Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

ရုပ်ရှင်ရုံ အတွင်း နိုင်ငံတော် အလံ အလေးပြုမှုကို ပြန်လည် လုပ်ဆောင် သွားမည်

ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာ ပြန်ကြားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရုပ်ရှင်ရုံတွေ အတွင်း
ရုပ်ရှင်မပြမီ အချိန်မှာ နိုင်ငံတော် အလံ အလေးပြုမှုတွေ ရှိအောင် အသိပေး နှိုးဆော်မှုတွေကို ပြန်လည် လုပ်ဆောင် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ရုပ်ရှင် မပြမီ အချိန် ပိတ်ကားပေါ်မှာ ထွက်ပေါ် လာတဲ့ နိုင်ငံတော် အလံကို အားလုံး အလေးပြုကြဖို့ အတွက် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် ကတည်းက အသိပေး နှိုးဆော်မှု တွေကို ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ရာမှာ သတိပေး စာသားတွေ ပြသမှုအဖြစ် မြန်မာဘာသာ စကား သာမက အင်္ဂလိပ် ဘာသာ စကားတို့နဲ့ပါ အလံတော် မပြသမီ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသိပေးထားပြီး အလေးပြုမှုတွေ မပြုလုပ်ရင် ယခင်ခေတ် ကာလ ကတော့ ရုပ်ရှင်ရုံများ အတွင်း စည်းကမ်း ထိန်းသိမ်းရေးတွေ ထားရှိကာ အလေးမပြု သူတွေကို ဒဏ်ရိုက် အရေးယူမှုတွေ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် လိုက်နာသူတွေ ရှိခဲ့ပြီး အခုအခါ နိုင်ငံတော် အလံ အလေးပြုမှုတွေ ပေါ့လျော့လာ တာကြောင့် အဆိုပါ အသိပေး နှိုးဆော်မှု ပုံစံတွေကို ပြန်လည် ပြုလုပ်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။

ဒီလို စီစဉ်ရာမှာ နိုင်ငံတော် အလံပြသစဉ် အလေးမပြု သူတွေကို ရုံပြင်သို့ခေါ်ယူပြီး အသိပညာ ပေးခြင်း၊ သတိပေး ဆိုင်းဘုတ် များကို လူအများ မြင်သာတဲ့ နေရာတွေမှာ ချိတ်ဆွဲ ထားခြင်းနဲ့နိုင်ငံတော် အလံမပြမီ အသံချဲ့စက် တွေနဲ့ နှိုးဆော်ခြင်း စတာတွေကို ထိထိ ရောက်ရောက် ပြန်လည် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပညာပေး ဆောင်ရွက်ချက် တွေကိုတော့ ရုပ်ရှင်ရုံ ပိုင်ရှင်တွေက ကြီးကြပ်ရေး ၀န်ထမ်းတွေ ခန့်ထားကာ နိုင်ငံတော် အလံပြသ နေစဉ် အလေးပြုရေး အတွက် ပရိသတ်တွေ အားလုံးကို လိုက်လံ နှိုးဆော်ဖို့ ကြပ်မတ် လုပ်ဆောင် စေမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့