Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 April 2013

သိင်္ဂါလောဝါဒ သုတ်မှ လင်္ကာများ


 လောကတွင် သားသ္မီး နှင့် မိဘ၊ ဆရာနှင့်တပည့်၊  လင်နှင့် မယား၊ သခင်နှင့် မိတ်ဆွေ၊ ကျွန် နှင့်သခင်၊ ရဟန်း နှင့် ဒါယကာ အများ ကိုယ်စီလိုက်နာကျင့်သုံးရမည့် သိင်္ဂါလောဝါဒ သုတ်မှ လင်္ကာများကို ငယ်ငယ်က မှတ်သားဖူးသည့်အတိုင်း မသိသေးသူများ သိနားလည်ရအောင် သိပြီးသူများလည်း ထပ်ကာ ထပ်ကာ မှတ်စေအောင် ရည်ရွယ်ပြီး ရေးသားတင်ပြပေးလိုက်ရပါသည်။
တလောကလုံး၊ ညွတ်ရုံးဦးချ နှိုင်းမမျှသား ဘုရားရွှေစက် ရောင်ပျိုးပျက်ကို ဦးထက်တင်ထား ရိုညွှတ်တွား၍ သားနှင့်မိဘ တပည့်စသည် ပြုရအံ့ဝတ် ချွတ်မူပါယ်ရွာ လားမည်တာကြောင့် သုပ္ပါထေယျ ကျမ်း၌ပြသည် လောကကျင့်ရာ အကျင့်မှာဘိမ့် နတ်ရွာဘို့လုံးလုံး ကျက်၍သုံး။

သားသ္မီးကျင့်ဝတ်ငါးပါး
ကျွေးမွေးမပျက် ဆောင်ရွက်ဆီမံ မွေခံထိုက်စေ လှုမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဘွယ်သားတို့တာ။
မိဘကျင့်ဝတ်ငါးပါး
မကောင်းမြစ်တား ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဘခင်မယ်တို့တာ။
တပည့်ကျင့်ဝတ်ငါးပါး
ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကျွေး သင်တွေးအံ့ရွတ် တပည့်ဝတ် မချွတ်ငါးခုသာ။
ဆရာကျင့်ဝတ်ငါးပါး
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဘို့ဝတ်ငါးဖြာ။
လင်ကျင့်ဝတ်ငါးပါး
မထေမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား ၀တ်စားဆင်ယဉ် မြတ်နိုးချင် ငါးအင်လင်ကျင့်ရာ။
မယားကျင့်ဝတ်ငါးပါး
အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိတ်စ္ဆာကြဉ်ရှောင် လျှော်အောင်ဖြန့်ချီ ပြင်းရိမမူ ၀တ်ငါဆူ အိမ်သူကျင့်အပ်စွာ။
မိတ်ဆွေကျင့်ဝတ်ငါးပါး
ပေးကမ်းချီးမြင့် ကိုယ်နှင့်ယှဉ်ကာ စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေမိဿဟာ။
သခင်ကျင့်ဝတ်ငါးပါး
ဝစွာကျွေးမွေ၊း ပြုရေးစီရင၊် နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ် မချွတ်ငါးခုသာ။
ကျွန်ကျင့်ဝတ်ငါးပါး
အိပ်သော်နောက်ကြ၊ ထသောကားရှေး၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ကျေးဇူးမြွက်၊ ငါးချက်ကျွန်ကျင့်ရာ။
ဒါယကာကျင့်ဝတ်ငါးပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှုစေ၊ ၀တ်ငါးထွေ ပြုလေဒါယကာ။
ရဟန်းကျင့်ဝတ်
မကောင်မြစ်တား၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဘူးထပ်မံ၊ နတ်ထံတင်ရာ၊  မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ။
ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ သုံးဝမြတ်ဆရာ ကျင့်ဝတ်မပြေ ပါယ်လေးထွေ လားလေရှည်မြင့်ကြာ။ ဤသည့်ဝတ်ကုံ ဆွေမျိုးစုံ ခြောက်ဘုံထက်နတ်ရွာ လှည်းဘီးပြင်ကြ နားစောင့်ချသို့၊ မိဘနှင့်သား။ မယားနှင့်လင၊် သခင်နှင့်ကျွန်၊ ထေရ်မွန်တကာ၊ ဆရာတပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်းမကွေ၊ သေလည်းမကွာ၊ နတ်ရွာလူပြည်၊ လှည့်လည်အတူ၊စံစားမူ၏၊ နိဗ္ဗူရွှေပြည်၊ ၀င်အံ့သည်တည်း၊ မတည်ကျင့်ဝတ်၊ ချွတ်ရွင်းသူမှာ၊ မနေသာသည်၊ လေးရွာဘို့လုံးလုံး လူဖြစ်ရှုံး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့