Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

တကယ့် ရင်မောစရာ+++++

      လူဘယ်ကဆင်းသက်လာလဲ…..မျောက်က ဆင်းသက်လာတယ်….
                   မျောက် ဘယ်က ဆင်းသက်လာလဲ ……..သစ်ပင်ပေါ်က……
                             ဒါကို ပြက်လုံးထုတ်တာ လူအများကရယ်ကြတယ် ၊ ပြီးတော့…….
           ဒါဝင်(Darwin)ကပြောတယ်၊ လူဟာ မျောက်က ဆင်းသက်လာတယ်လို့ ၊ လူဟာ မျောက်ကဖြစ်လာတယ်လို့၊။။။။။
 ကျွန်မချစ်သူဟာ မျောက်ဖြစ်တယ်ဆိုတာ အမှန်ပါပဲ ဘာလို့လဲဆိုတော့   မျောက်ဟာ ဟိုခုန်သည်ခုန်
နဲ့ အငြိမ်မနေသလို ကျွန်မချစ်သူကလည်း  ဟို  အမျိုးသမီးကနေ ဟို..ဟို… အခြားအမျိုးသမီးတွေ ဆီ   စိတ်
တွေဝင်စား ခုန်လွှားနေလို့ပါ တဲ့   ……..   ပြောတာကိုလဲ ပြုံးခဲ့ရတယ် ။
            ဒါပေမဲ့ လူဟာမျောက်က ဆင်းသက်လာတယ်လို့ ဒါဝင်က တစ်ခါမှမပြောခဲ့ပါဘူး။(လူနဲ့ မျောက်ဟာ
မျိုးနွယ်တူတွေဖြစ်လိမ့်မယ်Common Origin  ရှိတယ်ပေါ့  အဲဒီ မျိုးနွယ်တူကနေပြီး  လူဟာ ဆင့်ကဲဖြစ်စဉ်
သဘော Evolution အရဖြစ်ပေါ်တာ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ)
                  အမှတ်ရတာတစ်ခုရှိတယ်… လူဟာ ဘယ်ကနေဆင်းသက်လာတယ် မသေချာပေမဲ့  လူက
နေ မျောက်ဖြစ်တာတော့ တွေ့ရတယ်ဆိုတဲ့  ကာတွန်းပညာရှင်ကြီး ဦးဘဂျမ်းရဲ့ စကားကိုပါ။ တစ်ချို့က
တော့ ဒီစကားဟာ ဦးဘဂျမ်း ပြောတာမဟုတ်ဘူး တိုင်းရင်းသားတစ်ချို့ရဲ့ ရိုးရာပုံပြင်ထဲက အဆိုအမိန့်
တစ်ခုဖြစ်တယ်လို့ ပြောကြတယ်။
                  ဒီလိုတဲ့- အစကလူဟာ  သက်တမ်း နှစ်သုံးဆယ်လောက်ရှိတယ်ဆိုပဲ။ ဒီတော့ တန်ခိုးရှင်ဆီ
ကျွန်တော် ပညာသင်ချင်ပါသေးတယ်၊ သက်တမ်းတိုးပေးနိုင်ရင် တိုးပေးပါလို့ တောင်းပန်တယ်  တောင်းခံ
တယ်ပေါ့။ သူဒီလို တောင်းခံချိန်မှာ နွားရယ် ခွေးရယ် မျောက်ရယ်က အနီးနားမှာ ရှိနေတယ်တဲ့။ သူတောင်း
ခံတာကိုကြားတော့ နွားက သူသက်တမ်းကို ခွဲဝေယူပါလို့  ၀မ်းသာစွာနဲ့ပေးတယ်။ နွားက ၀န်တွေကိုရုန်းရ
အလုပ်တွေလုပ်ရတာ ပင်ပန်းလွန်းတဲ့အတွက် အသက်တိုတိုပဲနေချင်လို့ ၀မ်းသာစွာနဲ့ ခွဲဝေပေးလိုက်တာတဲ့။
                   ခွေးကလဲ အိမ်စောင့်ရ ယာစောင့်ရတာပင်ပန်းလို့ အသက်တမ်းကြာကြာ မနေချင်သူဆိုတော့
ကျုပ်သက်တမ်းကိုလဲ ခွဲဝေယူပါ  လို့ပြောပြီးခွဲဝေပေးတယ်။ မျောက်ကလဲ ဟိုအပင်ခုန်ကူး ဟိုအကိုင်းခုန်ကူး
တဲ့ဘ၀မျိုးကို ကြာကြာမနေချင်လို့  ကျုပ်သက်တမ်းကိုလဲ ခွဲဝေယူပါ  လို့ပြောပြီးပေးတယ်။ အဲဒီ အချိန်မှာပဲ
တန်ခိုးရှင်က လူကို ….ကဲ-ပေးလာတဲ့ သက်တမ်းတွေနဲ့ ပြည့်စုံသူဖြစ်စေလို့  ဆုပေးလိုက်တယ်တဲ့။ ဒါနဲ့ပဲ လူ
ဟာ နွား ခွေး မျောက်ဆီက သက်တမ်းတွေနဲ့ ပေါင်းပြီး လူ့သက်တမ်း တစ်ရာဖြစ်သွားရောဆိုပဲ။
                    လူဟာ သူသင်ယူချင်ပါတယ်ဆိုတဲ့ ပညာတွေ အသိတွေကို အနှစ်သုံးဆယ်လောက် သင်
ကြားလိုက်တယ်။ သူရဲ့ မူလ သက်တမ်းကုန်သွားတယ်ပေါ့။ ပညာတွေ အသိတွေ သင်ပြီးတဲ့နောက်တော့
အိမ်ထောင်ကျတာပေါ့လေ။ အိမ်ထောင်ကျပြီးတော့ သားတွေ သမီးတွေရလာတာပေါ့။  အိမ်ထောင်သည်
ဘ၀ရောက်ချိန် နွားပေးထားတဲ့ သက်တမ်းမဟုတ်လား။ ဒီတော့ မယား သားသမီးတွေရဲ့ စားဝတ်နေရေး
အတွက် နွားကြီးလို ရုန်းကန်လုပ်ရတာပေါ့တဲ့ ။
                   အိမ်ထောင့်တာဝန်တွေ ရုန်းကန်ရင်းနဲ့ အသက်ခြောက်ဆယ် ခြောက်ဆယ်ကျော်ရောက်
တဲ့အခါ မြေးထီးမြေးမတွေ ပွားစီးလာတော့ တာပေါ့လေ။ အဲဒီအရွယ်ဟာ ခွေးကခွဲဝေပေးတဲ့ သက်တမ်းကို
ရောက်လာတာပဲလေ။ ဒီအခါ အိမ်ခြံ ပစ္စည်းတွေ လူဝင်လူထွက် သူခိုးသူဝှက် တွေကို ခွေးဟာ စောင့်ရှောက်
ရ ကာကွယ်ရ ခြောက်လှန့်ရ ဟောင်ရသလို ပေါ့။ ခြောက်ဆယ်ကျော်အရွယ် ဘိုးဘွားတွေကလဲ မဖြစ်သင့်
တာမဖြစ်ရအောင် ဆိုပြီး သားသမီးတွေ ချွေးမ သမက်တွေရဲ့ အိမ်ခြံတိုကို စောင့်ရှောက်၊ မြေးထီးမြေးမတွေ
ကို ထိမ်းသိမ်းယုယရ၊ မတော်တာတွေ့မြင်ရင် အော်ဟစ် ဆူပူနဲ့ ခွေးကြီးလိုဖြစ်သွားရောတဲ့လေ။
                  ဒါနဲ့ပဲ အသက်ရှစ်ဆယ်ကိုးဆယ်ဆီရောက်လာတယ် မျောက်ဆီကယူထားတဲ့သက်တမ်းပေါ့
ဒီအရွယ်က သိကြတဲ့အတိုင်း ဦးနှောက်ဆဲလ်တွေက ပျက်စီး မှတ်ဉာဏ်ကမကောင်း သတိတွေလစ် အခု
တစ်မျိုးတော်ကြာတစ်မျိုးနဲ့ စိတ်တွေအမျိုးမျိုး မမှန် မငြိမ်သက်တော့ဘူးလေ။ သူငယ်ပြန်လာတဲ့အခါမှာ
စိတ်ကူးတစ်ဖြစ်လို့မှ မပြီးသေးဘူး နောက်စိတ်တစ်မျိုးက ပေါ်လာတော့  ဟိုခုန်လိုက် သည်ခုန်လိုက်နဲ့
မငြိမ်သက်တဲ့ မျောက်ရဲ့စိတ်မျိုး  ဖြစ်သွားရောတဲ့။ ဒါကိုရည်ရွယ်ပြီး လူကနေ မျောက်ဖြစ်သွား
တယ်လို့   ပြောတာဖြစ်မှာပေါ့ ။ အင်း……ဒီရိုးရာပုံပြင်လေးကို တွေးကြည့်လိုက်တော့ နောက်ဆုံး
မျောက်စိတ်နဲ့ ဘ၀တစ်ခုဆုံးရမယ့် အဖြစ်က တကယ့်ရင်မောစရာကြီးပါပဲ။
                 တကယ်တော့ လူကို မိမိလုပ်တဲ့ ကုလိုလ်ကံ (ကမ္မဘ၀)ကဖြစ်စေတာပါ။ ကာယကံ ၀စီကံ
မနောကံ တွေလုပ်နေသမျှ ကောင်းကံ ဆိုးကံရှိနေမှာပါ။ ကောင်းကံဆိုးကံ ရှိနေရင် စိုးရိမ်ပူဆွေးငိုကြွေး
မှုပူဆွေးမှုလဲ တွေ့ကြုံနေရမှာ ဘ၀သံသရာလည်နေကြမှာပါ။ အကြောင်းကံရှိလို့ အကျိုးကံရှိလာတာလို့
ယုံကြည်ရင်  အကြောင်းကင်းအောင် သတိဉာဏ်ထားပြီး မကောင်းတာရှောင် ကောင်းမှုဆောင်ပြီး ရင်
မောစရာ အဖြစ်တွေ ဘ၀တွေ နည်းနိုင်အောင်လို့   လိုအင်ဆန္ဒတဏှာကို မဂ္ဂင်ရှစ်ပါး ပွားများပြီး ပါးပါး
သွားအောင် ကြိုးစားကြပါလေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့