ဗြိတိန်ပါလီမန် အောက်လွှတ်တော်ဥက္ကဋ္ဌ Jorn Bercow ကြာသပတေးနေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ မိန့်ခွန်းပြောစဉ်။ (သြဂုတ်လ ၁၊ ၂၀၁၃) ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်း ဖြစ်ခွင့်မရတဲ့ အခြေခံဥပဒေ အပြောင်းအလဲဟာ ရယ်စရာမကောင်းလှတဲ့ ပြက်လုံးတစ်ခုဖြစ်လိမ့်မယ်လို့ ဗြိတိန်ပါလီမန် အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစု တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ စစ်မှန်တဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ကို ဖော်ဆောင်ဖို့လည်း အစိုးရ ကို တိုက်တွန်းခဲ့ပါတယ်။ စစ်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေ၊ မုဒိန်းမှုတွေကို ရပ်ကြပါလို့လည်း သမ္မတ၊ အစိုးရနဲ့ တပ်မတော်တို့ကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ သီတင်းတစ်ပတ်ကြာ ခရီးစဉ်တစ်ခုနဲ့ ရောက်နေတဲ့ ဗြိတိန်ပါလီမန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန် ဘားကိုး (Jorn Bercow) ဟာ ကြာသပတေးနေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ မိန့်ခွန်းတစ်ခု ပြောခဲ့ချိန်အတွင်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာပါ။ အပြောင်းအလဲတွေကို အသိအမှတ်ပြု ကြိုဆိုတာနဲ့ တစ်ချိန်ထဲမှာပဲ လုပ်ဆောင်ဖို့ ကျန်သေးတာတွေကို လုပ်ဖို့ တိုက်တွန်း ပြောဆို ခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး ဖိနှိပ်ရာရောက်တဲ့ ဥပဒေပြဌာန်းချက်တွေကို ရုပ်သိမ်းလိုက်ပြီ ဆိုဦးတောင်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်နှိုက်က ဒီမိုကရေစီကို တားဆီးနှောင့်ယှက်နေမယ်ဆိုရင် အနှစ်သာရရှိတဲ့ အသွင်ကူးပြောင်းရေးဟာလည်းပဲ အတားဆီး အနှောင့်ယှက်ခံရမှာပဲလို့ ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
"ဒါကြောင့်လည်း ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အမှန်တကယ် ဘယ်သူ့ကိုမှ ချန်မထားခဲ့ဘဲ အားလုံးပါစေချင်ရိုးမှန်မယ်၊ တရားလည်းဝင် သဘာဝလည်းကျရိုးမှန်မယ်ဆိုရင် သမ္မတအဖြစ် ရွေးချယ်ခံနိုင်ဖို့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းနဲ့ဆက်စပ်တဲ့ ပြဌာန်းချက် တွေ၊ လူမျိုးစုပြည်နယ်တွေအတွက် အုပ်ချုပ်ပုံစနစ်နဲ့ စပ်လျဉ်းတဲ့ ပြဌာန်းချက်တွေ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစော တလျင် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နောက်သမ္မတသစ်အဖြစ် ဘယ်သူ့ကိုရွေးမလည်း ဆိုတာ မြန်မာနိုင်ငံရဲ့ လွှတ်တော်ကသာ ရွေးကောက် တင်မြှောက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် ရွေးချယ်ခံခွင့်မရတဲ့ ဘယ်လို အခြေခံဥပဒေအပြောင်းအလဲကိုမဆို ကျနော့်နိုင်ငံမှာရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ရယ်စရာမကောင်းလှတဲ့ ပြက်လုံးတစ်ခုအဖြစ် ယူဆကြမှာ မလွဲပါဘူး။" လို့ မစ္စတာဘားကိုးက ပြောပါတယ်။
လူမျိုးစုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတာ၊ လက်နက်ကိုင်အဖွဲ့ အများအပြားနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီခဲ့တာတွေကို သူကကြိုဆိုပါတယ်။ တဆက်ထဲမှာပဲ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
"ဒါပေမဲ့လည်း ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး ဖော်ပြပြောဆို ခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ တကယ့် ကနဦးအစသာ ဖြစ်နေသလိုပါပဲ၊ အပစ်အခတ်ရပ်စဲရေးတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ ရည်ရွယ်ရိုးမှန်ရင် ယိုင်နဲ့နဲ့ ကနဦး အပစ်အခတ်ရပ်စဲရေးတွေကနေ ပိုပြီး အနှစ်သာရရှိတဲ့ တစ်ခုခုဆီ ဦးတည်ရ ပါလိမ့်မယ်။ ၆၆ နှစ်ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် ကရင်လှုပ်ရှားသူတစ်ယောက်က ကျနော့်ကို ပြောခဲ့ဖူး သလိုပါပဲ။ အပစ် အခတ်ရပ်စဲရေးဆိုတာ ဆိုင်းငံ့ခလုတ်ကို နှိပ်လိုက်ရုံ သက်သက်ပါ၊ ရပ်တံ့ ခလုတ်ကို ကျနော်တို့ နှိပ်ဖို့လိုပါတယ်။ ဒါကြောင့် အခုထက် ပိုလုပ်ဆောင်ပြီး လူမျိုးစု တိုင်းရင်းသားတွေ နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ဖို့" သူက အစိုးရကို အားပေး တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရေးအဖြေတစ်ခုမပါဘဲနဲ့တော့ ပဋိပက္ခရဲ့ အရင်းခံ အကြောင်းတွေကို ဖြေရှင်းနိုင်မှာ မဟုတ်သလို ငြိမ်းချမ်းရေးလည်း ရမှာ မဟုတ်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သူကြားခဲ့ရတဲ့ ကချင်ပြည်နယ်ဘက်က အိုးအိမ်စွန့်ထွက်ပြေးရတာတွေ၊ ကျေးရွာတွေ ဖျက်ဆီးခံရတာ တွေ၊ မုဒိန်းကျင့်၊ အတင်းအဓမ္မ အလုပ်ခိုင်း၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေကို ဖော်ပြပြီး အဲဒါတွေ အားလုံးကို ရပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
"ဒီနိုင်ငံနဲ့ ဒီကလူထုရဲ့ မိတ်ဆွေတစ်ဦးအနေနဲ့ သမ္မတ၊ အစိုးရအဖွဲ့နဲ့ စစ်တပ်ကို ကျနော် ရှင်းလင်းစွာ နဲ့ ပြတ်သားစွာ ပြောလိုက်ပါတယ်၊ သတ်ဖြတ်တာတွေကို ရပ်ပစ်ပါ၊ နှိပ်စက်တာတွေကို ရပ်ပစ်ပါ၊ မုဒိန်းမှုတွေကို ရပ်ပစ်ပါ၊ အဓမ္မ ခိုင်းစေတာတွေကို ရပ်ပစ်ပါ။ အဲဒီတော့မှသာ လှပပေမဲ့လည်း ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ် နိုင်ငံရဲ့ တခြားနေရာတွေမှာပဲဖြစ်ဖြစ် အမှောင်ဖုံးပြီး အသိဉာဏ်နုံနဲ့နေရတဲ့ တိုင်းပြည်နဲ့လူထုဟာ ပြန်လည်သင့်မြတ်ဖို့၊ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တစ်ခုကို တည်ဆောက်ဖို့ သူတို့ရဲ့ဘ၀တွေကို ရုပ်ပိုင်းအရသာမကဘဲ စိတ်နှလုံးပိုင်း အရပါ ပြန်ပြီးတည်ဆောက်မှုတွေ စလုပ်နိုင်မှာဖြစ်ပါတယ်။" လို့ မစ္စတာဘားကိုးက ပြောခဲ့ပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကို နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေနဲ့ လိုက်လျောညီထွေစွာ ပြန်လည် သုံးသပ်ပြီး ပြင်ဆင်ဖို့လည်း အစိုးရကိုရော လွှတ်တော်ကိုပါ သူက တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် နားလည်မှုလွဲနေတာတွေကို ပြင်ဆင်နိုင်ဖို့၊ သတင်းအမှားတွေကို တန်ပြန်နိုင်ဖို့နဲ့ ခွဲခြားဆက်ဆံတာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရာ မြန်မာနိုင်ငံက သူ့ အခေါ် အားဖြင့် ရိုဟင်ဂျာလူထုရဲ့ သမိုင်းကြောင်းကို စစ်မှန်ပြီး သီးခြားလွတ်လပ်တဲ့ သရုပ်ခွဲလေ့လာမှုတစ်ရပ် လုပ်ဖို့ကိုလည်း မစ္စတာ ဂျွန် ဘားကိုး က တောင်းဆိုခဲ့ပါတယ်။
တနင်္လာနေ့က စတင်တဲ့ ခရီးစဉ်မှာ မစ္စတာဘားကိုးနဲ့အတူ ဗြိတိသျှ နိုင်ငံရေးပါတီစုံက ကိုယ်စားလှယ်တွေ ပါလာတာပါ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊
ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းတို့အပြင် လွှတ်တော်ရေးရာကော်မတီတွေက ဥက္ကဋ္ဌ တွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ သူနဲ့ တခြား ဗြိတိသျှလွှတ်တော်အမတ်တွေဟာ ဗြိတိသျှပါလီမန်မှာ ဘယ်လို လုပ်ငန်း လုပ်ဆောင် လည်ပတ်တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေတဲ့ ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့ပါ သေးတယ်။
ကြာသပတေးနေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာပြောတဲ့ သူ့ရဲ့မိန့်ခွန်းကို တက္ကသိုလ်ကျောင်းသားတွေ အပါအ၀င် မြန်မာ့ ပညာရေး အသိုင်းအ၀န်းက တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက် နားထောင်ခဲ့ကြပါတယ်။
မနက်ဖြန် သောကြာနေ့မှာတော့ မစ္စတာ ဂျွန် ဘားကိုးဟာ မွန်ပြည်နယ်ဆီသွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ မွန် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဗြိတိန် ပြည်ပဖွံ့ဖြိုးတိုးတက်ရေးဌာနက ရန်ပုံငွေ ထောက်ပံ့ ထားတဲ့ စီမံကိန်းတွေကို လှည့်လည်ကြည့်ရှုမယ်လို့ ရန်ကုန်မြို့၊ ဗြိတိန်သံရုံးတာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါ တယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 1 August 2013
မြန်မာ့ ဖွဲ့စည်းပုံပြင်ရေး ဗြိတိန် အောက်လွှတ်တော် ဥက္ကဌ တိုက်တွန်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
August
(507)
- ၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး
- သြဂုတ်လ (၃၁)ရက်နေ့ ထုတ် Net Guide Journal Vol 2 Is...
- ဆီးရီးယား အရေး လုံခြုံရေးကောင်စီ တင်ပြီ
- နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ
- ၀ယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ
- ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလှေ...
- အလုပ်သမားများအား အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်ပျက...
- ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်
- တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူ...
- အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်
- ကျောက်မျက် စခန်းတွင် ကျောက်မျက်အတု လိမ်ရောင်းသူ ပိ...
- မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့်...
- ရဲဝန်ထမ်းများ လစာနည်းခြင်း လာဘ်ပေးလာဘ်ယူ ဖြစ်စေ
- မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအေ...
- ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်
- ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်
- ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ ...
- ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေ...
- အလုပ်ချိန် ပိုခိုင်းသော အလုပ်ရှင်များကို အစိုးရက တ...
- ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့
- » မြန်မာ-ထိုင်းနယ်စပ်စခန်းများမှ Passport/Visa ဖြင...
- သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေ...
- ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂၆၁ သန်း ပထမဆုံးအကြိမ် ပြန်ချေးမည်
- » ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ကလေးရေကစားကန်အတွင...
- စစ်ရေးသုံးတာဟာ အားဆာ့တ်ကို ဖြုတ်ဖို့ မဟုတ်
- ဆီးရီးယားကို ဝင်ဖို့ ကန်တပ်တွေ အသင့်ဖြစ်
- ဆီးရီးယားအပေါ် တုံ့ပြန်ဖို့ သမ္မတအိုဘားမား ဆုံးဖြတ်
- ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ...
- ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်
- ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံတကာဂိတ်ဖွင့်
- ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား
- ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒပြသူတချို့အဖမ်းခံရ
- ဖျာပုံမြို့နယ်အတွင်း လယ်သမား (၁၀) ဦး ဖမ်းဆီးခံရ
- သြဂုတ်လ (၃၀)ရက်နေ့ ထုတ် The Hot News Weekly Journa...
- သြဂုတ်လ (၂၆)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွ...
- ကုလသမဂ္ဂ ရုံးချုပ်ကို အမေရိကန် ထောက်လှမ်းရေး ကြားဖြ...
- အခြေခံပညာကျောင်းများ အင်္ဂလိပ်စာအဆင့်မြှင့်သင်ရိုး လ...
- ထီထိုးသူ များလာသောကြောင့် စက်တင်ဘာမှ စတင်ပြီး အက္ခရ...
- သြဂုတ်လ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၄) အမ...
- သြဂုတ်လ (၂၈)ရက်နေ့ ထုတ် Mobile Guide Journal ( Vol...
- အမေရိကန် နိုင်ငံသား ဓာတ်ပုံဆရာ တစ်ဦး အစ္စလာမ်မစ် စစ...
- မလေးရှားရောက် မြန်မာ ၄၅ဝဝဝ UNHCR ကဒ်ပြားရရှိကြမည်
- ရေအိုင်ထဲကျနေသော ဓာတ်ကြိုးကိုင်မိရာမှ ကလေးနှစ်ဦးသေ
- အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ
- ရေတပ်စခန်း သိမ်းယူထားသော ဒလရှိ လယ်ဧက ၅ဝဝမှ လယ်သမား...
- မောင်တောနယ်စပ်တွင် အကြမ်းဖက်မှုကျူးလွန်ပြီး ထွက်ပြေ...
- မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွ...
- ရွှေတိဂုံလုံခြုံရေး အင်အားတိုးမြှင့်
- ဥက္ကံမြို့ ဆူပူအကြမ်းဖက်မှုမှ တရားခံများအား ပြစ်ဒဏ်ခ...
- » ပြည်မြို့ မြောက်န၀င်းဆည် နယ်နိမိတ်အတွင်းရှိ နေအိ...
- ချဲထီနှင့် လောင်းကစား လုပ်ငန်းများ နှိမ်နင်းရန် သမ...
- တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်
- ကန့်ဘလူမြို့ ပုဒ်မ ၁၈၈ ထုတ်
- ဗီဇာကုန်မြန်မာအလုပ်သမားအရေး မြန်မာသံရုံးနှင့် မေြး...
- ၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိ...
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- မျှတတဲ့အရေးယူ အပြစ်ပေးမှု ဟုတ်ပါရဲ့လား
- ကန့်ဘလူဆူပူမှုအတွက် လူ ၁၂ ယောက်ကိုဖမ်းဆီး
- ဆီးရီးယား အရေး အမေရိကန် ရေတပ် လွှတ်ပြီ
- စင်္ကာပူရောက် မြန်မာတွေ ပြည်တွင်းမှာ အလုပ်အကိုင်လျော...
- အဓမ္မမှုအတွက် သံသယရှိသူနောက်တဦး အိန္ဒိယဖမ်းဆီး
- ရဲချုပ်ဟောင်း လိမ်ညာတယ်လို့ ဘိုရှီလိုင်းချေပ
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
- ကန့်ဘလူ ပဋိပက္ခ ဓါတ်ပုံများ
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ကန့်ဘလူတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့...
- ကျုံးပတ်လည်တွင် ဓားဖြင့်အကြောင်းမဲ့ လိုက်ခုတ်သူ က...
- ကားဘီးပေါက်၍ ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၀)ဦးဒဏ်ရာရ
- ထန်းကုန်းတွင် ယနေ့မနက်အခြေအနေ တည်ငြိမ်လျက်ရှိ
- လုပ်ငန်းငယ် စမယ်ဆိုရင် မှတ်ပုံတင်ကြေးမယူဘဲ သုံးနှစ...
- မိုဘိုင်းလ်ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ...
- စက်မှုဇုန် မြေကွက် လေလံပစ်ဖို့ရှိ
- ဆန်တင်ကုန်ကားတိုက်၍ လူနှစ်ဦးသေဆုံး
- ကန့်ဘလူမြို့နယ်တွင်းမှာ မီးရှို့မှုဖြစ်
- လီဆူးနဲ့ ရဝမ် တိုင်းရင်းသားဝန်ကြီးမထားဖို့ အဆိုပြုမည်
- ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
- မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်
- ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး
- » ရေမြုပ်အိမ် ၃၀၀ အတွက် ထမင်းထုပ်ဝေ
- ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်...
- ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော ၉၀ ...
- အစိုးရက မြေဈေး ထိန်းချုပ်တော့မည်
- မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတာ...
- ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ...
- သြဂုတ်လ (၂၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှ...
- သြဂုတ်လ (၂၁)ရက်နေ့ ထုတ် Good Health ကျန်းမရေးနှင့်...
- မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲကိ...
- ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည် ဖေါ်ဖို့လည်း ...
- သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားမျာ...
- ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဗြိတိန်အရာရှ...
- တပ်မတော်ပိုင်မြေများ ပြန်လည်အပ်နှံရန် ပြည်ထောင်စု ...
- ဖောက်ခွဲရေးသတင်းများကြောင့် နိုင်ငံတစ်ဝန်း လုံခြုံ...
- အင်ဒိုနီးရှား ကျောင်းသူများအား အပျိုစင် စစ်၊ မစစ် ...
- ပြည်နယ်ရဲမှူးကြီး ဦးဝင်းထွန်းမှ အင်းလေးဒေသခံ ရွာသာ...
- မန္တလေးတက္ကသိုလ်အနီး လူ ၁၀ ဦးပါ အုပ်စုလိုက် ဝိုင်းရိ...
- ဆီးဂိမ်းအထိမ်းအမှတ်ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်...
- အမတ်တွေကို ကလေးလို ထိန်းတဲ့ လွှတ်တော်
- စည်ပင်ရေမြောင်း ကျူးကျော် ကွန်ကရစ် ခင်းထားသူ ငါးဦး...
- ကော့သောင်း၊ နယ်စပ်လူဝင်မှု စစ်ဆေးရေး ရေလယ်ရုံး အဆော...
- တရားလွှတ်တော်ချုပ်ရုံးမှ မှားယွင်းစွာဆုံးဖြတ်သည်ဟု ...
-
▼
August
(507)
No comments:
Post a Comment