Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 20 July 2012

♥♥ မမကိုအရမ်းချစ်တယ်...♥♥

ဖြူစင်လွှာပ၀ါရစ်သည်သို့
လူမြင်ရာကဗျာအချစ်တွေနဲ့
အနှစ်ကိုအကာမဖုံးစေဘဲ
နှလုံးသားအလှဆင်ပေးနေတဲ့မမဟန်နီရေ...
ဘာဆိုဘာမှကြိုတင်မပြင်ဆင်ရပါပဲနဲ့
ဇာတ်ဆရာအလိုကျ
မမကိုညီမလေးကောက်ရခဲ့တယ်နော်...
မေတ္တာတရားနဲ့ပတ်သက်လာတိုင်း
အမြဲဖျားနာနေတတ်တဲ့ညီမလေးနှလုံးသားက
မမပေးခဲ့တဲ့ချစ်ခြင်းတွေကြောင့်
နလံထနိုင်ခဲ့ပါတယ်...
မမရေ...
မမအတွက်ဆိုရင်..
နာကျင်ခြင်းဆိုတာနတ္တိ..
ပကတိညီမလေးရင်တွင်း
ရက်စက်ခြင်းတောင်မရှိပါဘူးနော်  ..
ဒီတော့မမရယ်..
ကံကြမ္မာဆိုတာယိုးမယ်ဖွဲ့စရာမဟုတ်သလို
မလွှဲသာလို့ခွဲခွာနေရတာလည်း
တကယ်ဝေးနေရတာမှမဟုတ်တာနော်..
(ဒီ့အတွက်မမ မငိုရဘူးနော်..)
ရေခြားမြေခြားတိုင်းတစ်ပါးမှာ..
ဘ၀တိုက်ပွဲဝင်နေရှာတဲ့
ညီမလေးချစ်တဲ့မမရေ...
တကယ်လို့များ..
မမရဲ့စားကျက်တွေ
ရေတွေနောက်ပြီးမြက်တွေခြောက်ခဲ့ရင်
တွေဝေမနေဘဲ
တုနှိုင်းမမီတဲ့ညီမလေးရင်ခွင်ဆီ
ပြေးလို့လှမ်းလာခဲ့နော်..
မမနဲ့ညီမလေးကြားက
တူညီတဲ့ချစ်ခြင်း
အားမနာတတ်တဲ့စာနာခြင်း
သတ်လို့မသေနိင်တဲ့အလွမ်းတွေကို
သက်သေပြူလို့
မမကိုဝန်ခံစရာရှိတာက..
မမကိုညီမလေးသိပ်ချစ်ပါတယ်..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့