Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

Telenor မှ စီမံခန့်ခွဲမှု အပိုင်း အတွက် ၀န်ထမ်းများ စတင်ခေါ်ယူ သွားမည်


ပြည်တွင်းမှာ ဆက်သွယ်ရေး လိုင်စင်ရရှိ လုပ်ကိုင်မယ့် Telenor အနေနဲ့ စီမံခန့်ခွဲမှု အပိုင်းကို ဦးဆောင် နိုင်မယ့် ၀န်ထမ်းတွေကို ပထမဆုံး ရွေးချယ်
သွားမှာ ဖြစ်တယ်လို့ သြဂုတ်လ ၁၃ ရက်နေ့ Trader Hotel မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အခုလို စီမံခန့်ခွဲမှု အတွက် ၀န်ထမ်း ၂၅ ဦးကို ရွေးချယ်ပြီး ခန့်အပ် သွားဖို့ရှိပြီး လျှောက်ထား လိုတဲ့ သူတွေ အနေနဲ့ ယခု သြဂုတ်လ ၁၃ ရက်နေ့မှ စတင်ကာ စက်တင်ဘာ လကုန် အထိ လျှောက်ထားမှု တွေပြုလုပ် နိုင်တယ်လို့ သိရပါတယ်။
 
အလုပ် ခန့်ထားမှုတွေ ကိုတော့ အပိုင်းလိုက် ခန့်အပ်ဖို့ ရှိပြီး နောက်ပိုင်း မှာလည်း နည်းပညာပိုင်း ဆိုင်ရာ ခန့်ထားမှုများ Accountant, marketing အပြင် Customer Service အစရှိတဲ့ လုပ်ငန်းတွေ အတွက် ကိုလည်း လအလိုက် ရွေးချယ် ခန့်အပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို အလုပ် လျှောက်ထားမှု တွေကိုတော့ Telenor Facebook ဖြစ်တဲ့ www.facebook.com/Telenor myanmar နဲ့ အီးမေးဖြစ်တဲ့ hr.myanmar@telenor.com မှတစ်ဆင့် လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။
 
Telenor အနေနဲ့ ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းတွေကို ပြည်တွင်းမှာ တရားဝင် လိုင်စင် ရရှိပြီး ၈ လအတွင်း အကောင်အထည် ဖော်ဆောင် သွားမှာ ဖြစ်ပြီး Telenor Myanmar အတွက် ရုံးခန်း ကိုတော့ ရန်ကုန်နဲ့ နေပြည်တော် တို့မှာ ထားရှိဖို့ အတွက် နေရာ ရွေးချယ် လျက်ရှိတယ်လို့ သိရှိရပါတယ်။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့