Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

မပြောဖြစ်တဲ့စကားတစ်ခွန်း ( ချစ်သူကိုပြောပြခြင်တယ်)

ပြန်တွေးကြည့်တော့ အချိန်တွေကလည်း ကြာခဲ့ပါပြီ။ အကောင်းဆုံးပြုံးလိုက်ပြီး ကိုယ့်ဟာကိုပြန်ပြောမိတယ်  ဒီနှစ်ပိုင်းအတွင်းမှာ ငါမရပ်မနားပြေးခဲ့တာပဲ။ချစ်သူနဲ့လမ်းခွဲတုန်းကတော့ တကယ်ကိုခံစားခဲ့ရပါတယ်။ ရည်းစားဦးလားဆိုတော့ မဟုတ်ဘူး ။ ပထမဆုံး စချစ်ခဲ့တဲ့ ချစ်ရပါသောသူပေါ့။တကယ်ပါ လမ်းခွဲကတကယ်ကို မလှပခဲ့ဘူး အဲ့ဒီထဲမှာမှ ကိုယ်တွေရဲ့လမ်းခွဲကအဆိုးဆုံး ပြန်တွေးရင်တောင်မှ ရင်ဘတ်ထဲကအောင့်နေပြီး အသက်ရှူမဝဘူး။ဘယ်လိုမှလည်း စိတ်ထဲမှာနေလို့မကောင်းဘူးလေ။တကယ်တန်း အချစ်စစ်ရင် ဘယ်လိုမှမချိုမြိန်တတ်တာကလည်း သဘာဝပဲထင်ရဲ့။

     လမ်းခွဲပြီးနောက်တော့ အစပိုင်းမှာတော့ ကျွန်မ စိတ်ဖိစီးမှူ့တွေအရမ်းများခဲ့တယ်။ ပြောရရင်တော့ ဘယ်လိုမှကို မခံစားနှိုင်ဘူးလေ တကယ်ချစ်ခဲ့တာကို။အဲ့ဒီတော့ ဆေးလိပ်သောက် အရက်သောက် အလုပ်ကိုနောက်ကြမှရောက် လွမ်းဖျားလေးတွေမကြာခဏဖျားပေါ့။ ဆံပင်စုတ်ဖွားနဲ့ ဂျင်းဘောင်းဘီအပြဲနဲ့ ပြောရရင်တော့ တကယ်ကိုဂျလေဘီပါပဲ။ မကြာခဏ စိတ်တိုပူလောင်နေတတ်ပြီး ဆူပူပေါက်ကွဲနေတတ်တယ်။ တစ်ယောက်တည်းဆိုရင်တော့ ဝမ်းနည်းနေတတ်တယ်။ပြန်တွေးမိတော့လည်း တကယ်ကို ဖြစ်ခဲ့တာတွေကို စိတ်မချမ်းသာဘူး။ လူဟာ အတွေ့အထိမှာ ထပ်တူညီရင်တောင်မှ သူမဟုတ်ဘူးဆိုတဲ့ အသိကသူ့ကို သတိတွေရနေစေမိတယ်။ တခါတလေ သူ့အကြောင်းတွေတွေးနေရင်းနဲ့မေ့သွားလိုက်တာ ရထားကမှတ်တိုင်တွေ ကျော်လိုကျော်သွား။အလုပ်မှာအားရင် စာရွက်အလွတ်မှာ ရေးဖြစ်ခဲ့တာက သူ့နာမည်လေးတွေ။ ကေတီဗီမှာဆိုဖြစ်တာက အေမီဝိုင်ဟောက်ရဲ့အသဲကွဲသီချင်းတွေ။ သေခြာတာက ချစ်သူက အမြဲပျော်ရွှင်ရယ်မောနေတတ်တဲ့ ကျွန်မကို ငိုတတ်အောင် သင်ပေးခဲ့တဲ့သူ။ဒီကြားထဲမှာလည်း သူ့ထက်အစစအရာရာသာတဲ့သူတွေနဲ့လည်း မကြာခဏ Hangout လုပ်ဖြစ်ပါတယ် နောက်ဆုံး ပြုံးပြုံးလေးပဲ ငြင်းလိုက်တယ်။ ဆိုလိုတာက သူမဟုတ်လို့။ လူသားပီသတဲ့သူတစ်ယောက်မို့ နာကျင်မှူ့ကို လက်ဆင့်မကမ်းရက်တာလည်း ပါတယ်။ ဒီလိုနဲ့တစ်နှစ်လောက်ကိုဒီလိုအလဲအကွဲတွေနဲ့ ဖြတ်ကျော်ခဲ့ပါတယ်။


    အဲ့ဒီလိုနဲ့မကြာခဏ သတိပြူမိလာတဲ့အချက်ကလေးက ကိုယ်နဲ့တွေ့တဲ့လူတစ်ချို့က ကိုယ့်ကိုတော်တော်လေးကြိုက်သွားကြတာ သတိပြူမိလာတယ်။ပြီးတော့ လူတော်တော်များများက အလေးအနက်ရှိတာကိုလည်း တွေ့မိလာတယ်။ တနေ့တော့ ညတုန်းကမူးရူးပြီး အိပ်ယာကနေ ဒီလိုပဲ လူတစ်ယောက်နဲ့နိုးလာတော့ အမှတ်တမဲ့မှန်ကိုကြည့်လိုက်မိတယ်။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး ရယ်တောင်ရယ်ခြင်သွားတယ်။ဆံပင်စုတ်ဖွားနဲ့ ဘော်ဒီကနည်းနည်းတောင် ပြည့်ခြင်နေပြီ ။ ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်တယ် ဪ အဲ့ဒါမင်းလားလို့??? သူများတွေထက်အရာရာမှာ ခေါင်းတစ်လုံးသာခြင်တဲ့မင်းလား??ဒီလိုဘဝကို မင်းတကယ်ရောပျော်ပိုက်နေမိလို့ လား လို့လေ?? ကိုယ့်ကိုကိုယ်သိပါတယ် ဒီလိုဖြစ်နေတာဟာ ငါမဟုတ်ဘူးလို့။ ဪ တကယ်တော့ ငါကလူတစ်ယောက်ဆီမှာ ကိုယ့်ဟာကိုယ် တစ်နှစ်လောက်ပျောက်ဆုံးခဲ့တာပဲ။ အဲ့ဒီမှာ ရုပ်တရက်ပြန်စဉ်းစားမိသွားတော့ဘောင်းဘီကို ကောက်ဝတ် အကျီကို စွတ်ပြီး အိပ်ပျော်နေတဲ့ကိုယ့်ဘေးကသူရဲ့ နှာဖူးလေးကို ဖွဖွလေးနမ်းပြီး"thank you for last night but i have to move on"လို့စာတိုလေးကို ရေးပေးခဲ့ပြီး အမြန်ထွက်ခဲ့တယ်။ စိတ်တွေကပေါ့ပါးနေတယ်။

   ဒီလိုနဲ့အိမ်ရောက်တော့ အိပ်ရေးဝအောင်ထပ်အိပ်လိုက်ပြီး နိုးလာတော့ ရေချိုးလိုက်ပြီး  ရှေ့လုပ်ရမဲ့ future plan တွေကိုစဉ်းစားလိုက်တယ်။ ငါဘာဆက်လုပ်ရမလည်းလို့။ အဲ့ဒီအချိန်ကစပြီး ကိုယ့်ဟာကိုယ် နားချိန်မရှိအောင် စပြီးခိုင်းတယ်။ မနက်ကနေညအထိ အစီအစဉ်တွေကအပြည့်။တနေကုန်အလုပ်ကိုအပီလုပ်ပြီး အားတဲ့အချိန်တွေမှာ gym ပြေးကစားလိုက်။ ရေကူးလိုက် ။ ရုပ်ရှင်ပြေးကြည့်လိုက်ပေါ့။ ပြီးတော့ ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်ပုံသွင်းအရောင်ဆိုးပေါ့ အစကဝတ်ခဲ့တဲ့ ဂျင်းဘောင်းဘီတိုနဲ့တီရှပ်တွေနေရာမှာ စတိုင်ပင်နဲ့ကုပ်တွေက နေရာယူလာတယ်။ မကြိုက်ရင်တောင် လူတွေကိုအလိုက်အထိုက်ကလေးပေါင်းတတ်လာတယ်။ အမြဲတန်း စိတ်ညစ်နေရင် ဒေါသထွက်နေရင်တောင် အပြုံးမပျက်နေတတ်လာတယ်။ သင်တန်းတွေပြေးတက်လိုက် စာတွေကျက်လိုက်ပေါ့။အလုပ်ကလွဲရင်ကျန်တာတွေ ခေါင်းထဲ သိပ်မရှိတော့ဘူး။ အချိန်ရယ် ငွေရယ်နဲ့ပျော်တတ်လာတယ်။ဘဝမှာ ချစ်နေရုံလေးနဲ့မပြီးဘူးမှန်းသိလာတယ်။ ပြီးတော့ အားရင်လည်း ဒိတ်တင်လေးသွားလိုက်။ အင်း ဒီတစ်ခါတော့ ကိုယ်ကဆရာကြလွန်းသွားပြီ။စာတွေသင်ရိုးကုန်လို့ ဘာသာစုံတောင် ALL D ရလောက်တယ်။ ဒရမ်မာဆုအတွက် အော်စကာပေးမယ်ဆိုပဲ ကိုယ်ပဲရလောက်တော့မှာ။ ပြီးတော့ အရင်တုန်းကလိုမဟုတ်တော့ဘူး ကိုယ့်ဟာကိုယ်ပြင်ပြင် ဆင်ဆင်လေးနေတတ်လာပြီ။ ပြီးတော့ ဘာလုပ်လုပ် စနစ်တကျလုပ်တတ်လာပြီး self confident ရှိလာတယ်။အဲ့ဒီအတွက် လုပ်သမျှမှာ စနစ်တကျလေးလုပ်တတ်လာတော့ အရင်ကထက်စာရင် အဆုံးအရှုံးအလေအလွင့်နည်းလာတယ်။ အဲ့ဒီအချိန်တုန်းက လုံးဝအာရုံမစိုက်နှိုင်လို့ national serve မှာ သူတို့က officer course ပေးတာတောင် မသွားနှိုင်ပဲ combat  sergeant  အဖြစ်နဲ့ပဲနေခဲ့ရတယ်။ တကယ်ကိုယ်တာဝန်မယူနှိုင်ရင် မလုပ်တာအကောင်းဆုံးပါ ဘယ်သူ့ကိုမှ အပြစ်လည်းမတင်ဘူး ။ မနှမျောမိပါဘူး။အဲ့ဒီနောက် ကိုယ့်ရဲ့အရည်အချင်းတွေကို improve လုပ်ပြီးတဲ့နောက် အလုပ်ကမန်နေဂျာနဲ့ကို တွေ့ပြီးတဲ့နောက် ပြေပြေလည်လည်လေးစကားပြောပြီး ထွက်စာတင်ပြီး ကျွန်မနဲ့အသင့်တော်ဆုံး အကောင်းဆုံးမြှင့်တင်ပေးနှိုင်မဲ့ အလုပ်ကိုရှာလိုက်တယ်။ အဲ့ဒီအလုပ်မှာလည်း အလုပ်နဲ့personalနဲ့ မရောထွေးပဲ အကောင်းဆုံးလုပ်ခဲ့တယ်။ အခုဆိုရင် ပြန်တွေးကြည့်လိုက်တော့ဗျာ ကျွန်မခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့တာပဲ။

     အရင်တုန်းကတော့ တစ်ခုခုဆို စိတ်ဆိုးလွယ်တယ် ဒေါသဖြစ်လွယ်တယ် ဝမ်းနည်းလွယ်တယ်။အခုတော့ဒီလိုမဟုတ်တော့ဘူး တစ်ခုခုဆိုးဆိုးဝါးဝါးကြီး ဖြစ်လာတိုင်း ကိုယ့်ဟာကိုယ်ပြန်ပြောမိတယ် မင်းအရင်တုန်းကအရမ်းဆိုးဝါးတဲ့အဖြစ်အပျက်တွေကို တွေ့ခဲ့ပြီးပြီပဲ အေးဆေးပါလို့။တကယ်လည်း ဘာမှမခံစားတတ်တော့ဘူး။ အမြဲပြုံးနေတတ်ပေမဲ့ စိတ်ထဲကမပါတော့ဘူး။ ပြောရရင် ခံစားမှူ့တွေ့သိပ်မရှိတော့ဘူး။ အလွမ်းသီချင်းတွေ နားမထောင်တတ်တော့ဘူး။အကောင်းဆုံးဆိုတဲ့အရာတွေကို သိပ်မက်မက်မောမောရှိလာတယ်။ ဘာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်ကျိုးစားတတ်လာတယ်။ဟုတ်တယ်လေ ကိုယ်ကတော်နေတတ်နေ ချောနေသရွေ့ လူတွေရဲ့မျက်လုံးထဲမှာ ကိုယ်ဟာတန်ဖိုးရှိနေအုံးမှာပဲ။တကယ်တော့ တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရ ဆိုတာတွေက အလကားပါ။ တဲဘေးကတိုက်ကို ခုန်ကူးမဲ့လူတွေခြည့်ပဲ။ပေါက်တယ်ဟုတ်?? :) တကယ်တော့ အချစ်မှာချစ်နေရုံနဲ့မပြီးဘူးမှန်း သဘောပေါက်ဖို့လိုမယ်။ Adele ရဲ့ someone like you သီချင်းကိုနားထောင်မိတော့ ပြုံးမိတယ်။ဘာအတွက် သူ့လိုနောက်ထပ်တစ်ယောက်ကိုရှာမလည်း လို့ တကယ်တော့ လူဆိုတာ  ကိုယ့်ကိုနာကျင်စေရင် အဲ့ဒီအရာနဲ့ဝေးဝေးမှာနေသင့်တာမဟုတ်ဘူးလားလို့ အခုထိမှတ်မိသေးတယ် လူတစ်ယောက်ကပြောခဲ့ဘူးတယ် အချိန်တွေကြာလာလို့မေ့သွားရင် အဆင်ပြေသွားမှာပါတဲ့။အချိန်တွေ ကြာသွားတယ်။ မေ့လည်းနေ့မသွားဘူး။ ဒီလိုပဲ အဆင်ပြေပြေနေတတ်သွားတယ်။။ပြန်တွေးမိတိုင်းတော့  ပြုံးနေမိတယ်။မခြိပြုံးတွေလည်း ဖြစ်နေမှာပေါ့နော့။

ဒီလိုနဲ့ကလပ်တက်ရင်းနဲ့လူတစ်ယောက်က ကိုယ့်ရှေ့မှာလာရပ်ပြီး စာရွက်ကလေးတစ်ရွက်လာခြပေးတယ်။အမှတ်တမဲ့ကောက်ဖတ်ကြည့်လိုက်တော့ ပြီးခဲ့တဲ့တစ်နှစ်လောက်ကကိုယ်ရေးခဲ့တဲ့ ကသောကမြောလက်ရေးနဲ့ "thank you for last night but i have to move on" ဆိုတဲ့ စာတိုလေး။
ကျွန်မ .... ရင်ဘတ်ထဲထိလှိုက်လှိုက်ပါအောင် ပြုံးလိုက်မိတယ်။
                                                                                                  ..
Pls.. Don't COPY Anything.. Pic or Words ..  Thx for reading to u ALL !

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့