Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 21 July 2012

ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် Highway Police များဖြင့် ဆောင်ရွက်နေ

ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ သတင်းများ အရ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက်
အမြန်လမ်း စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ Hightway Police များဖြင့် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ အမြန်လမ်း စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ Hightway Police မှ စခန်း ၁၂ ခု ဖွင့်လှစ်ပြီး အင်အား ၄၀၀ ကျော်နဲ့ လုံခြုံရေးနဲ့ စည်းကမ်း ထိမ်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ရ တာကတော့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်မှာ ခရီးသွား ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာ အသုံး ပြုနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့