Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 22 July 2012

***ချစ်ခြင်းရဲ့နောက်ကွယ်***

ချစ်တယ်လို့

အလွယ်တကူ မပြောလိုက်ပါနဲ့

အဲ့ဒိ ချစ်ခြင်းရဲ့ နောက်ကွယ်မှာ

နှစ်ဦးစလုံး ခံစားရမဲ့

စကားလုံးတွေ ရှိနေခဲ့တာ...

နင်မသိနိုင်ပေမဲ့...

စိတ်ခံစားမှု ပြင်းထန်တတ်တဲံ့

ငါ့ကိုယ်ငါတော့...

ဘယ်သူမှမသိအောင်..

မျိုသိပ်ကြိတ်မှိတ်စွာ...

ခံစားပါရစေ.....

တကယ်တော့ ငါက

ကိုယ့်ကိုကိုယ်

သိပ်အထင်ကြီးခဲ့တဲံ့

မိန်းမတစ်ယောက်ပါ....

ငါ့အတွက် အချစ်ဆိုတာ

ပထမနေရာမှာ မရှိခဲ့ပေမဲ့...

တကယ်ခံစားလိုက်ရတဲ့အခါ

အနာစိမ်း တစ်ခုလို

တစ်ဆစ်ဆစ်နဲ့...

ခံစားနေရတာ....

ကုစားလို့မရတော့တဲ့

အချစ်နာနဲ့ အတူ

ဒဏ်ရာတစ်ခုလို

တစ်နုံ့နုံ့နဲ့

ခံစားရတော့မယ်ဆိုတာ

ငါ့ကိုယ်ငါ အသိဆုံးပါပဲ..ဟာ....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့