Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

♥♥ချစ်သူပေးသောကဗျာတပုဒ်♥♥♥♥ချစ်သူမရှိသောကမ္ဘာ♥

♥♥ချစ်သူပေးသောကဗျာ♥
♥♥ချစ်သူမရှိသောကမ္ဘာ♥
 
ချစ်သူရေ   ကမ်းစပ်ကလှိုင်းပုတ်သံတွေကို  ငါကြားနေရပေမဲ့လည်း
သစ်ရွက်တွေ ကြွေနေတာကိုငါမြင်ရပေမဲ့လည်း
အချစ်ငှက်တွေ တေးသီကြူးတာကိုငါနားထောင်နေရပေမဲ့လည်း
ငါနေ့တိုင်း မင်းကိုပဲတမ်းတသတိရနေမိတယ်
ချိုမြိန်သောချစ်စကားကို  မင်းဆီကပဲငါကြားရတယ်
ဒါကြောင့်မို့ငါရဲ့အချစ်တွေကို  မင်းဆီမှာပဲအကုန်ပေးမိခဲ့ပြီ
ငါ့ရဲ့ နှလုံးသားကိုမင်းဆီမှာပုံအပ်ခဲ့မိပြီး
ငါ့ရဲ့ အချိန်တွေကိုမင်းအတွက်ပေးခဲ့ပြီးပြီ
အကယ်၍ ၀မ်းနဲခြင်းနဲ့ပျော်ရွှင်ခြင်းဟာ ခေါင်းနဲ့ပန်းလို
ကြောခြင်းကပ်နေသလိုမျိုးဖြစ်ခဲ့ရင်  ချစ်သူငါလက်ခံရမှာပေါ့
အကယ်၍….မျက်ရည်တွေဟာ မိုးစက်တွေလို  အကြွေစေ့ ကနေကျလာခဲ့ ရင်
ငါလက်ခံရမှာပေါ့ 
အကယ်၍ မျက်ရည်စက်တွေဟာ မိုးစက်တွေလို မင်းဆီကလာခဲ့မယ်ဆိုရင်လည်း
ငါဘယ်လိုရှောင်ရှားရမလဲချစ်သူရယ်
အကယ်၍…မင်းသာငါနဲ့ အတူတူ  ဒီဘ၀မှာမဆုံဖြစ်ခဲ့ ကြရင်
နေရောင်ထွန်းလင်းတောက်ပနေတဲ့ အစိမ်းရောင်မြက်ခင်းဟာ
ဘယ်လိုမှမလှပနိုင်ဘူး
အကယ်၍ ဒီဘ၀မှာ မင်းသာ  ငါနဲ့အတူမဆုံဖြစ်ခဲ့ ရင်
ငါဟာ ဒီကမ္ဘာမှာ  ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး
ဒါကိုမင်း သိရဲ့ လား
အကယ်၍  လှပပြီးကျက်သရေပြည့်စုံတဲ့ 

မင်္ဂလာရှိသောမနက်ခင်းတွေမှာ
လှပတဲ့  နှင်းဆီပန်းခင်းများ နဲ့  နေရောင်တောက်ပနေသော
လှပတဲ့  အစိမ်းရောင်မြက်ခင်းများရဲ့ အလယ်မှာ
မင်း  တစ်ယောက်သာမရှိခဲ့ ဘူးဆိုရင်
ဘယ်လိုမှ လှပတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာမှမဟုတ်ဘူး
ချစ်သူရယ်♥
916030
.....♥♥ချစ်သူပေးသောကဗျာတပုဒ်♥♥

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့