Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 21 July 2012

ဆိုက်ရောက် ဗီဇာ ထုတ်ပေးသည့် ကောင်တာများ တိုးချဲ့သွားမည်

ဆိုက်ရောက် ဗီဇာများကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ကောင်တာ ၅ ခုနဲ့ ဆောင်ရွက် ပေးလျက်ရှိရာ ကောင်တာများ ထပ်မံ တိုးချဲ့ သွားဖို့
ရှိတယ်လို့ နေပြည်တော်ရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အခု လက်ရှိ ဆိုက်ရောက် ဗီဇာကို တစ်နေ့လျှင် အများဆုံး နိုင်ငံခြားသား ၆၀ မှ အနည်းဆုံး ၄၀ အထိ ထုတ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆိုက်ရောက် ဗီဇာ၊ လုပ်ငန်းဗီဇာ၊ အစည်းအဝေး၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ တွေ့ဆုံမှုများ အတွက် ပြည်ဝင် ဗီဇာနဲ့ ဖြတ်သန်း ဗီဇာများကိုသာ ဆောင်ရွက် ပေးနေတာ ဖြစ်ပြီး နောက်ပိုင်းမှာ Tour Visa များကိုပါ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စည်းမျဉ်း၊ စည်းကမ်း စာရွက် စာတမ်းများ လိုအပ်ချက်ကြောင့် ဆိုက်ရောက် ဗီဇာ မရရှိတဲ့ သူကတော့ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ Tour Visa ပေးဖို့ အတွက် လေ့လာမှုတွေ ပြုလုပ်နေပြီး အွန်လိုင်း ဗီဇာရရှိ မှသာ Tour Visa ကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့