အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမှာ အသိအမှတ်ပြုတာနဲ့ အရေးယူလုပ်ဆောင်တဲ့ နည်းလမ်းနှစ်သွယ်ကို ဆက် အသုံးပြုနေပြီး စစ်ဘက်နဲ့ ကနဦး ထိတွေ့ ဆက်ဆံမှုတွေလုပ်ဖို့ ပြင်ဆင်နေပြီလို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါ တယ်။
အပြောင်းအလဲတွေ ရှေ့ဆက်ဖော်ဆောင်သွားမှသာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ဒီ့ထက်ပိုပြီး နက်ရှိုင်းလာ မှာဖြစ်သလို အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စ အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ တချို့ဝေဖန်နေကြသလို ချီးမြှောက်တာချည်း သက်သက်မဟုတ်ဘဲ နည်း ဗျူဟာပိုင်း အထောက်အပံ့ပြုတာမျိုး ပိုဖြစ်ပြီး ကိစ္စရပ်တွေကို ရှေ့ဆက်ဆောင်ရွက်ဖို့ နည်းလမ်းကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ကူညီတာဖြစ်ပါတယ်လို့ သမ္မတအိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန်န် ရုဒ်စ် (Ben Rhodes) က ပြောပါတယ်။
"ဇာတ်လမ်းက ဒီမှာပြီးသွားပြီလို့ ကျနော်တို့ ထင်နေတာမဟုတ်ပါဘူး။ ဇာတ်လမ်းက အခုမှစတယ်လို့ ကျနော်တို့ မြင်တာပါ။ လုပ်ဆောင်ရမယ့် အဆင့်တွေ အများကြီးကျန်ပါသေးတယ်။ ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံရေးကို တိုင်းတာသတ်မှတ် သွားမှာပါ။ ဥပမာအားဖြင့်ဆိုရင် စစ်ဘက်အရာရှိတွေနဲ့ တကယ့် ကနဦးအဆင့် ထိတွေ့ဆက်ဆံဖို့ ကျနော်တို့လုပ်နေပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှုတွေ ဆက်ရလာတာကို မတွေ့ရဘူး၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ကို တည်ဆောက်ဖို့၊ ဥပဒေပြုရေးဆိုင်ရာနဲ့ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့ ဆက်ပြီး အားထုတ်တာမျိုး ကျနော်တို့ မတွေ့ရဘူးဆိုရင်တော့ အဲဒီလိုဆက်ဆံရေးမှာ ပိုပြီး နက်ရှိုင်းတာမျိုးကို ကျနော်တို့ တွေ့ရမှာမဟုတ်ပါဘူး။" လို့ မစ္စတာ ဘန်န် ရုဒ်စ်က ပြောပါတယ်။
စစ်ဘက်အရာရှိတွေနဲ့ ဆက်ဆံရေးပိုင်းကို ကနဦးအဆင့် စပြီး တည်ဆောက်သွားဖို့ဆိုတာမှာ တကယ့် စစ်ရေးဆိုင်ရာ၊ စစ်လက်နက်ပစ္စည်းပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးတာမျိုးတွေ လုံးဝမဟုတ်သေးပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ် (Derek Mitchell) က အခိုင်အမာပြောပါတယ်။
"လူလူချင်း အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်တွေနဲ့ ဥပဒေတွေပိုင်း၊ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်တဲ့အပိုင်း၊ လူ့အခွင့်အရေးပိုင်း၊ ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းတစ်ခုမှာ စစ်ဘက်ရဲ့ သင့်တင့်လျောက်ပတ်တဲ့ အခန်းကဏ္ဍ စတာတွေနဲ့ပတ်သက်ပြီး ထိတွေ့ဆက်ဆံသွားဖို့ လုပ်ငန်းစဉ်တစ်ရပ်ကို ကျနော်တို့ စတင်နေပါတယ်။" လို့ သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ်က ပြောပါတယ်။
မြန်မာစစ်ဘက်အရာရှိကြီးတွေဟာ အခုအခါမှာ စစ်ဘက်ဝန်ထမ်းအလုပ်ကို တကယ့် ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအဖြစ်၊ စစ်တပ်ကို ကျွမ်းကျင် အသက်မွေးဝမ်းကြောင်း အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ စိတ်အားထက်သန်နေ ကြပြီိဆိုတာ ပြောထားဖူးတယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမှာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့တာတွေကို လျှော့ပေါ့ရုပ်သိမ်းပေးတာလို အသိအမှတ်ပြုတာ တွေ လုပ်ခဲ့တာနဲ့အမျှ ဆက်ဆံရေးကို အမြဲ တိုင်းတာ သုံးသပ်ပြီး အရေးယူ လုပ်ဆောင်သင့်တာကို လုပ်သွားဖို့လည်း ပြင်ဆင် ထားပါတယ်လို့ မစ္စတာရို့ဒ်စ်က ပြောပါတယ်။
"အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ၂၀၁၅ ခုနှစ်မှာ လွတ်လပ် မျှတ တဲ့ရွေးကောက်ပွဲ၊ လူတိုင်းရဲ့အသံကို ကြားနိုင်မယ့် အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖော်ဆောင်တာတွေကို ကျနော်တို့ မတွေ့ရဘူးဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးအတွက် အမေရိကန်ပြည်ထောင်စုက လုပ်နိုင်တာ သိပ်နည်းသွားပါလိမ့် မယ်။ ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံရေးဟာ အဖွင့်ကနဦးပိုင်းမှာပဲ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ၊ စစ်ဘက်အချင်းချင်းနဲ့ နိုင်ငံရေးပိုင်းတွေအတွက် ကျနော်တို့ ဘယ်လောက်ထိ အထောက်အပံ့ပြုသွားမလည်း ဆိုတာကို နောက်လာမယ့်နှစ်နှစ်နဲ့ ဟိုဘက်ကာလတွေမှာ လုပ်ဆောင်မယ့် အဆင့်တွေအပေါ် အခြေခံပြီးတော့ ကျနော်တို့ တိုင်းတာသတ်မှတ်နိုင်ပါတယ်။" လို့ မစ္စတာရို့ဒ်စ်က ပြောပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြောင်းပြောရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စက မပါမဖြစ်ပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုက မြင်ပါတယ်။
"အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကနေ မြန်မာလူထုအနေနဲ့ သူတို့ကြိုက်တဲ့လူကို သမ္မတအဖြစ် တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု မျိုးရဖို့ သေချာစေရေးဟာ အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်။ အဲဒါဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပေါ် ရေးကိုရော လူ့အခွင့်အရေးကို ထာဝရ အကာအကွယ်ပေးရေးကိုပါ အာမခံချက်ပေးပါတယ်။" လို့ မစ္စတာရို့ဒ်စ်က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အခုရထားပြီးသား တိုးတက်မှုတွေကို ချက်ခြင်းလက်ငင်းမှာ ခြိမ်းခြောက်နေတာတွေနဲ့ ရေရှည်မှာ ခြိမ်းခြောက်နေ တာတွေရှိနေပြီး အခုချက်ခြင်း အလေးအနက်ထားပြီး ကိုင်တွယ်ရမှာကတော့ လူမှုအဖွဲ့အစည်းတွေအကြား အကြမ်းဖက် အခြေအနေတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
ရေရှည်မှာရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှုကတော့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ ဥပဒေပြုရေးပိုင်း လုပ်ဆောင် ရမယ့်ကိစ္စပဲဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန်န် ရို့ဒ်စ်က ပြောသွားပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 1 August 2013
မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးစဖို့ အမေရိကန်ပြင်ဆင်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
August
(507)
- ၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး
- သြဂုတ်လ (၃၁)ရက်နေ့ ထုတ် Net Guide Journal Vol 2 Is...
- ဆီးရီးယား အရေး လုံခြုံရေးကောင်စီ တင်ပြီ
- နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ
- ၀ယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ
- ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလှေ...
- အလုပ်သမားများအား အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်ပျက...
- ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်
- တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူ...
- အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်
- ကျောက်မျက် စခန်းတွင် ကျောက်မျက်အတု လိမ်ရောင်းသူ ပိ...
- မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့်...
- ရဲဝန်ထမ်းများ လစာနည်းခြင်း လာဘ်ပေးလာဘ်ယူ ဖြစ်စေ
- မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအေ...
- ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်
- ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်
- ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ ...
- ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေ...
- အလုပ်ချိန် ပိုခိုင်းသော အလုပ်ရှင်များကို အစိုးရက တ...
- ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့
- » မြန်မာ-ထိုင်းနယ်စပ်စခန်းများမှ Passport/Visa ဖြင...
- သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေ...
- ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂၆၁ သန်း ပထမဆုံးအကြိမ် ပြန်ချေးမည်
- » ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ကလေးရေကစားကန်အတွင...
- စစ်ရေးသုံးတာဟာ အားဆာ့တ်ကို ဖြုတ်ဖို့ မဟုတ်
- ဆီးရီးယားကို ဝင်ဖို့ ကန်တပ်တွေ အသင့်ဖြစ်
- ဆီးရီးယားအပေါ် တုံ့ပြန်ဖို့ သမ္မတအိုဘားမား ဆုံးဖြတ်
- ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ...
- ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်
- ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံတကာဂိတ်ဖွင့်
- ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား
- ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒပြသူတချို့အဖမ်းခံရ
- ဖျာပုံမြို့နယ်အတွင်း လယ်သမား (၁၀) ဦး ဖမ်းဆီးခံရ
- သြဂုတ်လ (၃၀)ရက်နေ့ ထုတ် The Hot News Weekly Journa...
- သြဂုတ်လ (၂၆)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွ...
- ကုလသမဂ္ဂ ရုံးချုပ်ကို အမေရိကန် ထောက်လှမ်းရေး ကြားဖြ...
- အခြေခံပညာကျောင်းများ အင်္ဂလိပ်စာအဆင့်မြှင့်သင်ရိုး လ...
- ထီထိုးသူ များလာသောကြောင့် စက်တင်ဘာမှ စတင်ပြီး အက္ခရ...
- သြဂုတ်လ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၄) အမ...
- သြဂုတ်လ (၂၈)ရက်နေ့ ထုတ် Mobile Guide Journal ( Vol...
- အမေရိကန် နိုင်ငံသား ဓာတ်ပုံဆရာ တစ်ဦး အစ္စလာမ်မစ် စစ...
- မလေးရှားရောက် မြန်မာ ၄၅ဝဝဝ UNHCR ကဒ်ပြားရရှိကြမည်
- ရေအိုင်ထဲကျနေသော ဓာတ်ကြိုးကိုင်မိရာမှ ကလေးနှစ်ဦးသေ
- အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ
- ရေတပ်စခန်း သိမ်းယူထားသော ဒလရှိ လယ်ဧက ၅ဝဝမှ လယ်သမား...
- မောင်တောနယ်စပ်တွင် အကြမ်းဖက်မှုကျူးလွန်ပြီး ထွက်ပြေ...
- မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွ...
- ရွှေတိဂုံလုံခြုံရေး အင်အားတိုးမြှင့်
- ဥက္ကံမြို့ ဆူပူအကြမ်းဖက်မှုမှ တရားခံများအား ပြစ်ဒဏ်ခ...
- » ပြည်မြို့ မြောက်န၀င်းဆည် နယ်နိမိတ်အတွင်းရှိ နေအိ...
- ချဲထီနှင့် လောင်းကစား လုပ်ငန်းများ နှိမ်နင်းရန် သမ...
- တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်
- ကန့်ဘလူမြို့ ပုဒ်မ ၁၈၈ ထုတ်
- ဗီဇာကုန်မြန်မာအလုပ်သမားအရေး မြန်မာသံရုံးနှင့် မေြး...
- ၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိ...
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- မျှတတဲ့အရေးယူ အပြစ်ပေးမှု ဟုတ်ပါရဲ့လား
- ကန့်ဘလူဆူပူမှုအတွက် လူ ၁၂ ယောက်ကိုဖမ်းဆီး
- ဆီးရီးယား အရေး အမေရိကန် ရေတပ် လွှတ်ပြီ
- စင်္ကာပူရောက် မြန်မာတွေ ပြည်တွင်းမှာ အလုပ်အကိုင်လျော...
- အဓမ္မမှုအတွက် သံသယရှိသူနောက်တဦး အိန္ဒိယဖမ်းဆီး
- ရဲချုပ်ဟောင်း လိမ်ညာတယ်လို့ ဘိုရှီလိုင်းချေပ
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
- ကန့်ဘလူ ပဋိပက္ခ ဓါတ်ပုံများ
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ကန့်ဘလူတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့...
- ကျုံးပတ်လည်တွင် ဓားဖြင့်အကြောင်းမဲ့ လိုက်ခုတ်သူ က...
- ကားဘီးပေါက်၍ ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၀)ဦးဒဏ်ရာရ
- ထန်းကုန်းတွင် ယနေ့မနက်အခြေအနေ တည်ငြိမ်လျက်ရှိ
- လုပ်ငန်းငယ် စမယ်ဆိုရင် မှတ်ပုံတင်ကြေးမယူဘဲ သုံးနှစ...
- မိုဘိုင်းလ်ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ...
- စက်မှုဇုန် မြေကွက် လေလံပစ်ဖို့ရှိ
- ဆန်တင်ကုန်ကားတိုက်၍ လူနှစ်ဦးသေဆုံး
- ကန့်ဘလူမြို့နယ်တွင်းမှာ မီးရှို့မှုဖြစ်
- လီဆူးနဲ့ ရဝမ် တိုင်းရင်းသားဝန်ကြီးမထားဖို့ အဆိုပြုမည်
- ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
- မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်
- ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး
- » ရေမြုပ်အိမ် ၃၀၀ အတွက် ထမင်းထုပ်ဝေ
- ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်...
- ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော ၉၀ ...
- အစိုးရက မြေဈေး ထိန်းချုပ်တော့မည်
- မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတာ...
- ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ...
- သြဂုတ်လ (၂၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှ...
- သြဂုတ်လ (၂၁)ရက်နေ့ ထုတ် Good Health ကျန်းမရေးနှင့်...
- မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲကိ...
- ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည် ဖေါ်ဖို့လည်း ...
- သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားမျာ...
- ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဗြိတိန်အရာရှ...
- တပ်မတော်ပိုင်မြေများ ပြန်လည်အပ်နှံရန် ပြည်ထောင်စု ...
- ဖောက်ခွဲရေးသတင်းများကြောင့် နိုင်ငံတစ်ဝန်း လုံခြုံ...
- အင်ဒိုနီးရှား ကျောင်းသူများအား အပျိုစင် စစ်၊ မစစ် ...
- ပြည်နယ်ရဲမှူးကြီး ဦးဝင်းထွန်းမှ အင်းလေးဒေသခံ ရွာသာ...
- မန္တလေးတက္ကသိုလ်အနီး လူ ၁၀ ဦးပါ အုပ်စုလိုက် ဝိုင်းရိ...
- ဆီးဂိမ်းအထိမ်းအမှတ်ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်...
- အမတ်တွေကို ကလေးလို ထိန်းတဲ့ လွှတ်တော်
- စည်ပင်ရေမြောင်း ကျူးကျော် ကွန်ကရစ် ခင်းထားသူ ငါးဦး...
- ကော့သောင်း၊ နယ်စပ်လူဝင်မှု စစ်ဆေးရေး ရေလယ်ရုံး အဆော...
- တရားလွှတ်တော်ချုပ်ရုံးမှ မှားယွင်းစွာဆုံးဖြတ်သည်ဟု ...
-
▼
August
(507)
No comments:
Post a Comment