Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

အသည်းကွဲခြင်းရဲ့ အခြားတဘက်

အသည်း ကွဲ တာကိုလူတိုင်းခံစားဖူးပေမယ့် …….
တစ်ယောက် နဲ့တစ်ယောက် အသည်းကွဲ တဲ့ ခံစားချက်တွေ ....
အသည်း ကွဲ တာကို ဘယ်လိုရင်ဆိုင် တယ်ဆိုတာတွေကတော့ မတူကြ ဘူးနော် ...
တစ်ချို့ကအသည်းကွဲလို့ စိတ်ညစ်ပြီး
အရာတော်တော်များများကို လက်လျှော့ အရှုံးပေးကြတယ်...

တစ်ချို့ကအချစ်ကြောင့်ပဲ ဘဝပျတ် တော့ မလိုလိုနဲ့
အလွမ်းသမား ဘဝကို ခံယူပြီး ......
စိတ်ဓာတ်တွေကျနေကြ တယ် ....

တချို့က ချစ်သူကိုအပြစ် တွေပုံချပြီး
အမျိုးမျိုး စိတ်နာနေကြ တယ် ....

တချို့က ဘဝ ပျတ်မတတ် ခံစားနေရပါတယ်ဆိုပြီး
အရက်ကိုအဖော်ပြုကြ တယ်....

တချို့က ချစ်သူကိုတမ်းတလို့
မျက် ရည် ကို အဖော်ပြုကြ တယ် ....

တချို့က အလွမ်းစာတွေ အလွမ်းကဗျာတွေ ရေးသီ လို့
ချစ်သူကို တမ်းတကြ တယ် ....
ဘယ်လိုပဲ အသည်း ကွဲ ကွဲ ပါ စေ .....
အသည်း ကွဲ ခြင်း ရဲ့ အခြားတစ်ဖက်မှာ......
ပြန်လည်ကုစားခြင်း ဆိုတာကို လူတော်တော်များများက မေ့နေကြ တယ် ....
     
သတိမထားမိပဲနဲ့လည်းအချိန် ရဲ့ ကုစားချက်နဲ့ကောင်းသွား မှာပါ ....
ဒါပေမဲ့ အချိန် က ကုစားတာကိုစောင့်နေရင်ဘယ်လိုဖြစ်မလဲ ......
တို့တွေ ရဲ့ အဖိုးတန်တဲ့အချိန် တော်တော်များများ ကို
ပြန်မရနိုင်တော့တဲ့ အချစ်အတွက် ဆက်ပြီးအကုန်ခံနေရမယ် …..
တို့တွေ ရဲ့ လူမှုရေး စီးပွားရေး ပညာရေးတွေဟာ
အကျိုး မရှိနိုင်တဲ့ အသည်း ကွဲ ခြင်းကြောင့်
လစ်ဟင်းကုန်မယ် .....
ကိုယ်ရော စိတ်ပါ ချုံးချုံးကျပြီး အချစ်ရဲ့ နှိပ်စက်ချက်ကိုခံနေရမယ် .....
      
ကဲ ဒီ လိုမဖြစ်ရအောင်
အသည်း ကွဲ ခြင်း ကနေပြီး တို့တွေ ကြိုးစားပြီးရုန်းထွက်ကြ ရအောင်နော်...
ပြောရင်သာလွယ် တာနော်
တကယ်တမ်းခံစားနေရရင် ရုန်းထွက်ရတာအရမ်းကိုခက်ခဲ ပါတယ် ....
ဒါပေမဲ့ ကြိုးစားပြီးရုန်းထွက်ကြ မှ
တို့တွေရဲ့ ဘဝလေးတွေ ကိုကောင်းကောင်း တည်ဆောက်နိုင် ကြ မှာနော်....
      
အချစ်ဆိုတာ တကယ်တော့ ဘဝမဟုတ်သလို
ဘဝနဲ့ရင်း ပြီးလည်း မခံစားသင့်ပါဘူး
ပြန်မလာတော့မဲ့ ချစ်သူ ကိုတမ်းတနေမဲ့ အစား......
တို့တတွေရဲ့ ဘဝတွေကို လှပအောင်
အောင်မြင်အောင် မကြိုးစားသင့်ဘူးလား .....
ကဲဒို့ဘဝလေးတွေလှပရအောင်
အသည်းကွဲ ခြင်း ကနေကြိုးစားပြီးရုန်း ထွက်ကြ ပါစို့နော်။ ။



သူငယ်ချင်းတို့ အားလုံးအသည်းကွဲ ခြင်း ဘေးမှကင်းလွတ် ဝေးနိုင်ကြ ပါစေ နော်……
အစဉ်လေးစားလျက်,

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့