Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 22 April 2013

မျှော်လင့်ချက်

အိပ်မက်က ... မျှော်လင့်ချက်
မျှော်လင့်ချက်ကလည်း ... အိပ်မက်
မှုန်ရီဝိုးတ၀ါးနဲ့ပေါ့......

သူထားခဲ့တဲ့ နှလုံးသားက
ရေခမ်းသွားတဲ့ မြစ်တစ်စင်းလို
ကွဲ....အက်....ခြောက်....ကပ်လို့......

သူချန်ထားခဲ့တဲ့ ... ဒဏ်ရာရင်ခွင်က
ကြိုးတွေပျက်တောက်သွားတဲ့
ဂစ်တာတစ်လက်လို
အသက်မဲ့ တိတ်ဆိတ်.......

နောက်ဆုံးတော့....
အလွမ်းတွေနဲ့ စို့စို့ပို့ပို့
မို့မောက်နေတဲ့ တောင်ကုန်းလေးက ..
ငါပေါ့.......... ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့