Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်းစားပြု တင်ပြမှာမဟုတ်ဟု NLD ဆို

မျိုးစောင့်ဥပဒေ ဖြစ်ပေါ်ဖို့ အဓိက တွန်းအားပေး လုပ်ဆောင်သူလို့ ပြောနေကြတဲ့ ဦးပဉ္ဖင်း ဦးဝီရသူ (Credit: ABC) အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​ရဲ့ ​လွှတ်တော်ကိုယ်စားလှယ် ​တွေအနေနဲ့ ​မျိုးစောင့်ဥပဒေကို ​လွှတ်တော်ထဲမှာ ​ကိုယ်စားပြုပြီး ​တင်ပြဖို့ ​အစီအစဉ် ​မရှိဘူးလို့ ​ပြောပါတယ်။

ဗုဒ္ဓဘာသာ ​ဘုန်းတော်ကြီး ​အများစုကတော့ ​ဒီဥပဒေဟာ ​မြန်မာ ​အမျိုးသမီးတွေ ​အတွက်လိုအပ်တယ်ဆိုပြီး ​ဥပဒေပြဌာန်းဖို့ ​ကြိုးစားမယ်လို့ ​အတိအလင်းပြောလာပါတယ်။ ​ဒီအကြောင်း ​အပြည့်အစုံကိုတော့ ​ဆက်သွယ်မေးမြန်းပြီး ​သတင်းရယူထားတဲ့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​ပြောပြမှာ ​ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ​ထောက်ခံမဲပေါင်း ​၂ ​သန်း ​နီးပါးနဲ့ ​လွှတ်တော်မှာ ​ဥပဒေတစ်ခု ​ဖြစ်ဖို့ ​တင်ပြလိုက်ပြီ ​ဖြစ်တဲ့ ​မျိုးစောင့် ​ဥပဒေကို ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်ရဲ့လွှတ်တော် ​ကိုယ်စားလှယ် ​၄၀ကျော်က ​ကိုယ်စားပြုပြီး ​တင်ပြမှာ ​မဟုတ်သလို ​ဒီဥပဒေဟာ ​မလိုအပ်တဲ့ ​ဥပဒေတစ်ခု ​ဖြစ်တယ်လို့ ​နေပြည်တော် ​ဇဗ္ဓူသီ၇ီ ​မြို့နယ် ​မဲဆဒနယ်က ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဒေါ်စန္ဒာမင်းကပြောပါတယ်။

ဒီဥပဒေနဲ့ ​ပတ်သက်ပြီးတော့ ​ကျမတို့ ​လွှတ်တော်ထဲမှာ ​တင်ပြလာတာ ​မရှိသေးပါဘူး။လွှတ်တော်ကိုယ်စားလှယ် ​များ ​အနေနဲ့ ​လည်းတင်ဖို့ ​အစီအစဉ် ​မရှိပါဘူး။  ​သေချာတာကတော့ ​ကျမတို့ ​အဖွဲ့ချုပ်က ​လွှတ်တော် ​ကိုယ်စားလှယ် ​၄၃ ​ဦးလုံးက ​တင်ပြထားတာ ​မရှိပါဘူး။ ​ကျမတို့အနေနဲ့ ​ကတော့ ​မြန်မာဓလေ့ ​ထုံးတမ်း ​ဥပဒေတွေ ​ကတော့ ​ရှိပြီးသားပါ။

ဒါပေမဲ့ ​တစ်ဖက်မှာတော့ ​ဗုဒဘာသာ ​သံဃာတော် ​အချို့ကတော့ ​ဒီဥပဒေဟာ ​လိုအပ်တယ်ဆိုပြီးတော့လည်း ​ပြောဆိုမှုတွေ ​ရှိနေတာပါ။ ​ဒီဥပဒေကို ​အတည်ပြုနိုင်ဖို့ ​လွှတ်တော်ထဲမှာ ​ဥပဒေကြမ်းအဖြစ် ​တင်ပြလိုက်ပြီလို့လည်း ​မျိုးစောင့် ​ဥပဒေ ​ရေးဆွဲပြဌာန်းနိုင်ရေး ​ကြိုးပမ်းနေတဲ့ ​အဖွဲ့က ​ပြန်ကြားရေးတာဝန်ခံ ​ဆရာတော် ​တစ်ပါး ​ဖြစ်တဲ့ ​ဦးစန္ဒာသီ၇ီက ​မိန့်ပါတယ်။

လွှတ်တော်ရယ် ​နိုင်ငံတော်သမ္မတရယ် ​ကိုတင်ပြထားပါတယ်။ ​မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ​မြို့နယ် ​အသီးသီးက ​ပြည်သူ ​တွေ ​လက်မှတ်ထိုးထားတဲ ​ထောက်ခံလက်မှတ် ​၁၈.၉ ​သန်းကိုလည်း ​တင်ပြထားပြီးဖြစ်ပါတယ်။

လွှတ်တော်ထဲ ​ဒီဥပဒေနဲ့ ​ပတ်သက်ပြီး ​မဲခွဲ ​ဆုံးဖြတ်မှုတွေ ​လုပ်တဲ့ ​အခါမှာ ​ဒီမိုကရေစီ ​နည်းအရ ​ကန့်ကွက်သူတွေ ​ရှိရင်လည်း ​ထွက်လာတဲ့ ​ဆုံးဖြတ် ​ချက်အပေါ်မှာ ​ကြည့် ​ရမယ်လို့ ​၉၆၉ ​လှုပ်ရှားမှုမှာ ​ဦးဆောင်သူဖြစ်တဲ့ ​မန္တလေးမြို့ ​မစိုးရိမ်တိုက်သစ် ​ဆရာတော် ​ဦးဝီရသူ ​က ​မိန့်ပါတယ်။

ဒီမိုကရေစီခေတ်က ​ဒီလိုပဲလေ။ ​အမြင်မတူသူတွေ ​ငြိမ်သက်စွာ၊ ​ငြင်သာစွာ၊ ​သိမ်မွေ့စွာ၊ ​ငြင်းခုံကြတာပဲလေ၊ ​လွှတ်တော်ထဲမှာလည်း ​ငြင်းခုံကြမှာပဲလေ၊ ​ထောက်ခံသူ ​ကန့်ကွက်သူတွေ ​လည်းရှိပါတယ်။ ​ဦးဇင်းတို့ ​ကတော့ ​အမြင်လွှတ်လပ်စွာ ​ကွဲလွဲခွင့် ​ပေးထားတယ်။

ဒီမျိုးစောင့် ​ဥပဒေကြမ်းမှာတော့ ​မြန်မာဗုဒ္ဓဘာသာဝင် ​အမျိုးသမီးကို ​လက်ထပ်မယ့်သူဟာ ​တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ ​ဆိုထားပါတယ်။ ​ဒါမှမဟုတ် ​လက်ထပ်မယ်ဆိုရင် ​ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း ​တရားဝင် ​လက်မှတ်ရှိရမယ်လို့ ​ဆိုရပါတယ်။ ​ဒါကိုမလိုက်နာရင် ​ထောင်ဒဏ် ​၁၀ ​နှစ်အထိ ​ကျခံရမယ်ဆိုပြီး ​ပြစ်ဒဏ်ကိုပါ ​တပါတည်း ​အဆိုပြုထားပါတယ်။

ဒါကြောင့် ​ပြည်တွင်းပြည်ပ ​က ​လူ့အခွင့်အရေးလှုပ်ရှားသူတွေ ​ဒီဥပဒေဟာ ​လူအခွင့်အရေး ​ချိုးဖောက်မှု ​တွေ ​ရှိနေတယ်လို့ ​ပြောဆိုမှုတွေ ​လည်းရှိနေပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့