Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 21 July 2012

ညီအကို၊ မောင်နှမများ စိတ်ရွှင်လန်းအမောပြေစေရန်အတွက် ရယ်မောစရာဟာသများ

သားလေးကို သတိရလို့ပါကွယ်

လူရွယ်တစ်ဦးဟာ စူပါမားကက်ထဲမှာ ဈေးဝယ်ထွက်နေတုန်း၊ သူ့နောက်ကနေ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး
လိုက်လာ တာကို သတိထားမိသွားပါတယ်။ ဈေးဝယ်လို့အပြီး ငွေရှင်းဖို့ ကောင်တာမှာတန်းစီတဲ့အခါမှာ စောစောက
အမျိုးသမီးကြီးကို သူ့ရှေ့မှာတန်းစီနေတာတွေ့ရပြန်ပါတယ်။

အဲဒီမှာ အမျိုးသမီးကြီးက"ဒီမှာသူငယ် စောစောက အဒေါ် ..မင်းကို တစ်ချိန်လုံး လိုက်ကြည့်နေလို့ မင်းအနေရခက်သွား
ရင် တောင်းပန်ပါ တယ်ကွယ်။ မင်းက တလောလေးကမှ ဆုံးသွားတဲ့ ငါ့သားလေးနဲ့ သိပ်တူတာပဲ"လို့ ပြောလာပါတယ်။

လူရွယ်က "ကြားရတာ စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော် ဘာများ ကူညီပေးရမလဲ"လို့ မေးလိုက်တဲ့အခါ
"အဒေါ် .. ဒီထဲကနေ ထွက်သွားတဲ့အခါ 'ဂွတ်ဘိုင် အမေ'လို့ နှုတ်ဆက်ပေးပါလားကွယ်" လို့ အမျိုးသမီးကြီးက
ပြောလိုက်တဲ့အခါ "လုပ်ပေးရမှာပေါ့"လို့ လူရွယ်က ကတိပေးလိုက်ပါတယ်။

အဲဒါနဲ့ အမျိုးသမီးကြီး ထွက်သွားတဲ့အခါ "ဂွတ်ဘိုင် အမေ"လို့ လှမ်းနှုတ်ဆက်လိုက်ရင်း သူ့ပစ္စည်းတွေအတွက် ငွေရှင်း
စာရွက်ရလို့ ကြည့်လိုက်တော့ ၁၂၇ ဒေါ်လာတောင် ကျနေတာကြောင့် "ဟာ .. မဖြစ်နိုင်တာဗျာ။ ကျွန်တော် ၀ယ်ထား
တာက နည်းနည်းလေးရယ်"လို့ စာရေးမကို ပြောလိုက်ပါတယ်။ အဲဒီအခါ စာရေးမပြန်ပြောလိုက်တာက
"ရှင့်အမေက သူဝယ်ထားတာတွေအတွက် ရှင် ရှင်းပေးမယ်လို့ ပြောသွားတယ်"တဲ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့