Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 21 July 2012

ပြုံးလိုက်ရအောင်

Friends18.com Orkut Scraps


အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကို မေးသည်။“ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား ခင်ဗျာ? ”
“မမေးရင် ပိုကောင်းမယ် ၊ အိပ်ယာ ထဲမှာ ကြမ်းပိုးအသေတစ်ကောင် တွေ့တယ်”
“ အသေတစ်ကောင်လောက်နဲ့တော့ စိတ်အနှောင့်အယှက် ဒီလောက်တောင် ဖြစ်ရသလားဗျာ”
“ အသုဘ လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို မြင်ရင် ခင်ဗျား ဒီစကားမျိုး ပြောမှာမဟုတ်ဘူး……တောက်”


Friends18.com Orkut Scraps
 
 
 
မသွားနဲ့
ပင်လယ်ကမ်းစပ် ရေးကူးဆိပ်မှ ခြင်တစ်ကောင် ပျံလာသည်။မျက်နှာချင်းဆိုင်ဘက်မှ
ယင်တစ်ကောင် ပျံလာသည်ကို တွေ့ရာ ခြင်က လှမ်းမေးသည်။
“ ဟေ့…..ယင်ကောင် …မင်းဘယ်သွားမလို့လဲ ?”
“ ရေကူးဆိပ်ကို ”
“ဟေ့…အဲဘက်မသွားနဲ့…ဆင်သူ့ရေကူးဘောင်းဘီပျောက်လို့ဆိုပြီး ပိုက်စိပ်တိုက်ရှာနေတယ်….
ငါတောင် သုံးချတိတိ အရှာခံလိုက်ရတယ်”


Friends18.com Orkut Scraps


အကုန်သက်သာတာပေါ့
“ ခင်ဗျားတို့ ဇနီးမောင်နှံ ကျွန်တော့အိမ်ကို မနက်ဖြန် ညစာ လာစားပါ ”
“ ဆောရီးပဲ ၊ ကျွန်တော်တို့ မအားဘူးဗျာ”
“ ဟုတ်လား ကျေးဇူးတင်လိုက်တာ ”


Friends18.com Orkut Scraps

လဲပေးမယ်
စားသောက်ဆိုင်တွင်ဖြစ်သည်။
“ ခင်ဗျားတို့ဆိုင်က ကြက်ကင် မာလှချည်လားဗျ”
“အဲဒါဆို ဘဲကင်နဲ့ လဲပေးရမလား ခင်ဗျ”
“ဒါပေမယ့် ကြက်ကင်ကို ကျွန်တော် ကိုက်လိုက်ပြီ ”
“ကိစ္စ မရှိပါဘူး ၊ ဘဲကင်ကလဲ ကိုက်ထားပြီးသားပါ ”


Friends18.com Orkut Scraps


မစားဘူး
“ခင်ဗျား ချပေးတဲ့ အစိမ်းကြော် သိုးနံ့ရနေပါလား…ကျုပ်မစားနိုင်ဘူး…..စားဖိုမှူးကို ခေါ်ပေးပါ..”
“ခေါ်လို့လဲ အပိုပါပဲ ခင်ဗျာ..သူလဲ စားမှာမဟုတ်ပါဘူး”


Friends18.com Orkut Scraps


ဘာမှ မရှိဘူး
လူတစ်ယောက် စားသောက်ဆိုင်သို့ ဝင်လာပြီး စားပွဲထိုးကို မေးသည်။
“ခင်ဗျားတို့ ဆီမှာ ငါးဟင်းရသလား”
“မရပါဘူး”
“အမဲနှပ်ရော”
“မရှိပါဘူး”
“ဟင်းသီးဟင်းရွက်ကြော်ကော”
“အဲဒါလဲ မရှိပါဘူး”
ယောကျာ်းကြီးစိတ်ပျက်ပြီး ဆိုင်ထဲမှထွက်သည်။နောက်သို့ စားပွဲထိုး ပြေးလိုက်လာပြီး ပြောသည်။
“ကျွန်တော် တစ်ခုပြောဖို့ မေ့သွားတယ် ကျွန်တော်တို့ ဆိုင်မှာဝက်သားဟင်းလဲ မရပါဘူး”



 Friends18.com Orkut Scraps


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့