Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 21 July 2012

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ရေသန့်စင် စက်ရုံနှင့် ရေပို့ပိုက်လိုင်း အပြီးဆောက်လုပ် သွားမည်

ရန်ကုန် မြို့တွင်းမှာ ရေပိုမို ရရှိသုံးစွဲစေဖို့ အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ရေသန့်စင် စက်ရုံနဲ့ ရေပို့ ပိုက်လိုင်းများ တည်ဆောက်
လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို တည်ဆောက် ရာမှာ ငမိုးရိပ် ရေလှောင် ကန်မှရေကို ရေခေါ် တူးမြောင်းက တစ်ဆင့် ရယူပေးဝေဖို့ အတွက် ရေသန့်စင် စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိရာ အခုအခါ လုပ်ငန်း တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။

ရေပို့ ပိုက်လိုင်း တည်ဆောက် ရာမှာလည်း ညောင်နှစ်ပင်ရေတွန်း စက်ရုံမှ အမှတ် ၃ လမ်း၊ သုဓမ္မာလမ်းနဲ့ ဝေဇယန္တာ လမ်းမကြီး အတိုင်း သုဝဏ္ဏ အားကစားရုံ အနီး သံသုမာလမ်း အထိ ဆက်သွယ် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ရာ မှာလည်း မှော်ဘီ မြို့နယ် ညောင်နှစ်ပင် ရေတွန်း စက်ရုံမှ သံသုမာလမ်း အထိ HDPE ပိုက်များနဲ့ ဆက်သွယ်မှာဖြစ် ပါတယ်။ အဆိုပါ ရေပို့ ပိုက်လိုင်းဟာ ညောင်နှစ်ပင် ရေတွန်း စက်ရုံမှ သုဝဏ္ဏ အားကစား ရုံအနီး သံသုမာ လမ်းအထိ ၂၂.၉၇ မိုင်ရှိတာဖြစ်ပြီး ရေသန့်စင် စက်ရုံနဲ့ ရေပို့ ပိုက်လိုင်း တည်ဆောက်မှုကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ အပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆောင်ရွက် ပြီးပါက မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံအရှေ့ မြို့နယ်များကို ရေပိုမိုပေးဝေ သွားမှာ ဖြစ်ပြီး ရန်ကုန်မြို့တွင်း ၆ မြို့နယ်နဲ့ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း စတဲ့မြို့နယ် များမှာလည်း ရေပိုမို ရရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့