Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

ဘ၀အတွက် အာဟာရ စကားများ

၁။မျှော်လင့် ချက်သာရှိပါစေ.......ဘ၀ဆိုတာရှင်သန်လို့ ...အကောင်းဆုံး အရာတွေပါပဲ။
၂။သူပြုံးပြမှ ကိုယ်ပြုံးပြမဲ့ အစား..ကိုယ်ကစပြီးပြုံးပြလိုက်ပါနော်။
၃။လွယ်တယ်ဆိုပြီး.........မမေ့ ပါနဲ့      ဘ၀ရဲ့  သီအိုရီမှာ...အသေးအဖွဲမရှိပါ။
၎။ယုံကြည်မှု့ ရှိမှ...အရာရာတိုင်းကို  ရင်ဆိုင်ရဲတဲ့ ..စွမ်းအားနဲ့ သတ္တိရှိမှာပါ။
၅။မစဉ်းစားပဲလုပ်လိုက်တာဟာ မှန်သွားရင်တောင်  အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ။
၆။ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ  လုံးဝမရတာထက်စာရင်...တော်ပါသေးတယ်။
၇။ကံတရားပါ....ကွာလို့ ပြောနေသရွေ့ ..ဥာဏ်သမား..ဖြစ်လာမှာမှာ..မဟုတ်ပါဘူး။
၈။စေတနာသည် ..................ကံတရားဧ။် အရင်းအမြစ်ဖြစ်သည်။
၉။သံသယ...ပျောက်စေဖို့  အကောင်းဆုံးနည်းလမ်းကတော့ လုံးဝယုံကြည်နေလိုက်ဖို့ ပါပဲ။
၁၀။ကိုယ်တိုင် ခံစားဖူးမှ .........ကိုယ်ချင်းစာတတ်မယ်ဆိုရင်တော့  မင်းဟာ..........လူမိုက်ပဲ။
၁၁။ကံကြမ္မာဆိုတာ....လူတစ်ယောက်ရဲ့  စိတ်ဓာတ်ကိုတောင်.....ပြောင်းလဲပစ်နိုင်ပါတယ်။
၁၂။လိုအပ်တဲ့ အခြေအနေတွေ....အားလုံးပြည့် စုံမှ  အလုပ်လုပ်မယ်ဆိုပြီး....ထိုင်စောင့် နေတဲ့ သူဟာ အလကားအချိန်ဖြုန်းနေတာပါပဲ။
၁၃။လူတိုင်းအမှားနဲ့ ..မကင်းပေမဲ့  ခဏခဏတော့ မမှားသင့် ဘူးလေ။
၁၄။ဘ၀ဆိုတာ...ပညာရေးဖြစ်ပြီး လူအဖွဲ့ အစည်းကတော့ ကျောင်းပါပဲ။
၁၅။ဒုက္ခအနီးတွင်...သုခရှိ၏။
၁၆။ဘ၀မြင့် သွားပေမဲ့ ...ဘ၀င်မမြင့် ပါစေနဲ့ ။
၁၇။ရိုးသားမှု့ ကိုထိခိုက်လာရင် .....မာနဆိုတဲ့ လက်နက်ကို ...ထုတ်သုံးရလိမ့် မယ်........သူငယ်ချင်း။
၁၈။ဘ၀သည်အစမ်းသဘောနေထိုင်ခွင့်  မရှိသောအရာ။
၁၉။ပျက်စီးခြင်းတွေထဲမှာ...ဆုံးရှုံးမှု့ အများဆုံးကတော့  စိတ်ဓာတ်ပျက်စီးခြင်းပါပဲ .......သူငယ်ချင်း။
၂၀။အချစ်အတွက်နဲ့  အသက်ပင်သေသေဆိုပြီး ဂုဏ်ယူမနေကြပါနဲ့  ။အဲဒါမိုက်ရူးရဲဆန်တာပါ။
၂၁။နားလည်မှု့ တွေရှိနေသရွေ့ ..မေတ္တာ တရားဆိုတာ မွေးဖွားနေအုံးမှာပါ။
၂၂။ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ..အပြုံးဟာ အခြေခံအကျဆုံး အရာတစ်ခုပါ။
၂၃။ဒေါသရဲ့  နောက်ကွယ်မှာ....အမှားဆိုတာ  အမြဲဒွန်တွဲနေလျက်ပါ။
ညီအစ်ကို မောင်နှမများအားလုံး အထက်ပါ အချက်များကို လေ့ လာဖတ်ရှု့ ရင်း ဗဟုသုတများ ဆထက်တပိုး တိုးပွားနိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းလျက်................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့