Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

မကြားဖူးသော စကားဆိုတတ်သူ

ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် တောင်ပြည်သူဌေးနှင့်မြောက်ပြင်သူဌေး ဟူ၍ သူဌေးနှစ်ယောက် အထင်အရှားရှိ၏။ တောင်ပြင်သူဌေးသည် နေ့စဉ်နှင့်အမျှ အတိုင်းအဆမရှိ အလှူဒါနပေးသည်ဖြစ် အချိန်ကြာညောင်းသော်အတွင်း ပစ္စည်းများကုန်ကာ ဆင်းရဲဒုက္ခရောက်ရလေ၏။ ထို့နောက်တောင်ပြင်သူဌေးသည် ဆင်းရဲသောဘ၀ပင် ကွယ်လွန်အနိစ္စရောက်သည်ဖြစ်ကျန်ရစ်သောသားကလေးမှာ ဘုန်းကြီးကျောင်း ပညာသင်ကြားရင်းဘုန်းကြီးကျောင်းသားအဖြစ် နေထိုင်ရလေသည်။ မြောက်ပြင်သူဌေးလည်း သမီးတစ်ယောက်ထွန်းကားရာ အရွယ်ရောက်သည်တွင် သူဌေးသမီးကို လက်ထပ်ထိမ်းမြားရန် လာရောက်စေ့စပ်သူပေါများသည်ဖြစ် မြောက်ပြင်သူဌေးသည် သမီးအား မည်သူနှင့်လက်ဆက်ပေးရမည်ကိုစဉ်းစားမရနိုင် ဖြစ်လေ၏။ ထို့နောက် မြောက်ပြင်သူဌေးသည် အကြံအစည်တစ်ခုရ မိမိ မကြားဖူးသော စကားကို ဆိုတတ်သူအား အယုတ်၊အလတ်၊အမြတ်မရွေး သမီးဖြစ်သူနှင့် လက်ထပ်ပေးစားမည် ဟုကြေညာလေသည်။ မြောက်ပြင်သူဌေး၏ သမီးကို ရယူလိုသည့်လုလင်တို့သည် မြောက်ပြင်သူဌေးထံ လာရောက်ကာ စကားဆိုကြလေ၏။ သို့ရာတွင် မြောက်ပြင်သူဌေးကြားဖူးသော စကားများသာဖြစ် မည်သူမျှ သူဌေးသမီးကိုမရဘဲဖြစ်နေလေ၏။ တောင်ပြင်သူဌေးသား ဘုန်းကြီးကျောင်းသားလည်း မြောက်ပြင်သူဌေးသမီးအား ရယူရန်မည်သို့ ပြောဆိုရမည်ကိုစဉ်းစားတွေးခေါ်ရာ အကြံကောင်းရ မြောက်ပြင်သူဌေးထံသို့ သွားရောက်လေ၏။ ထို့နောက်တောင်ပြင်သူဌေး သားက ကွယ်လွန်သွားသော မိမိဘခင်တောင်ပြင်သူဌေးက မြောက်ပြင်သူဌေးသည် ငါ့ထံမှ ငွေရှစ်ကုဠေနှင့်ရှစ်သန်းကို မြောက်ပြင်သူဌေးထံက ပြန်တောင်းလေ ဟုမှာကြားခဲ့ပါသည်၊ ထိုစကားကိုကြားဖူးပါသလား ဟူပြောဆိုလေ၏။ မြောက်ပြင်သူဌေးလည်း ဘုန်းကြီးကျောင်းသားက နတ်စကားထွက်သည်ဆိုကာ အံ့သြနေမိလေ၏။ တောင်ပြင်သူဌေးသား၏ စကားကိုကြားဖူးပါသည် ဆိုကတည်း မြောက်ပြင်သူဌေးသည် တောင်ပြင်သူဌေးသားကို ရှိပစ္စည်းအကုန်ပေးရမည်၊ မကြားဖူးပါ ဆိုလျှင်လည်း ကတိအတိုင်းသမီးဖြစ်သူနှင့်  လက်ထပ်ထိမ်းမြားပေးရမည်ဖြစ် အကျပ်ရိုက်နေလေ၏။သို့သော မင်းမှာသစ္စာ၊ လူမှားကတိ ဆိုရိုးရှိတယ်၊ ငါ့စကားနဲ့ငါလွန်နေပြီ၊ကတိပျက်လို့မကောင်းဘူး၊ ဒီသူငယ်လဲအခြားသူမှမဟုတ်ဘဲ၊ ငါ့မိတ်တွေတောင်ပြင်သူဌေးရဲ့ သားဘဲ ဟူတွေးတော ဆင်ခြင်ကာa"မာင်ပြောစကား မကြားဖူးပါ" ဟုဝန်ခံကာ တောင်ပြင်သူဌေးသား ဘုန်းကြီးကျောင်းသားကို သမီးဖြစ်သူနဲ့လက်ထပ်ထိမ်းမြား ပေးရလေသတည်း။
ဆောင်ပုဒ်- စကားခြေတင်၊ ပြောကြလျှင် ၊ အထွင်ကောင်းသူနိုင်။
ပုံပြင်လေးကတော့ဒါပါဘဲကွယ် ................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့