Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

သူများနှင့် မတူ တမူထူးခြားဟာသ ဇတ်သွယ် ပျော်ရွှင်ဖွယ်ရာ

အပြစ်လား
မနေ့က ကျွန်တော်တို့ ကုမ္ပဏီမှာ ၀န်ထမ်းမိတ်ဆုံစားပွဲလုပ်တယ်လေ။
ကုမ္ပဏီသူဌေးက ပိုက်ဆံချွေတာတဲ့အနေနဲ့ ၀န်ထမ်းတစ်ယောက်ကို ဘီယာတစ်ခွက်တည်း
သောက်ရမယ်လို့ ကန့်သတ်ထားတယ်။ ကျွန်တော်က အဲဒီ ဘီယာခွက်ကို
စီစဉ်ရတဲ့သူပါ။ ဒီနေ့မနက် သူဌေးက ခေါ်ပြီး ကျွန်တော့်ကို
အလုပ်ဖြုတ်လိုက်ပြီလို့ ပြောတယ်။ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ။
ဒီခွက်ကလေးတွေ ၀ယ်မိတာကို ..........
~~~~~~~~~~
ဒီလိုဖြစ်ပုံက..

တစ်ခါက အင်္ဂလန်မှာ နိုင်ငံထိပ်သီး လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ကြတယ်....
အဲဒီတုန်းက မြန်မာပြည်က ဘုရင်စနစ်အုပ်စိုးတဲ့အချိန်ဆိုတော့
မြန်မာပြည်ကလည်း စစ်သူကြီးတစ်ဦးတက်ရောက်တယ် ။ စစ်သူကြီးက
နန်းဝတ်နန်းစားနဲ့ နှုတ်ခမ်းမွေးနဲ့ ခန့်ချော်ကြီး


အစည်းဝေးပြီးတော့ အပြန်မှာပေါ့ လေယာဉ်နဲ့ပြန်ကြရတယ်။ လေယာဉ်ပေါ်မှာက မြန်မာလူမျိုး ၊ ဂျာမန်လူမျိုး ၊
ကုလားလူမျိုးနဲ့ တရုတ်လူမျိုးပါတယ် ။ အဲဒီမှာ လေယာဉ်က ချို့ယွင်းမှုဖြစ်ပါလေရော ။
လေယာဉ်မှုးကပြောတယ်
“ လေယာဉ်က မရတော့ဘူး ကျွန်တော်နဲ့ အတူ တစ်ယောက်ပဲနေခဲ့လို့ရမယ် အလေးချိန် မမျှတော့ဘူး ”
အဲဒီမှာ အားလုံးတဘောတူ လေယာဉ်မှုးတစ်ယောက်ထဲကိုပဲ ချန်ခဲ့ပြီး ၄ ယောက်လုံးအတူတူခုန်ချပြီး အသေခံမယ်ပေါ့။ဒီလိုနဲ့.........
ဂျာမန်ကစပြီး
“ ဟစ်တလာမျီုး သွေးနီတယ်ကွ”လို့အော်ပြီး ခုန်ချသွားတယ်
ကုလားက ဗန်ချာကုလား ။ သူကလည်း
“ ဆံပင်ရှည်ပေမယ့် မိန်းမ မဟုတ်ဘူး”လို့အော်ပြီး ခုန်ချသွားပြန်တယ်
တရုတ်နဲ့ မြန်မာ နှစ်ယောက်ပဲကျန်တော့တယ်
တရုတ်က အပေါက်ဝမှာ ဒူးတုန်နေတယ် မခုန်ချရဲဘူး
စိတ်ထဲမှာလဲ မြန်မာအရင်အော်ပြီး ခုန်ဆင်းပါစေပေါ့
မြန်မာ ခုန်ချပြီးရင် သူနေခဲ့တော့မယ်ပေါ့
အဲဒီအချိန်မှာပဲ သူ့အနောက်က မြန်မာက
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်လိုက်တော့ တရုတ်ပျော်သွားတယ်
ဒါပေမယ့်သူထင်တာလွဲသွားတယ် မြန်မာက

“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်ပြီး နောက်ကနေ သူ့သူ့ တင်ပါးကို ကန်ချလိုက်တယ်လေ .. :P
----------------------





အဲဒါပိုခက်တယ်

တစ်ခါက အမျိုးသမီး ၁ ဦး အမှိုက်ပုံရှင်းလင်းရင်း အာလာဒင် မီးခွက် ၁ ခု ကောက်ရပါတယ် ။
ကြားဖူးနားဝ ရှိတဲ့အတိုင်း မီးခွက်ကိုလက်နဲ့ ပွတ်လိုက်တဲ့အခါ မီးခွက်စောင့်နတ် ထွက်လာပါတယ်..
( အာလာဒင် ) - ကဲ အလိုရှိရာ ဆု ၁ ခုတောင်းစေ ..
( အမျိုးသမီး ) - ဟုတ်ကဲ့ ဒီမြေပုံလေးကိုကြည့်ပါ ။ ကျွန်မတို့ ပြည်နယ်
အဲဒီနေရာဝန်းကျင်မှာ စစ်ပွဲတွေဖြစ်နေတာ တော်တော်ဆိုးပါတယ် အဲဒါကိုရပ်တန့် ပေးစေချင်ပါတယ် ..
( အာလာဒင် ) - Oh ..ဒါတော့မဖြစ်နိုင်ဘူး ..စစ်ပွဲက ဖြစ်ပွားနေတာ
နှစ်ပေါင်းရာချီနေပြီ ဒါကို ရပ်တန့်  ပေးရမယ်ဆိုတာ တော်တော်ကိုခက်ခဲတဲ့
ကိစ္စပဲ ..တစ်ခြား ဆု ၁ ခု တောင်းပါ..
( အမျိုးသမီး ) - ဟုတ်ကဲ့ ဒါဆို ကျွန်မ ကို အိမ်ထောင်မှုနိုင်နင်းတဲ့
သားသမီးနဲ့  ဇနီးကို ချစ်ခင်ကြင်နာပြီး လောင်းကစား အသောက်စားကင်းတဲ့
အားကစားပွဲတွေ အားပေးနေတာကို
အချိန်တိုင်းလုပ်မနေပဲ သစ္စာအလွန်ရှိတဲ့ ခင်ပွန်း ၁ ယောက်လောက် ရချင်ပါတယ် ..
( အာလာဒင် ) - OH Ho Ho , ခဏလေးနော် တဆိတ်လောက် ..ခုန ကမြေပုံလေး ပြန်ကြည့်ပါရစေ...။
- :P
--------------------

မရှိလို့ 

ကိုနန္ဒ တစ်ယောက် ကုန်ဆိုင်ဖွင့်ထားပါတယ် ..
တိုလီမိုလီ ကုန်မာပစ္စည်းလေးတွေ ရောင်းတဲ့ ကိုနန္ဒ ဆိုင်ကို သန်းထွန်းလင်းဝင်လာပြီးမေးပါတယ်..
`တူ၇ှိလား´
`ဟင့်အင်း´
`သံေ၇ာ´
`ဟင့်အင်း´
'လွှ ရောရမလား'
"ဟင့်အင်း"
ဒါဆို သွပ်ရှိလား '
'ဟင့်အင်း'
`ကော်တို့ တိပ်တို့ ပလာယာတို့..´
`ဘာမှမ၇ှိဘူး´
.....သန်းထွန်းလင်းတစ်ယောက်စိတ်ဆိုးဒေါသတကြီးနဲ့ပြောလိုက်ပါတယ် ..
'ခင်ဗျားဆိုင်ကလည်း ဘာမှလည်းမရှိဘူး ..ဘာလို့ ဆိုင်ဖွင့်နေသေးလည်း.. သော့သာခတ်ထားလိုက်တော့..'
ကိုနန္ဒ ပြန်ဖြေတယ်..
'ခတ်စရာ သော့မရှိလို့ .. '




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့