Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 21 July 2012

*** ဖြူစင်တဲ့ သံယောဇဉ်နှောင်ကြိုးဖွဲ့ ချစ်ခြင်းအလင်္ကာ ***

*** ဖြူစင်တဲ့ သံယောဇဉ်နှောင်ကြိုးဖွဲ့ ချစ်ခြင်းအလင်္ကာ ***
 နေ ကတစ်စင်း   လ က၀င်းဖြူ
ထွန်းလင်းခဲ့ရှာ နေ့ညမှာပေါ့
ကမ္ဘာစီကို ဝေဖြာပိုခဲ့
လင်းလိုဆန္ဒ ရက်တို့လကြာ
ကိုက နေဆို   မင်းကထို လ
ကမ္ဘာမြေကအမြဲလှစေ …
 
ဖခင်မေတ္တာ ရင်ဝယ်မှာက
လှစ်ခါပြပို ချစ်ခြင်းထိုသို့
နေလိုထွန်းဝင်း မြင်စွမ်းလင်းဖြာ
စုံဆင်းရှာမည် ကမ္ဘာဆီအား
ရောင်နီဖြိုးပ အားပေးရသည်
သုံးလရာသီ လျော်ကန်ညီဖို့ …
မိမေတ္တာကို ဖွင့်လို့ဆိုသော်
လလိုကဲပို အေးချမ်းလိုစွာ
ချိုချိုသာဖြင့် နွေးရိပ်ဆင့်တော့
အေးလင့်ကမ္ဘာ ငြိမ်းချမ်းရှာသည်
လရာသီပြောင်း လောင်းရိပ်ကောင်းပြု
ခိုအောင်းမှုကြာ တစ်သက်စာမို့
ရင်မှာအသင့် ကြိုးစားလင့်သည် …
 
စိတ်ဝယ်တစ်ခု ကောင်းလိုမှုကြောင့်
အပြုသဘော လုပ်ရန်နှောလျှင်
အပြောရန်ထား ၀င်လာများမည်
တို့အားညီတူ လက်တွဲမူထား
ဖေးကူသွားလို့ ဘ၀တို့ထူး
သွားစို့မြူးစွာ အနာဂါတ်ကမ္ဘာဆီသို့ပေါ့ …

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့