလို ဆောင်ရွက်မှု အပြင် အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့အား ဖွဲ့စည်း ထားပြီး လုပ်ငန်း အမျိုးအစားတူ အခွန်ထမ်း များအား ခေါ်ယူ တွေ့ဆုံပြီး ရသင့်ရထိုက်တဲ့ အခွန်ငွေများ အပြည့်အ၀ ရရှိစေရေး အတွက် ဆောင်ရွက်မှု များလည်း ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခွန်ငွေ အပြည့်အ၀ ပေးဆောင် စေရေး အတွက်လည်း ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့