Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 April 2013

ချစ်စရာအတာသင်္ကြန်။


နှစ်သစ်ကူးတဲ့
အတာသင်္ကြန်
ရိုးရာမပျက်
ဆင်နွှဲချင်ပါတယ်။
ခြောက်သွေ့ရာသီ
တန်ခူးလေဆီ
အာခံ အန်တု
မကြောက်ရွံ့ဟု
ကြိမ်းဝါးကြွေးကြော်
တူယှဉ်မော်၍
ပိတောက်နှင့်ငုပန်း
အတူလန်းကာ
မြိုင်မြိုင်ဆိုင်ဆိုင်
ပွင့်ကြကာဖြစ်
ရာသီအလှ
စာအညီ စီကုံးမဝအောင်
အံ့မခန်း တင့်ဆန်း
လွမ်းမောဖွယ်နှင့်
ချစ်စရာအတာသင်္ကြန်။
ရာသီအိုမှာ
တစ်စက်ရေစင်ဖျန်း
စိတ်နှလုံးတို့
လန်းရပြန်သည်
ပျို၊အို၊လူကြီး
သားသားမီးမီး
လူတိုင်းပျော်သည်
ထိုနှစ်ကူးသည့်
တန်ခူးလရာသီ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့