Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

အလုပ်သမား ဆိုင်ရာ နိုင်ငံတကာ စံနှုန်း ဥပဒေများအား ILO နည်းပညာရှိချုပ်မှ သင်တန်း လာရောက် ပို့ချမည်

အလုပ်သမား ရေးရာ ဆက်ဆံရေး ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ အလုပ်သမားနဲ့ အလုပ်ရှင်များ ပဋိပက္ခ ဖြစ်မှုတွေကို  ဖြေရှင်း ပေးတဲ့
ခုံသမာဓိ အဖွဲ့ကို ILO မှ နည်းပညာ အရာရှိချုပ် တစ်ဦးက နိုင်ငံတကာ စံနှုန်း ဥပဒေ တွေကို လာရောက် သင်ကြား ပေးဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို သင်ကြား ပေးရာမှာ ILO မှ တာဝန်ရှိသူက အလုပ်သမား တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စံနှုန်း ဥပဒေ အကြောင်းနဲ့ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေ ဖြေရှင်းမှု အတွေ့အကြုံ အစရှိတာ တွေကို ပို့ချပေး သွားမှာ ဖြစ်ပါတယ်။

ဒီလို သင်ကြား ပို့ချမှုတွေကို အလုပ်သမား အငြင်းပွားမှု များကို ဖြေရှင်း ပေးတဲ့ ခုံသမာဓိ အဖွဲ့ဝင်တွေ ကိုသာ သင်ကြား ပို့ချပေးမှာ ဖြစ်ပါတယ်။ သင်ကြား ပို့ချပေးမယ့် ခုံသမာဓိ အဖွဲ့မှာ အစိုးရ ဘက်မှ ခန့်ထားသူ ဥပဒေ အကြောင်း နားလည်သူ အရပ်သား ၅ ဦး၊ အလုပ်ရှင် ဘက်မှ ၅ ဦး၊ အလုပ်သမား ဘက်မှ ၅ ဦးဆိုပြီး အဖွဲ့ဝင် ၁၅ ဦး ထားရှိကာ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

ဒီလို သင်ကြား ပို့ချပေးမှုကို ILO နည်းပညာ အရာရှိချုပ် အပြင် ပြည်ပနိုင်ငံ အချို့မှ နိုင်ငံတကာ အလုပ်သမား ဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် တွေကပါ လာရောက် သင်ကြား ပေးမှာ ဖြစ်ပါတယ်။ အခုလို သင်ကြား ပေးဖို့ အစီအစဉ် ရှိတာတွေကို ILO နည်းပညာ အရာရှိချုပ် ရော့စ်ဝီလ်စန် က ယခုလ အတွင်း ရန်ကုန်မြို့ ရန်ကင်း မြို့နယ်ရှိ အလုပ်သမား ကျွမ်းကျင်မှု သင်တန်း ကျောင်းကို ရောက်ရှိ လာစဉ်မှာ ရှေ့ဆက် ဆောင်ရွက် ပေးသွားမယ့် အစီအစဉ် တွေနဲ့ ပတ်သက် ပြီးတော့ ထည့်သွင်း ပြောကြား ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့