Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 July 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၁.၇.၁၂) မှ ( ၂၈.၇.၁၂) ထိတပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံရပ်ခြားနှင့်ပတ်သက်သောလု ပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရခြင်း၊
ထီပေါက်တတ်ခြင်း၊ ထီပေါက်သကဲ့သို့ငွေများစွာဝင်ခြင်း၊အလှူလုပ်ရခြင်း၊ ဘုရားဖူးခရီးများသွားရခြင်း၊ ပျော်ရွှင်သော
ခရီးသွားရခြင်း၊ စီးပွားတက်ခြင်း၊ လုပ်ငန်းများတိုးချဲ့ရခြင်းများဖြစ်တတ်သည်။ ကျောက်မျက် ရတနာဝင်ခြင်း၊ လူလိမ်
ခံရတတ်သည်။ လူလုခံရတတ်သည်။ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။ သတိထားပါ။

ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ လက်ထပ်ရန်နေ့ကောင်းရက်သာရွှေးနေရတတ်သည်။ မင်္ဂလာပွဲကျင်းပရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၇ ၀ )


တနင်္လာသားသမီးများ၏ကံကြမ္မာ
ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ အမွေရစရာရှိကအမွေရတတ်ခြင်းများဖြစ်တတ်သည်။ လူမျိုးခြားများ၏ ကူညီမှုရခြင်း၊
နိုင်ငံရပ်ခြားကိစ္စနှင့်ပတ်သက်သောလုပ်ငန်းများလုပ် ရတတ်ခြင်း၊အလုပ်တွင် မိမိထက်ကြီးသူ ငယ်သူနှစ်ဦးစလုံးကြောင့်
စိတ်ညစ်စရာဖြစ်နေလိမ့်မည်။ အလုပ် အကိုင်စိတ်တိုင်းမကျစရာများဖြစ်နေမည်။ ခင်မင်သောမိတ်ဆွေများ နှင့် လမ်းခွဲရ
တတ်သည်။ ကောင်းသောလမ်းခွဲခြင်းဖြစ်တတ်သည်။

ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်တိုင်းမကျဖြစ်နေလိမ့်မည်။ သဘောထားခြင်းအနည်းငယ်ကွဲနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နို့ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၅)


အင်္ဂါသားသမီးများ၏ကံကြမ္မာ
ရွှေဝင်ခြင်း၊ အိမ်ပြင်ရခြင်း၊ အခန်းပြုင်ရခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ကားဝင်ခြင်း၊ ဘာသာရေးနှင့်ပတ် သက်သောလုပ်ငန်း
များလုပ်ရတတ်ခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီး အသစ်များဝင်မည်။ ငွေများစွာဝင်မည်၊ သို့သော်
အကုန်များနေမည်။ ဖုန်းထွက်ခြင်း၊ မြေထွက်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်အတိုက်အခံများ အခက်အခဲများနှင့်
ရင်ဆိုင်ဖြေရှင်းရတတ်သည်။ အစစအရာရာသတိထားဖြေရှင်းပါ။

ကျန်းမာရေး။ အစားမှာပြီးဗိုက်အောင့်ခြင်းဖြစ်တတ်သည်။ အစားအသောက်ဆင်ခြင်ပါ။
အချစ်ရေး။ ချစ်သူ၏အဆက်အသွယ်ဖြတ်တောက်ခြင်းကိုခံစားနေရလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၄ ၃ ၆ )


ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ပြည်တွင်းပြည်ပခရီးသွားရခြင်း၊ မြေ၀င်ခြင်း၊ ကြာသပတေးနံပစ္စည်းများရောက်လာခြင်း၊ စာရွက်စာတမ်းကိစ္စများ
အဆင်ပြေမည်။ လက်အောက်ငယ်သားအကျိုးပေးခြင်း၊ရွှေထွက်ပြီးလျှင်ပြန်ဝင်မည်။ အလုပ်မတိုးချဲ့ပါနှင့်၊ လုပ်သမျှ
ထင်သေလောက်အဆင်မပြေဖြစ်နေလိမ့်မည်။ ငွေရင်းပြီးစီးပွားထပ်မရှာပါနှင့်။ ဆုံးရှုံမှုများမည်။ အချေးအဌား ဘာမှ
မလုပ်ပါနှင့်။  စိတ်ထောင်ကိုယ်ကြေသလိုဖြစ်နေမည်။ ဘာစားစားအရသာမရှိသလိုခံစားနေရတတ်သည်။

ကျန်းမာရေး။ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်းဖြစ်နေလိမ့်မည်။
အချစ်ရေး။ စိတ်ချမ်းသာစရာများနှင့်ပြည့်စုံနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း (  ၀ ၅ ၄ ၀)


ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်လုပ်ငန်းသစ်များပြောင်းရွှေ့ရခြင်း၊ လုပ်ကိုင်ရခြင်းဖြစ်တတ်သည်။ ရွှေလက်ကောက်ဝင်ခြင်း၊
လက်အောက်ငယ်သားရောက်လာခြင်း၊ အိမ်ထောင်ရှင်များကိုယ်ဝန်ရခြင်းဖြစ်တတ်သည်။ ဆွေမျိုးသားချင်းများ
အတွက်ပူပင်သောကရောက်ရတတ်ခြင်း၊ ငွေအတွက်ပူပင်သောကဖြစ်နေရခြင်း မျုားဖြစ်နေတတ်သည်။ နောက်ဆုံးတွင်
အဆင်ပြေသွားပါလိမ့်မည်။ ငွေ ပျောက်ခြင်း၊ သူခိုးခိုးခံရခြင်းဖြစ်တတ်သည်။ သတိထားပါ။

ကျန်းမာရေး။ ဆေးစားမှားခြင်း၊ အစာအဆိပ်ဖြစ်တတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲအိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ထောပတ်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၅ ၁ )


သောကြာသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ စိန်လက်စွပ်ဝင်ခြင်းမျာဖြစ်တတ်သည်။ ဘာဘဲလုပ်လုပ်
အဆင်မပြေဖြစ်နေမည်။ သည်းခံပါ။သိပ်မကြာခင်တွင်အောင်မြင်ကြီးပွားပါလိမ့်မည်။ ယခုရက်ပိုင်းတွင် အပြောအဆို၊
အသွားအလာ၊ အနေအထိုင်အစစအရာရာသတိဝိရိယရှိပါ။ မိန်းကလေး တဦး၏အနှောင့်အယှက်ခံရတတ်သည်။
ငွေရစရာများမရ၍စိတ်ညစ်နေရမည်။

ကျန်းမာရေး။ ကျောအောင့်ခြင်း၊ ခါးနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ တဦးကိုတဦးနားလည်မှုများနှင့်စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၁)


စနေသားသမီးများ၏ကံကြမ္မာ
စန်းပွင့်ခြင်း၊ စုတ်လာဘ်ဝင်ခြင်း၊ စီးပွားတက်ခြင်း၊ ကံကောင်းခြင်းများနှင့်ပြည့်ဝနေချိန်ဖြစ်သည်။ လက်ဆောင်
ပစ္စည်းများတခုပြီးတခုရတတ်သည်။ ကားဝင်ခြင်း၊ ရွှေဝင်ခြင်း၊ စိန်လက်စွပ်ထွက်တတ်သည်။ ဖုန်းအဟောင်းအသစ်
လဲရတတ်သည်။ လက်အောက်ငယ်သားထွက်ပြေးတတ်သည်။ မိတ်ဆွေများကိစ္စကြောင့်အလုပ်များနေရတတ်သည်။
အလုပ်အကိုင်လဲတိုးတက်သလိုလူလဲမနားရအောင်အလုပ်များနေမည်။ အပျော်အပါးသတိထားပါ။

ကျန်းမာရေး။ သွေးထွက်သံယိုဖြစ်ခြင်း၊ သွေးတိုးခြင်း၊ ရာသီထိမ်ခြင်းများဖြစ်နေတတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ ချစ်သူရည်စားရမည်။ မိမိစိတ်ကြိုက်သာရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သီးစုံဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၄ ၁ )



*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့