Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 19 August 2013

ဝန်ထမ်းခေါ်ယူသည့်  ပုံစံကို ပြောင်းလဲသင့်ပါပြီ

ကျွန်မက ဥပဒေ အထူးပြု ဘာသာရပ်နဲ့ ကျောင်းပြီးထားတဲ့  ကျောင်းသူ တစ်ယောက်ပါ လွန်ခဲ့တဲ့ 5.8.2013 ရက်နေ့ ထုတ် အခွင့်အလမ်းပါ Lin Technical Services Co,ltd ရဲ့ (office staff) ရာထူးအတွက် အလုပ်ခေါ်ဆိုမူကို သွားရောက်လျှောက်ထားခဲ့ပါတယ်။

ကျွန်မနေထိုင်ရာ လှိုင်မြို့ နယ် သံလမ်းကနေပြီး ဆိုင်ခွဲရှိရာ ရန်ကင်း ဈေးကွေ့ မှတ်တိုင်ကို သွားရောက်လျှောက်ထားရပါတယ်၊ သွားရောက် လျှောက်ထားစဉ်  Interview မခေါ်စဉ်ကတည်းက ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံ နှင့် အလုပ်သမား မှတ်ပုံတင်( လေဘာကဒ် ) မူရင်းတို့ ကိုတောင်းခံခဲ့ပါတယ်၊ ထိုမျှသာမကဘဲ မိဘနှစ်ပါးရဲ့ ထောက်ခံချက်ပါ ပါရှိမှ ရမယ်ဆိုလို့ ဖခင်ဖြစ်သူရဲ့ ထောက်ခံချက်ပါ ရယူပြုလုပ်ပေးခဲ့ရပါတယ်။

ဆိုင်ခွဲတွေ အများကြီးရှိတဲ့ အထဲကမှ  Interview မယ့်နေ့ 11.8.2013   ရက်နေ့  မှာ မနက် 083း0 အရောက်လာဖို့ အတွက်ဖုံးဆက်လာခဲ့ပါတယ်၊ ကျွန်မနေထိုင်ရာ သံလမ်းမှတ်တိုင်ကနေ သူတို့ ရုံးတည်ရှိရာနေရာကို ရောက်ရှိဖို့ အတွက် ( ၄၈) အထူးယာဉ်လိုင်း တစ်လိုင်းသာရှိပါတယ်၊ ဒါမှမဟုတ်ရင် တော့ သမိုင်းလမ်းဆုံ (သို့ မဟုတ် ) လှည်းတန်းလမ်းဆုံ ကနေနှစ်ဆင့်စီးမှာသာ ရောက်နိုင်မှာပါ   သူတို့ ခေါ်ယူမှု အချိန်မီရောက်ရှိနိုင်ရေး အတွက်  မနက် 07း00 လောက် ကတည်းက ကားစီးရပါတယ်  first  Interview  အပြီးမှာ ပြန်ဆက်သွယ်မယ်လိုပြောခဲ့ပြီး..second Interview ကို13.8.2013 ရက်နေ့ မနက်  083း0 အရောက်လာခဲ့ ထပ်မံချိန်းဆိုခဲ့ပါတယ်။

အဲဒီနေ့ က သူဌေးဆိုသူက အလုပ်ဝင်ချိန်မှာမနက် ( 083း0 ) ဖြစ်ပြီး ဆိုင်သို့ 08း00 အရောက်လာရမည်ဖြစ်ကြောင်း အလုပ်သိမ်းချိန်မှာတော့ အတိအကျမရှိကြောင်း ပြောကြားလာပါတယ်၊  ဒီဆိုင်မှာတာဝန်ထမ်းဆောင်ရမှာ  မဟုတ်ကြောင်းနှင့် ဆိုင်ခွဲရှိသမျှ ဘယ်နေရာမှာမဆို   ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ပြောကြားလာရာ  ကျွန်မက  ထိုရုံးတည်ရှိနေရာများသည်  လိုင်းကားမှတ်တိုင် အနီးအဝေးကို ပြန်လည်မေးမြန်းခဲ့ပါတယ်၊  ဒါကိုသူဌေးဆိုသူက   “ကျွန်တော်က ငယ်ငယ်ကတည်းက လိုင်းကားမစီးတဲ့ အတွက်ကြောင့် လိုင်းကားဂိတ်နဲ့ အနီးအဝေး မစုံစမ်းထားပါဘူး ”လို့  နှစ်ကြိမ်တိတိ
ပြန်လည်ပြောဆိုခဲ့ပြီး  interview ကို အဆုံးသတ်ခဲ့ပါတယ်။

ကျွန်မဒေါသတော်တော်ထွက်သွား ခဲ့မိပါတယ်၊ အပင်းပန်းခံ ငွေကြေး အကုန်ကျခံပြီး  အလုပ်လျှောက်ရတဲ့ ကျွန်မတို့ အခြေခံလူတန်းစား လူငယ်တွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်၊ ကျွန်မအလုပ်လျှောက်ထားစဉ်က ပေးထားခဲ့တဲ့ (  CV ) ထောက်ခံစာ မူရင်းတို့ ကို ပြန်လည်တောင်းယူပြီး ထိုရုံးခန်း ထဲကထွက်လာခဲ့ပါတယ်၊  အပြန်လမ်းတစ်လျှောက်လုံး စဉ်းစားလာမိခဲ့တယ်၊  ကျွန်မရဲ့မေးခွန်းဘာများ မှားယွင်း သွားခဲ့လည်းဆိုတာပေါ့  ဒါပေ့မယ့်  ဒီလိုမျိုး အဆင့်အတန်းခွဲခြားပြီး  ၀န်ထမ်းတွေကိုနှိမ်ချ ဆက်ဆံတတ်တဲ့ ဒီလိုသူဌေးမျိုးရဲ့ လက်အောက်က ၀န်ထမ်းမဖြစ်ခဲ့တာ  ကျွန်မအတွက်ကံကောင်းတယ်လို့ ဘဲ ဆိုရမှာပါ၊  အဲဒီအတွက်  ကျွန်မလိုမျိုး  ပညာတတ်များစွာ ကိုလူအခွင့်အရေးချိုးဖောက် စော်ကားကာ ၀န်ထမ်းခေါ်ယူနေတဲ့ ထို  Lin Technical Services Co,ltd ကို ညီငယ်ညီမငယ်တို့  သွားရောက်အလုပ်လျှောက်လွှာမတင်ကြဖို့ သတိပေး  အကြောင်းကြား လိုက်ရပါတယ် ။

 Lin Technical Services Co,ltd မှာ အလုပ်သွားလျှောက်ခဲ့သူ အမျိုးသမီး တဦး၏ ပေးစာ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့